ေငြအမက္ဆံုး၊ ေငြေနာက္အလိုက္ဆံုး ရာသီဖြား ၄ မ်ဳိး

ေလာကမွာ ေငြ မမက္တဲ့သူရယ္လို႔ မရွိေပမယ့္ ေအာက္ေဖာ္ျပပါ ရာသီခြင္ ၄ မ်ဳိးကေတာ့ သူတကာထက္ကို ပိုၿပီး ပိုက္ဆံ အမက္ဆံုး၊ ေငြေနာက္ အလိုက္ဆံုးလို႔ ေယဘုယ် သတ္မွတ္ထားပါတယ္။ ဥပမာ

တျခားရာသီဖြားေတြက ေငြကို ရွာေဖြသံုးစြဲ စုေဆာင္း၊အသံုးျပဳစရာအျဖစ္ ျမင္ၾကေပမဲ့ သူတို႔ေတြကေတာ့ ေငြကို ဒုတိယဘုရားသခင္လို အေသအလဲ ကိုးကြယ္ၾကသူေတြ ျဖစ္ေနတတ္ပါတယ္။ သူတို႔ေတြကေတာ့…

ၿပိႆရာသီဖြား

ဇိမ္ခံရတာကို သေဘာက်တဲ့၊ အစားေကာင္းအေသာက္ေကာင္းကိုမွ ခံုမင္ၾကတဲ့ရာသီဖြား ျဖစ္လို႔ သူတို႔အေနနဲ႔ ေငြ မက္တာ မထူးဆန္းဘူးလို႔ေတာင္ ဆိုရမွာပါပဲ။ ဘ၀ကို တည္ၿငိမ္စြာ၊ ေအးခ်မ္းဖူလံုစြာနဲ႔ ျဖတ္သန္းခ်င္ၾကလို႔ ေငြကို သည္းသည္းမည္းမည္း ရွာေဖြတတ္ၾကပါတယ္။ ၿပီးေတာ့ ဆင္းရဲဒဏ္ကိုလည္း သိပ္မခံႏိုင္ၾကတဲ့အတြက္ ေငြ ရွိမွ ျဖစ္မယ္လို႔ ခံယူထားတတ္သူေတြပါ။ စည္းစိမ္ကို လိုလားသူေတြ ျဖစ္လို႔ ေငြကိုလည္း ပိုမက္ၾကပါတယ္။(ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

သိဟ္ရာသီဖြား

လက္ဖ်ားေငြသီးေအာင္ နည္းမ်ဳိးစံုနဲ႔ ၾကံဖန္ ရွာတတ္သူေတြ ျဖစ္ၿပီး မူလစိတ္အခံကိုက စြန္႔ဦးတီထြင္သမားေတြ၊ အမ်ားက ေငးယူရေအာင္ ႀကိဳးစားေငြရွာတတ္သူေတြ ျဖစ္ေနပါတယ္။ ကိုယ့္ကိုကိုယ္ သူမ်ားထက္ ႏွာတဖ်ား သာေနသူေတြလို႔ ခံယူတတ္သလို တခမ္းတနားနဲ႔ ေနထိုင္ခ်င္လို႔ ေငြေနာက္ကို ေကာက္ေကာက္ပါေအာင္ကို လိုက္တတ္ၾကပါတယ္။ အဖိုးတန္ Brand ၊ နာမည္ေက်ာ္အသံုးအေဆာင္ေတြကိုလည္း မက္ေမာၾကပါတယ္။

ဓႏုရာသီဖြား

စြန္႔စားမႈေတြ၊ ေဖြရွာဆန္းသစ္မႈေတြကို လိုလားသူေတြ ျဖစ္လို႔ ဓႏုရာသီဖြားေတြ ေငြမက္တယ္ဆိုတာ သူတို႔ရဲ႕ ဝါသနာအရင္းခံအတြက္ ျဖစ္ပါလိမ့္မယ္။ သူမ်ားေတြလို ဇိမ္ခံပစၥည္းေတြ၊ တန္ဖိုးႀကီးအသံုးအေဆာင္ေတြကို မမက္ေမာလွဘဲ ကိုယ္ႀကိဳက္တာ ကိုယ္လုပ္ဖို႔၊ ခရီးေတြ ပတ္ထြက္ဖို႔၊ သူမတူတဲ့ စြန္႔စားခန္းေတြ ဖြင့္ဖို႔ ေငြကို အသည္းအသန္ ရွာတတ္ၾကပါတယ္။ ဒါေၾကာင့္လည္း ရသမွ်ေငြက သူတို႔ဝါသနာနဲ႔တင္ ျပန္ကုန္ၾကပါတယ္။(ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

 

ေမထုန္ရာသီဖြား

လက္ထဲ ေငြမျပတ္ေအာင္ နည္းေပါင္းစံုနဲ႔ အရွာေကာင္းၾကသူေတြ ျဖစ္ေပမယ့္ သူတို႔လက္ထဲမွာ ေငြက သိပ္ ၾကာၾကာ မခံတတ္ပါဘူး။ ရွာလိုက္ျဖဳန္းလိုက္နဲ႔ လံုးလည္ခ်ာလည္ ျဖစ္ေနတတ္ပါတယ္။ လူမႈကြန္ရက္ေတြနဲ႔ အေပါင္းအသင္း၀င္ဆံ့တာေတြေၾကာင့္ ရွာရေဖြရ လြယ္တတ္ၿပီး ဘဝမွာ ဘာကို ေရြးမလဲဆိုရင္ ေငြကိုသာ ပစ္ေရြးတတ္တဲ့ ရာသီဖြား ျဖစ္ပါတယ္။ အိတ္ေပါက္နဲ႔ဖားေကာက္ေနတတ္တာကလည္း သူတို႔ပဲ ျဖစ္ပါတယ္။

လူတိုင္း ေငြမက္ၾကေပမဲ့ ေဖာ္ျပပါ ရာသီဖြား ၄ မ်ဳိးကေတာ့ ေငြအမက္ဆံုးေတြ ျဖစ္ေနတတ္ေၾကာင္းပါဗ်ာ..  ဧက (ေဗဒင္သုတ)

Unicode Font

လောကမှာ ငွေ မမက်တဲ့သူရယ်လို့ မရှိပေမယ့် အောက်ဖော်ပြပါ ရာသီခွင် ၄ မျိုးကတော့ သူတကာထက်ကို ပိုပြီး ပိုက်ဆံ အမက်ဆုံး၊ ငွေနောက် အလိုက်ဆုံးလို့ ယေဘုယျ သတ်မှတ်ထားပါတယ်။ ဥပမာ

တခြားရာသီဖွားတွေက ငွေကို ရှာဖွေသုံးစွဲ စုဆောင်း၊အသုံးပြုစရာအဖြစ် မြင်ကြပေမဲ့ သူတို့တွေကတော့ ငွေကို ဒုတိယဘုရားသခင်လို အသေအလဲ ကိုးကွယ်ကြသူတွေ ဖြစ်နေတတ်ပါတယ်။ သူတို့တွေကတော့…

ပြိဿရာသီဖွား

ဇိမ်ခံရတာကို သဘောကျတဲ့၊ အစားကောင်းအသောက်ကောင်းကိုမှ ခုံမင်ကြတဲ့ရာသီဖွား ဖြစ်လို့ သူတို့အနေနဲ့ ငွေ မက်တာ မထူးဆန်းဘူးလို့တောင် ဆိုရမှာပါပဲ။ ဘဝကို တည်ငြိမ်စွာ၊ အေးချမ်းဖူလုံစွာနဲ့ ဖြတ်သန်းချင်ကြလို့ ငွေကို သည်းသည်းမည်းမည်း ရှာဖွေတတ်ကြပါတယ်။ ပြီးတော့ ဆင်းရဲဒဏ်ကိုလည်း သိပ်မခံနိုင်ကြတဲ့အတွက် ငွေ ရှိမှ ဖြစ်မယ်လို့ ခံယူထားတတ်သူတွေပါ။ စည်းစိမ်ကို လိုလားသူတွေ ဖြစ်လို့ ငွေကိုလည်း ပိုမက်ကြပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

သိဟ်ရာသီဖွား

လက်ဖျားငွေသီးအောင် နည်းမျိုးစုံနဲ့ ကြံဖန် ရှာတတ်သူတွေ ဖြစ်ပြီး မူလစိတ်အခံကိုက စွန့်ဦးတီထွင်သမားတွေ၊ အများက ငေးယူရအောင် ကြိုးစားငွေရှာတတ်သူတွေ ဖြစ်နေပါတယ်။ ကိုယ့်ကိုကိုယ် သူများထက် နှာတဖျား သာနေသူတွေလို့ ခံယူတတ်သလို တခမ်းတနားနဲ့ နေထိုင်ချင်လို့ ငွေနောက်ကို ကောက်ကောက်ပါအောင်ကို လိုက်တတ်ကြပါတယ်။ အဖိုးတန် Brand ၊ နာမည်ကျော်အသုံးအဆောင်တွေကိုလည်း မက်မောကြပါတယ်။

ဓနုရာသီဖွား

စွန့်စားမှုတွေ၊ ဖွေရှာဆန်းသစ်မှုတွေကို လိုလားသူတွေ ဖြစ်လို့ ဓနုရာသီဖွားတွေ ငွေမက်တယ်ဆိုတာ သူတို့ရဲ့ ဝါသနာအရင်းခံအတွက် ဖြစ်ပါလိမ့်မယ်။ သူများတွေလို ဇိမ်ခံပစ္စည်းတွေ၊ တန်ဖိုးကြီးအသုံးအဆောင်တွေကို မမက်မောလှဘဲ ကိုယ်ကြိုက်တာ ကိုယ်လုပ်ဖို့၊ ခရီးတွေ ပတ်ထွက်ဖို့၊ သူမတူတဲ့ စွန့်စားခန်းတွေ ဖွင့်ဖို့ ငွေကို အသည်းအသန် ရှာတတ်ကြပါတယ်။ ဒါကြောင့်လည်း ရသမျှငွေက သူတို့ဝါသနာနဲ့တင် ပြန်ကုန်ကြပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မေထုန်ရာသီဖွား

လက်ထဲ ငွေမပြတ်အောင် နည်းပေါင်းစုံနဲ့ အရှာကောင်းကြသူတွေ ဖြစ်ပေမယ့် သူတို့လက်ထဲမှာ ငွေက သိပ် ကြာကြာ မခံတတ်ပါဘူး။ ရှာလိုက်ဖြုန်းလိုက်နဲ့ လုံးလည်ချာလည် ဖြစ်နေတတ်ပါတယ်။ လူမှုကွန်ရက်တွေနဲ့ အပေါင်းအသင်းဝင်ဆံ့တာတွေကြောင့် ရှာရဖွေရ လွယ်တတ်ပြီး ဘဝမှာ ဘာကို ရွေးမလဲဆိုရင် ငွေကိုသာ ပစ်ရွေးတတ်တဲ့ ရာသီဖွား ဖြစ်ပါတယ်။ အိတ်ပေါက်နဲ့ဖားကောက်နေတတ်တာကလည်း သူတို့ပဲ ဖြစ်ပါတယ်။

လူတိုင်း ငွေမက်ကြပေမဲ့ ဖော်ပြပါ ရာသီဖွား ၄ မျိုးကတော့ ငွေအမက်ဆုံးတွေ ဖြစ်နေတတ်ကြောင်းပါဗျာ..  ဧက (ဗေဒင်သုတ)

(ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ။ ဖတ္ရႈအားေပးမႈအတြက္ ေက်းဇူးတင္ပါသည္)