ငွေအချေးအငှား ပြဿနာများအတွက် အစီအရင်

တချို့က သဘောကောင်းပြီး လက်လွန်မိသည်။ ချေးပြီး ခဏ ပြန်ရမည်ဟု မျှော်လင့်ကာ ပေးချလိုက်သည်။ ရစရာများ ပြန်မရသောအခါ သောက ရတက် ပွေရသည်။ တချို့ကျတော့ ကြားညပ်မိသည်။ သူတပါးကိစ္စကို ကြားဝင် အာမခံ၍ ချေးငှားပေးလိုက်သည်။ ယူသွားသူက ပြန်ပေါ်မလာသောအခါ အချောင် စိုက်လျော်ရမလို ဖြစ်ကုန်သည်။ တချို့ ငွေချေးသူတွေကျတော့ မျက်နှာပြောင်လွန်းလှသည်။ ယူသွားတုန်းက ငိုတော့မယောင် မျက်နှာပေးများနှင့်၊ ပြန်တောင်းတော့ ခပ်မာမာ ဆက်ဆံကာ မသိချင်ယောင် ဆောင်လိုက်ကြတော့သည်။

အထက်ပါ ငွေအချေးအငှား ပြဿနာများတွင် ကံဆိုးသူမောင်ရှင်က မိမိကိုယ်တိုင် ဖြစ်နေပြီဆိုလျင် အောက်ပါ နည်းလမ်းအတိုင်း စနစ်တကျ လုပ်ကြည့်ရန် တိုက်တွန်းလိုက်ရပါသည်။

အဆင့် (၁) ကိုယ့်အသက်ကို တည်၍ (၇) နဲ့ စားပါ။ ရလာသော အကြွင်းပေါ် မူတည်၍ သွားရမည့် ဘုရားနှင့် လှူဒါန်းရမည့် အရာများကို ခွဲခြားသတ်မှတ်ထားပါသည်။ ဥပမာ  – အသက် ၄၀ ရှိ စနေသား ဆိုပါစို့။ အသက် ၄၀ ကို (၇) နှင့် စားသော် (၅) ကြွင်းပါမည်။ (၅) ကြွင်းသူ ဖြစ်၍ ကြာသပတေးနံသင့် ဘုရားစေတီတစ်ဆူဆူတွင် တနင်္လာနံသင့် ပစ္စည်းများကို လှူဒါန်းပေးရပါမည်။

စေတီသို့ သွားရမည့် နေ့မှာ မိမိမွေးနေ့ (သို့မဟုတ်) မိမိ အဆင်ပြေရာနေ့ မနက်စောစောတွင် သွားရပါမည်။ မိမိမွေးနံထောင့်မှာပင် လှူဒါန်းရပါမည်။ လှူဒါန်းပြီးနောက် မိမိကိုယ်စောင့်နတ်မှ အစပြု၍ စေတီစောင့် နတ်များ မကျန်၊ နတ်ကောင်းနတ်မြတ်အားလုံးကို မေတ္တာပို့ အမျှဝေ ဆုတောင်းပါ။ လုပ်ရမည့် အကြိမ်ရေမှာ အနည်းဆုံး (၉) ကြိမ် ဖြစ်ပါသည်။ အကြွင်းအလိုက် သွားရမည့် စေတီနှင့် လှူရမည့် ပစ္စည်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

အဆင့် (၂) အထက်ပါအစီအရင်နှင့်အတူ တွဲဖက် ပြုလုပ်ရမည့် ယတြာမှာ အင်္ဂါ၊ သောကြာ၊ စနေနေ့များ၏ ညနေစောင်း နေဝင်ချိန်များတွင် ခွေး (သို့မဟုတ်) ကျီးများကို မိမိ တတ်နိုင်သရွေ့ အစာရေစာ အာဟာရများ စေတနာသန့်သန့်နှင့် လှူဒါန်းပေးရန် ဖြစ်သည်။ အပတ်စဉ် အချိန်ရလျင် ရသလို ပြုလုပ်ပေးရပါမည်။ အဆင့် (၁) နှင့် (၂) ယတြာများကို ပူးတွဲ လုပ်ပေးရန် လိုအပ်ပြီး ငွေပမာဏ များလျှင်များသလိုလည်း မကြာခဏ ပြုလုပ်ပေးသင့်ပါသည်။

ငွေကြေးပြဿနာများ လွတ်မြောက်ကင်းဝေးကြပါစေ – ဧက (ဗေဒင်သုတ)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)