တော်ကီ၊ လေအိုး ရာသီခွင်မျိုးတွေ…

တစ်ယောက်ယောက်က စကားတွေ အရမ်း များလာပြီဆိုရင် မြန်မာလူမျိုးတွေ ပြောနေကျ စကားတစ်ခွန်း ရှိပါတယ်။ “သောကြာသားလား”တဲ့။ ဟုတ်ပါတယ်။ မြန်မာ့ရိုးရာဗေဒင်မှာ သောကြာဟာ စကားကို စိုးမိုးလို့ စကားတွေ သိပ်များများ ပြောလာရင် သောကြာသားလားလို့ အမေးခံရတတ်ပါတယ်။

အဲဒီလိုပဲ အနောက်တိုင်း နက္ခတ်ရာသီဖွားစနစ်မှာလည်း သာမန်ထက် ထူးပြီး စကားများလွန်းတဲ့၊ တနည်း ပြောရရင် တော်ကီတွေ စွန်းပစ်ပြီး လေတွေ သိပ်တိုက်တတ်တဲ့ ရာသီဖွားတချို့ရှိပါတယ်။ သူတို့ထဲမှာ ခင်ဗျားရော ပါနေသလား၊ ချစ်သူနဲ့ ဘော်ဒါတွေထဲမှာရော ဒီရာသီဖွားတွေ ပါနေသလား တိုက်စစ်ကြည့်ပါဦး

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အထိ) တွေက နက္ခတ်ကြယ်ပုံစံကိုက အမွှာပူးပုံသဏ္ဍာန်ရုပ် ဖြစ်နေပြီး စိုးမိုးဂြိုဟ်ကလည်း စကားနဲ့ ဆက်သွယ်ရေးကို ဖော်ပြတဲ့ မာကျူရီနတ်သား ဖြစ်နေတဲ့အတွက် ရာသီခွင်ဖွား အားလုံးထဲမှာ လေအများဆုံး၊ စကားအကြွယ်ဆုံး၊ ပြောမဆုံးပေါင် အဖြစ်ဆုံး ရာသီဖွား ဖြစ်လာပါတယ်။ ရေပက် မဝင်အောင် စကားပြောနိုင်တယ် ဆိုတာ အဲဒီ ကိုလေအိုး၊ မစကားများတို့ မွေးဖွားရာ မေထုန်ရာသီခွင်ပါပဲဗျာ။(ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အထိ) တွေကတော့ လူမှုဆက်ဆံရေးဆိုင်ရာမှာ သိပ်ကိုကျွမ်းကျင် လိမ်မာတဲ့သူတွေပေါ့။ သူစိမ်းဖြစ်ဖြစ်၊ သူကျက်ဖြစ်ဖြစ် တွေ့တာနဲ့ တန်းပြီး ဘာပြောရမယ်၊ ဘယ်လိုတွေတောင် စိတ်ဝင်စားအောင် ပြောရမယ်ဆိုတာ ကျွမ်းကျင်သူတွေပါ။ စကားအရာ ထူးချွန်သူတွေလည်း ဖြစ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ) တွေက စကားအရာကို စိုးမိုးတဲ့ ကဏ္ဍမှာ မာကျူရီဂြိုဟ်လေး ရပ်တည်နေတဲ့အတွက် စကားတွေ ကြွယ်သလို စကားဝိုင်းထဲမှာလည်း အများက ငေးမောကြည့်ရအောင်ကိုပဲ ဆွဲဆောင်အားတွေ ရှိနေတတ်သူပါ။ ဘေးလူတွေ ကျလောက်အောင် ပြောနိုင်သူလို့ ဆိုရမှာပါပဲ။(ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အထိ) တွေကျတော့ နဂိုကမှ လူမှုရေးသတ္တဝါ ဖြစ်နေလို့ စကားပြောဖော် ရှိမှ နေသာထိုင်သာ ရှိကြသူတွေပါ။ ဟိုဟိုဒီဒီ သွားမလား၊ ဘယ်နေရာ ဘာပွဲတွေ လုပ်နေလဲ စုံစမ်း သွားလာလည်ပတ်ပြီး လူတရုံးရုံးနဲ့ ပြောဆို ဆက်ဆံနေတတ်ကြသူတွေလည်း ဖြစ်ပါတယ်။(ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

နောက်ဆုံးအနေနဲ့ မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အထိ) ၊ ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အထိ) တွေကလည်း သူ့နည်းသူ့ဟန်နဲ့ စကားများ၊ လေများနိုင်ကြသူတွေ ဖြစ်တယ်ဆိုတာ ကျန်တဲ့ ရာသီဖွား အားလုံး သိရအောင် တိုးတိုးတိတ်တိတ်နဲ့ ပေါ်ပေါ်ထင်ထင် ဖွင့်ချလိုက်ရကြောင်းပါဗျာ။

၁၂ ရာသီဖွားအားလုံး ကံကောင်းအဆင်ပြေကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)