နေရာထိုင်ခင်း အပြောင်းအလဲ ကြုံမယ့်သူများ

မြန်မာ့လက်ဆန်းဗေဒင်ပညာမှာ တစ်ယောက်ချင်းစီရဲ့ နေရာထိုင်ခင်းကံ အပြောင်းလဲကို ဇာတာရှင်များ၏ မွေးသက္ကရဇာ် တစ်ခုချင်း နာမည်တည်ဆောက်ပုံ အနေထားများအလိုက် တွက်စစ်ရခြင်းများ ရှိပါတယ်။

လက်ရှိ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်အတွင်း နေရာထိုင်ခင်း အပြောင်းအလဲ များတတ်သော သူများကို ယေဘုယျအနေဖြင့် ဖော်ပြပေးလိုက်ပါတယ်။  (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဗုဒ္ဓဟူးနေ့ဖွားများနဲ့ နာမည်အဖျားစာလုံး (ယ၊လ၊၀) ဖြင့် အဆုံးသတ်သူများ

ပထမဆုံးအနေနဲ့ ဗုဒ္ဓဟူးနေ့ဖွားများ နဲ့ နာမည်အဖျားစာလုံး (ယ၊လ၊၀) နှင့်အဆုံးသတ်သူများ (ဥပမာ – ဇေယျာလင်း၊ ဝေလင်း၊ မြင့်ဝင်း၊ လှလှယဉ်) သည် ယခုနှစ်အတွင်း နေရာထိုင်ခင်း အပြောင်းအလဲ များတတ်သော သူများ ဖြစ်ပါတယ်။ တစ်ဦးချင်းစီရဲ့ ကံအလိုက် မတူကွဲပြားမှုတွေ ရှိနိုင်ပါတယ်။  (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

သောကြာနေ့ဖွားများနှင့် နာမည်အဖျားစာလုံး (သ၊ ဟ) ဖြင့် အဆုံးသတ်သူများ

ဒုတိယအနေနဲ့ ရပ်ဝေး၊ အဝေးဒေသသို့ ပြောင်းရွှေ့ရတတ်သူများသည် သောကြာနေ့ဖွားများနှင့် နာမည်အဖျားလုံး (သ၊ ဟ) ဖြင့်အဆုံးသတ်မှည့်ပေးထားသူများ(ဥပမာ- မြင့်မြင့်သန့်၊ ဇော်သိန်း၊ လင်းသူဟန်၊ ချယ်ရီသင်း) စသူတို့ ဖြစ်ပါတယ်။ တစ်ဦးချင်းရဲ့ ကံပေါ် မူတည်ပြီး ကွဲပြားခြားနားမှုလည်း ရှိနိုင်ပါတယ်။

ဒါဟာ မြန်မာ့ကောဇာမဟာဘုတ်အရ ရိုးရှင်းသော နေရာထိုင်ခင်းကံကို တွက်စစ်နိုင်တဲ့နည်းပါပဲ။ ဖတ်မှတ်သုတရစေဖို့သာ ရည်ရွည်ဖော်ပြပေးလိုက်ပါတယ်။

ဗုဒ္ဓဟူး သောကြာ နေ့ဖွားတိုင်းနှင့် နာမည်အဖျားလုံး ဗုဒ္ဓဟူး သောကြာ နံနဲ့အဆုံးသတ်တိုင်း ပြောင်းရမည်လို့ မဆိုလိုပါ။ တစ်ဦးတစ်ယောက်ချင်းရဲ့ ဇာတာတစ်ခုချင်းစီအလိုက် ကွဲပြားမှု ကွာခြားမှုရှိကောင်းရှိနိုင်ပါလိမ့်မယ်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ

ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းနှင့် ကေပီရှေ့ဆောင်နက္ခတ်ဗေဒင်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)