နေအရစ်ကြတ်ဖြစ်စဉ်နဲ့ ရာသီခွင်အဟော

အကြမ်းဖျဉ်း ပြောရရင် နေနဲ့ ကမ္ဘာကြားမှာ လက ဖြတ်သန်းချိန်မှာ လရဲ့ အရိပ်က နေကို ဖုံးကွယ်သွားတာကို နေကြတ်တယ်လို့ ခေါ်ပါတယ်။ နေကြတ်ရာမှာ လုံးဝ အမှောင်ဖုံးသွားတဲ့ ကြတ်ခြင်း၊ နေကို တစ်စိတ်တစ်ပိုင်း ဖုံးလွှမ်းတဲ့ ကြတ်ခြင်းနဲ့ အရစ်ဝိုင်းပုံစံ ကြတ်ခြင်း ဆိုပြီး (၃) မျိုးရှိရာမှာ ဒီတစ်ခါကတော့ အရစ်ဝိုင်းသဏ္ဍာန် နေကြတ်မှာ ဖြစ်ပါတယ်။ (နေကြတ်လကြတ်ဟာ နှစ်စဉ် ဖြစ်နေကျမို့ သိပ်အထူးဆန်းကြီးတော့ မဟုတ်ပါ။ မြန်မာနိုင်ငံကနေ မြင်ရ၊ မမြင်ရ အချက်သာ အဓိက ကျပါတယ်)

လာမယ့် ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့ မနက် ၉ နာရီဝန်းကျင်ကနေ မွန်းလွဲပိုင်းအထိ ဖြစ်ပွားမယ့် နေအရစ်ကြတ်ဖြစ်စဉ်ကို မြန်မာနိုင်ငံက တစ်စိတ်တစ်ပိုင်းလောက် မြင်တွေ့ရပါလိမ့်မယ်။ တခြားမြင်ရမယ့် နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဆော်ဒီ စတဲ့ နိုင်ငံတွေနဲ့ အာရှဒေသတချို့မှာလည်း မြင်ရပါလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

နက္ခတ်ဗေဒင်ပညာအရ နေကြတ်ဖြစ်စဉ်ကို အထင်အရှား မြင်တွေ့ရတဲ့ နိုင်ငံ၊ ဒေသတွေမှာ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုကို ခံစားရမှာ ဖြစ်ပြီး (၁၂) ရာသီခွင်အလိုက် ရိုက်ခတ်မှုတွေလည်း ရှိလာမှာ ဖြစ်လို့ ဘာတွေ ဖြစ်နိုင်တယ်၊ ဘယ်သူတွေ ခံစားရမယ် ဆိုတာကို လိုတိုရှင်းပဲ ဖော်ပြပေးလိုက်ပါတယ်။(မှတ်ချက် – နေကြတ်ဖြစ်စဉ်တွေရဲ့ သက်ရောက်မှုဟာ အနည်းဆုံး ၁ လကနေ ၆ အတွင်း ရှိတတ်ပါတယ်) (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

အခုတစ်ခေါက် နေအရစ်ကြတ်ဖြစ်စဉ်ဟာ နိယာယနအရှေ့တိုင်းစနစ်အရ ဓနုရာသီခွင်ထဲမှာ ကျရောက်နေလို့ လက်နက်နဲ့ ဆက်စပ်တဲ့ လူတွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရဝန်ကြီးနဲ့ အကြံပေးပညာရှင်တွေ ၊ ကိုယ်ခံပညာနဲ့ အသက်မွေးသူတွေ၊ ကြမ်းတမ်းခက်ထန်သူတွေ အပေါ်မှာ အကျိုးသက်ရောက်မှု ပိုများမယ်လို့ ရှေးဟောင်း နက္ခတ်ဝေဒကျမ်းတွေက ဆိုပါတယ်။ ဒါ့အပြင် နေ့အလိုက် နေကြတ်အဟော အရ ကြာသပတေးနေ့မှာ နေအရစ်ကြတ်တဲ့အတွက် စာပေတတ်ကျွမ်းသူတွေ၊ ပညာရှင်တွေ၊ ကုန်သည်တွေ ထိခိုက်နစ်နာနိုင်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် နေကြတ်ဖြစ်စဉ်ကို သေချာ မြင်ရတဲ့ တိုင်းပြည်တွေမှာ ပိုပြီး သက်ရောက်ပါလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

နေအရစ်ကြတ်ဖြစ်စဉ်အပြီးမှာ ကရကဋ် ၊ ဓနု နဲ့ ကုမ် ရာသီဖွားတွေမှာ အကျိုးစီးပွား ဖြစ်ထွန်းမှုတွေ၊ အောင်မြင် ကံကောင်းခြင်းတွေ ရရှိလာပါမယ်။ ဒါပေမယ့် မိဿ၊ ဗြိစ္ဆာ၊ မေထုန် နဲ့ တူ ရာသီဖွားတွေကတော့ နေကြတ်အပြီးရက်ပိုင်း၊ လပိုင်းအတွင်းမှာ အစစအရာရာ သတိထားရပါလိမ့်မယ်။

နက္ခတ်ဗေဒင် ဗဟုသုတများ တိုးပွား ရရှိကြပါစေ – ဧက (ဗေဒင်သုတ)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)