၂၀၂၁ နောက်ဆုံး နေကြတ်ခြင်းနဲ့ အထိခိုက်နိုင်ဆုံးရာသီခွင်များ

ဒီနှစ် ၂၀၂၁ ခုနှစ်ရဲ့ နောက်ဆုံးနေကြတ်ဖြစ်စဉ်ကို မနက်ဖြန် ဒီဇင်ဘာ ၄ ရက်နေ့မှာ ကမ္ဘာ့နိုင်ငံဒေသတချို့က မြင်တွေ့ရပါလိမ့်မယ်။ (မြန်မာနိုင်ငံကတော့ မမြင်နိုင်ပါဘူး) ၊ မကြာသေးခင် နိုဝင်ဘာ ၁၉ ရက်နေ့က လကြတ်မှု ဖြစ်စဉ်အပြီး နှစ်ပတ်လောက်အကြာမှာ နေကြတ်မှုပါ ဖြစ်လာတဲ့အတွက် နက္ခတ်ဗေဒင်ကျမ်းတွေအရ ဆိုရင် ကမ္ဘာမှာ ပဋိပက္ခတိုက်ပွဲတွေ ပြင်းထန်လာမယ်၊ သွေးထွက်သံယိုမှုတွေ များလာမယ်လို့ အဟော ရှိပါတယ်။

ဒီတခါ နေကြတ်တာကို မြန်မာက မမြင်ရတဲ့အတွက် မြန်မာနိုင်ငံအပေါ် သက်ရောက်မှု ကြီးကြီးမားမား မရှိဘူး လို့ ယူဆရပေမဲ့ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးဇာတာရဲ့ လဂ်တည်နေရာမှာ နေကြတ်လကြတ်တွေ ဖြစ်ပွားခဲ့လို့ မကြာမီလပိုင်းအတွင်းမှာ အနည်းနဲ့အများ ထူးခြားမှုတွေ မြင်တွေ့ရဖွယ်ရှိတယ်လို့ ကောက်ချက်ချမိပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အနောက်တိုင်းသာယန နက္ခတ်ဗေဒင်အရ နေကြတ်ခြင်းဟာ ဓနုရာသီခွင်မှာ ကျရောက်တဲ့အတွက် ရာသီခွင် ဗေဒင်အရ အောက်ဖော်ပြပါ ရာသီဖွား (၄) ခုဟာ တခြားရာသီဖွားတွေထက် ရိုက်ခတ်မှု အများဆုံးခံစားရမယ် လို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် နေကြတ်ပြီး လပိုင်းအတွင်းမှာ သိသာလာနိုင်ပါတယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁ ) တွေဟာ နေကြတ်ခြင်းကြောင့် ကိုယ်ရေးကိုယ်တာ စိတ်ပူပန်စရာ ပေါ်လာတတ်သလို ကျန်းမာရေးလည်း အားနည်းလာတတ်ပါတယ်။ စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ လိုလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀) တွေက လူမှုဆက်ဆံရေးမှာ ဖြစ်စေ၊ အချစ်ရေးအိမ်ထောင်ရေးမှာ ဖြစ်စေ စိတ်ကသိကအောက် ဖြစ်စရာတွေ များလာနိုင်တယ်။ အဆိုးတွေချည်း မဟုတ်ပေမဲ့ စိတ်ညစ်စရာတွေ ဖြစ်မယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂) တွေဟာ မိသားစုရေး၊ အိမ်တွင်းရေးနဲ့ ပတ်သက်လို့ မပြေလည် မကျေလည်တာတွေကို ဖြေရှင်းလာနိုင်လိမ့်မယ်။ အိုးအိမ်၊ ခြံမြေနဲ့ ယာဉ်ကားကိစ္စတွေမှာ သတိထားလုပ်ရမယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀) တွေက အလုပ်အကိုင်၊ စီးပွားရေးရာကိစ္စမှာ မျှော်လင့်တာနဲ့ တခြားစီ ကြုံရတတ်တယ်။ စီစဉ်ထားသမျှ လွဲချော်ပြီး ဗရုတ်သုက္ခတွေ ဖြစ်လာနိုင်တယ်။ သေချာပြင်ဆင်ထားဖို့လိုမယ်။

ဖော်ပြပါ ရာသီဖွား ၄ ခုသာမက တခြားရာသီဖွားအားလုံး ၊ လူသားအားလုံး နေကြတ်ချိန်ခါ ရိုက်ခတ်မှုတွေကို သက်တောင့်သက်သာနဲ့ ဖြတ်ကျော်ဖြေရှင်းနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)