နေ့စဉ် ရှောင်ကြ ရာဟုကာလ

မြန်မာ အပါအဝင် အရှေ့တိုင်းသားတွေရဲ့ လောကီပညာတွေထဲမှာ နေ့အလိုက် မင်္ဂလာကိစ္စတွေ မလုပ်အပ်တဲ့ ရာဟုကာလဆိုတာ ရှိပါတယ်။ ရာဟုကာလမှာ စလုပ်မိရင် မအောင်မြင်ဘဲ အကျိုးနည်းပျက်စီးတတ်ပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ တစ်ရက်ကို မိနစ် ၉၀ ရှိတဲ့ ရာဟုကာလကို မင်္ဂလာ အခမ်းအနားတွေ ၊ လုပ်ငန်းကိစ္စတွေ၊ ခရီးအသွားအလာတွေ မစသင့်တဲ့ အချိန်အပိုင်းအခြားအဖြစ် သတ်မှတ် ရှောင်ကျဉ်ကြပါတယ်။

မြန်မာ့ရိုးရာအင်္ဂဝိဇ္ဇာဗေဒင်ပညာမှာလည်း ရာဟုကာလကို အခါမပေးအပ်ဘူးလို့ အဆို ရှိပါတယ်။ ရာဟုကာလ တစ်နာရီခွဲအတွင်း လုပ်လက်စ အလုပ်တွေ ဆက်လုပ်တာ၊ သွားလက်စ ခရီးတွေ ဆက်သွားနေတာ ပြဿနာ မရှိပေမယ့် ဒီအချိန်အတွင်းမှာ စတင်တာ၊ မင်္ဂလာအခါပေးတာမျိုးကိုတော့ ရှောင်ကျဉ်ရမယ်လို့ ဆိုပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ရာဟုဆိုတာ နက္ခတ်ဗေဒင်ပညာမှာ အမှောင်နဲ့ အဆိပ်ကို ကိုယ်စားပြုတဲ့ အရိပ်ဂြိုဟ်တစ်လုံး ဖြစ်ပြီး ဒဏ္ဍာရီမှာ နေနဲ့လကိုတောင် (နေကြတ်၊လကြတ်) အဖြစ် ဝါးမျိုနိုင်စွမ်း ရှိတဲ့ ပါပဂြိုဟ်တစ်လုံး ဖြစ်တဲ့အတွက် အပတ်စဉ် နေ့ရက်တိုင်းမှာ ဖြတ်သန်းရမယ့် ရာဟုကာလအတွင်း မင်္ဂလာကိစ္စတွေ မစမိဖို့နဲ့ ခရီးစဉ်တွေ အစမပြုကြဖို့ ရှေးဗေဒင်ကျမ်းတွေက သတိပေးခဲ့တာ ဖြစ်ပါတယ်။

နေ့အလိုက် တည်ရှိနေတဲ့ ရာဟုကာလတွေကို အောက်ဖော်ပြဇယားမှာ အလွယ်တကူ ကြည့်ရှုနိုင်ပါတယ်။

တကယ်လို့ ကိုယ်ရွေးချယ်ထားတဲ့ မင်္ဂလာအခါက ရာဟုကာလထဲမှာ ရောက်နေတယ်၊ မသွားမနေ သွားရမယ့် ခရီးစဉ်ကို ရာဟုကာလမှာ အစပြုရမယ်၊ မလုပ်မဖြစ် လုပ်ငန်းတစ်ခုကို ရာဟုကာလမှာ စတင်ရတော့မယ်ဆိုရင် အောက်မှာ ဖော်ပြထားတဲ့ နမောတေဂါထာတော်ကို မိမိတို့ တတ်အားသရွေ့ ရွတ်ဖတ်ပူဇော်ပြီး လိုရာကိစ္စကို ဆောင်ရွက်နိုင်တယ်လို့ ဗေဒင်သုတ လက်ဆောင်မျှလိုက်ရပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(အနက်အဓိပ္ပါယ် – လုံ့လကြီးမားတော်မူသော မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရားသည် အလုံးစုံသော အနှောင်အဖွဲ့တို့မှ ကင်းလွတ်တော်မူပြီး ဖြစ်ပါသည်၊ အရှင်ဘုရားသည်သာ တပည့်တော်၏ မှီခိုအားထားရာ ဖြစ်ပါ၏)

ဗေဒင်ဗဟုသုတ တိုးပွားရရှိကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)