နေ့စဉ် အသုံးဝင် ဗေဒင်မှတ်စု

ဘယ်နေ့သားသမီးမဆို နေ့စဉ်ဘဝမှာ ဥာဏ်ရှိသလို အသုံးပြုနိုင်တဲ့ မြန်မာ့ရိုးရာဗေဒင် နည်းစနစ်လေးတွေကို ဆရာစိုးမိုးထွန်းက အခုလို လမ်းညွှန်ပေးထားပါတယ်။

စွန့်စားရမယ့်ကိစ္စ မှန်သမျှကို သောကြာနေ့မှာ စတင်ပါ။ ဥပမာ ပုံမှန်ထက် ပိုပြီး Risk ယူရတဲ့ လုပ်ငန်းတွေ၊ စိတ်မှန်းတဲ့ အရဲကိုးပြီး စွန့်စားလုပ်ရတဲ့ အလုပ်တွေကို စတင်တော့မယ် ဆိုရင် သောကြာနေ့မှာ စတင်သင့်ပါတယ်။  အောင်မြင်ဖို့ အခွင့်အလမ်း ပိုသာများစေပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကျောင်းတက်၊ သင်တန်းအပ် စတဲ့ ပညာရေးကိစ္စမှန်သမျှအားလုံးကို ကြာသပတေးနေ့မှာ အစပြုပါ။ ကြာသပတေးနေ့မှာ စတင်တဲ့ ပညာရေးကိစ္စတိုင်းဟာ  အောင်မြင်မှုကို ပိုမို  ဆောင်ကျဉ်းပေးနိုင်ပါတယ်။ ပညာရေးမှာ အောင်မြင်ချင်ရင် ကြာသပတေးနေ့ကို အသုံးပြုပါ။

ပြန်ပေါင်းထုပ်ရမယ့်၊ နောက်ကြောင်းပြန်လှည့် လုပ်ရမယ့်၊ ကြွေးမြီ ပြန်တောင်းရမယ့်၊ နေရပ် ပြန်ရမယ့် စတဲ့ တစ်ကျော့ပြန်ကိစ္စအားလုံးကို စနေနေ့မှာ စတင် လုပ်ကိုင်ပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

အသက်ကို တည်၊ (၇) နဲ့စားလို့ (၆) ကြွင်းတဲ့ အသက်ပိုင်းတွေမှာ အလုပ် ပြုတ်လွယ်၊ နုတ်ထွက်စာ တင်ဖို့ လွယ်ကူတတ်ပါတယ်။ အိမ် မကပ်ချင်တာ၊ အိမ်ကနေ ထွက်ပြေးချင်တာတွေလည်း ဖြစ်တတ်ကြောင်းပါ။

အသက်ကို တည်၊ (၇) နဲ့စားလို့ (၄) ကြွင်းတဲ့ အသက်ပိုင်းတွေမှာ သူခိုးသူဝှက်ရန်ကို သတိထားရပါလိမ့်မယ်။ မိမိရဲ့ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးလွယ်တတ်ပါတယ်။ ခိုးဝှက်၊ ပျောက်ရှ၊ မေ့ကျန် ဘယ်နည်းနဲ့မဆို ထိန်းသိမ်းနိုင်မှု လျော့ပါးတတ်တဲ့ အသက်ပိုင်းကာလ ဖြစ်ပါတယ်။

ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)