နေ့နံအလိုက် ရင်းနှီးမြှုပ်နှံမှု မှားယွင်းတတ်သော ကာလများ

ဒီခေတ်ထဲမှာ ရင်းနှီးမြှုပ်နှံမှု ဆိုတဲ့ စကားလုံးက သိပ်ကို ခေတ်စားလာပါတယ်။ ဒါနဲ့ ပတ်သက်လို့ မြန်မာ့ရိုးရာ ဗေဒင်ရှုထောင့်ကနေ (၇) ရက်သားသမီး နေ့နံအလိုက် ရင်းနှီးမြှုပ်နှံမှု မှားယွင်းတတ်သော နှစ်ကာလအပိုင်းအခြားတွေကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။

သေချာ သတိထားလေ့လာ အသုံးပြုတတ်မယ်ဆိုရင် ဒီပို့စ်လေးသည် တန်ဖိုးရှိပါလိမ့်မယ်။

ရင်းနှီးမြုပ်နှံမှု မှားယွင်းတတ်ခြင်း ဟူသည်မှာ ငွေချည်းပဲ မဟုတ်ပါ။ အချိန်၊ ပညာ၊ ကာယစိုက်ထုတ်မှု ၊ စသည်ဖြင့် မိမိတို့ အားစိုက်ထုတ်ပြီး ချခဲ့သည့် မျိုးစေ့များ ရှင်သန်ရန် မလွယ်ကူခြင်း၊ လေလွင့်ဆုံးရှုံးတတ်ခြင်း ကံများကိုလည်း ဆိုနိုင်ပါတယ်။

( ဒီနေရာမှာ အထက်ပါအတိုင်းအပြင် ဆိုင်ရာနေ့နံများ အလိုက် အခြားသော ဒသာကာလများ ၊ အသက်ပိုင်းများ အရလည်း ဆုံးရှုံးတတ်သော အချိန်များ ကျန်ပါသေးတယ်။ အားလုံးဖော်ပြရန် ခက်ခဲခြင်းကြောင့် သေချာပြီး ထင်ရှားသော အထက်ပါ ကာလများကိုသာ ဖော်ပြပေးခဲ့ရပါတယ်)

ကျွန်တော့်ဟောသက်တစ်လျှောက်လုံးမှာ နှစ်ရှည်လများ အတိဒုက္ခရောက်သွားတဲ့ ရင်းနှီးမြှုပ်နှံမှု လွဲမှားမိပြီး အကျပ်အတည်း ရင်ဆိုင်ရသူပေါင်းများစွာသည် ဆိုင်ရာအသက်ပိုင်းကာလများအတွင်း ဖြစ်နေကြတာကိုလည်း တွေ့ခဲ့ရပါတယ်။

နေ့နံများအလိုက် ကြည့်မယ်ဆိုရင်..အင်္ဂါ ၊ သောကြာ နဲ့ စနေ နေ့ဖွားများသည် အရွယ်ကောင်း ကာလတွေမှာ မှားတတ်ကြတာကို တွေ့ရပြီး ကျန်နေ့ဖွားများကတော့ တတိယအရွယ်မှာ ပိုမှားတတ်ကြတာကို တွေ့ရပါမယ်။

မူလမဟာဘုတ်ဖွားဇာတာပေါ် မူတည်ပြီး အကျိုးအပြစ် အတိုင်းအတာ ပမာဏ ကွာဟချက် ရှိနိုင်ပေမယ့်  မလွှဲမသေကိုပဲ သတိပြုဖို့တော့ လိုအပ်မယ့် အချိန်များပဲ ဖြစ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဒီကာလတွေထဲမှာ ဖြတ်သန်းနေရပြီဆိုရင် ဖြစ်နိုင်သမျှ စွန့်စားမှု များပြီး မသေချာသည့် အခြေအနေတွေမှာ ရင်းနှီးမြုပ်နှံမှုတွေကို မလုပ်ကြဖို့ သတိပြုမိနိုင်ကြပါစေခင်ဗျား။ ဖတ်မှတ်သုတရရှိကြပါစေ။ – လေးစားစွာဖြင့် – ဆရာစိုးမိုးထွန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)