နေ့သားအလိုက် ကြုံတတ်သော ရွှေရောင်တစ်ခေတ်ကာလများ

လူတိုင်းမှာ ရွှေရောင်ခေတ်တွေ ကိုယ်စီရှိတတ်ကြပါတယ်။ တစ်ချို့တွေရဲ့ ရွှေရောင်ခေတ်တွေက တိုတောင်းလှပေမယ့် တစ်ချို့တွေရဲ့ ရွှေရောင်ခေတ်တွေကတော့ ရှည်လျားတည်တံ့ကြပါတယ်။

တစ်ချို့က အရောင်မှိန်တဲ့ရွှေရောင်ခေတ်ကို ပိုင်ဆိုင်ကြပြီး တစ်ချို့ကတော့. အရောင်ထွန်းလင်း တောက်ပလွန်းတဲ့ ရွှေရောင်ခေတ် တစ်ခေတ်ကို ပိုင်ဆိုင်တတ်ကြပါတယ်။ ဘာပဲပြောပြောပါ… မွေးကတည်းက တစ်ခါမှ ကံမကောင်းသေးဘူးဆိုတာ အလွန်ရှားပါတယ်။ အားလုံးပဲ ကိုယ်ပိုင် ရွှေရောင်တစ်ခေတ်ကိုတော့ အနည်းနဲ့အများ ကြုံကြသည်ချည်းသာ…။

ခက်တာက..တစ်ချို့ရွှေရောင်ခေတ်တွေက အရွယ်မရောက်လူလားမမြောက်သေးမီ. ကုန်လွန်သွားကြတယ်။ ဘာမှကို မလုပ်လိုက်ရ…၊ ကိုယ့်ကံက အထောက်အပံ့ပေးတော့ မိဘတွေ အဆင်ပြေကြသလိုမျိုးလောက်နဲ့သာ ရွှေရောင်တစ်ခေတ်ဟာ ကုန်ဆုံးသွားခဲ့ကြပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

တစ်ချို့ရွှေရောင်ခေတ်တွေကြတော့လည်း အရွယ်လွန်မှ လာကြုံတတ်ကြပြန်တော့ ဘာမှကို မလုပ်နိုင်တော့သည့် သက်ကြီးရွယ်အိုဘ၀မှာ သားသမီးမြေးမြစ်တွေက ဖြည့်ဆည်းပေးသလောက် နဲ့သာ ရွှေရောင်တစ်ခေတ်ဟာ လက်ကနဲ ဖြစ်သွားရုံမျှ……။

ဆိုတော့….မိမိရဲ့ရွှေရောင်တစ်ခေတ်သည် ဘယ်အချိန်ဖြစ်မလဲဆိုတာသည် အရေးကြီးတာ အမှန်ပါ။ ပထမဆုံးအခြေခံအဆင့်အားဖြင့် ဘယ်နေ့ဖွားဆိုတဲ့အဆင့်ကနေ ရွှေရောင် လွှမ်းမိုးနိုင်သော ခေတ်ကာလအပိုင်းအခြားတွေကို သတ်မှတ်ပါမယ်။

တနင်္ဂနွေနေ့ဖွားများအတွက်

တနင်္လာနေ့ဖွားများအတွက်

အင်္ဂါနေ့ဖွားများအတွက်

ဗုဒ္ဓဟူး/ရာဟုဖွားများအတွက်

ကြာသာပတေးနေ့ဖွားများအတွက်

သောကြာနေ့ဖွားများအတွက် (အများအားဖြင့် ယခုခေတ်လူ့သက်တမ်းအရ …ဖြတ်သန်းနိုင်သူ ရှားပါလိမ့်မည်။)

စနေနေ့ဖွားများအတွက် (အများအားဖြင့် …ကာလနှစ်ခုစလုံးတွင် ရွှေရောင်ခေတ်ကြုံရသူ မှာ အနဲစုအဖြစ်တွေ့ရပါသည်။ ကာလနှစ်ခုအနက်တစ်ခုတွင် မုချကြုံရသူ များလှပါသည်)

ကိုင်း….ဒါကတော့ အခြေခံအဆင့် မွေးနံသိရုံနဲ့ စတင်သတ်မှတ်ထားနိုင်သော ရွှေရောင်ခေတ် ကာလများဖြစ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး ရုပ်ဆင်းသွင်ပြင် ဥပဓိလက္ခဏာ ၊ အမည်မှည့်ခေါ်ပုံ၊ မူလမဟာဘုတ် ဇာတာအနေအထားတွေ မတူညီနိုင်ကြသလို….မျက်မှောက်ကံ..မျက်မှောက် ကြိုးစားအားထုတ်မှုတွေလည်း မတူညီနိုင်ကြတာကြောင့် အနုစိတ်မှာတော့ ရွှေရောင်ခေတ် ကာလတွေ ဘယ်အချိန်မှာ ကြုံမယ်ဆိုတာသည်လည်း မတူညီနိုင်ကြပါ။

မည်သို့ပင်ဆိုစေ….ယခုအဆင့် အခြေခံအဆင့်ကိုလည်း မသိထားလို့မဖြစ်ပါခင်ဗျား။ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း ရှိကြပါစေ။ လေးစားစွာဖြင့် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)