ပျော်ရွှင်ချမ်းမြေ့သော မိသားစုဘဝ ဖြစ်စေဖို့

မိသားစုတချို့မှာ ပြင်ပစီးပွား အရှာကောင်းသလောက် အိမ်ပြန်ရောက်သောအခါ အချင်းချင်းကြားတွင် စိတ်ဝမ်းကွဲပြီး ပြဿနာ ဖြစ်တတ်ကြသည်။ တစ်ယောက်တစ်လှည့် ကျန်းမာရေး ချူချာကြပြန်သည်။ မိသားစုတွင်း ပြဿနာများလာလျှင် အိမ်ပူအိမ်ဆူသည်ဟု ဆိုရမည် ဖြစ်သည်။ ထိုကိစ္စများအတွက် တားရော့ကတ်ကို အဆောင်ပြု၍ ဖြေရှင်းနိုင်သည့် နည်းလမ်းတစ်ခုကို ဖော်ပြပေါးပမည်။

အိမ်ပူအိမ်ဆူနေပြီး မိသားစုဝင်များ တစ်ယောက်တစ်မျိုး စိတ်ဝမ်းမကွဲစေဖို့နှင့် သာယာချမ်းမြေ့ပြီး စည်းလုံးညီညွတ်သော မိသားစုဘဝကို လိုလားသူများအဖို့ အောက်ဖော်ပြပါ တားရော့ကားချပ်ကို အဆောင်ပြုရပါမည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မှတ်ချက် – တားရော့ကားချပ်ကို အင်တာနက်တွင် ရှာဖွေလိုသူများအနေဖြင့် (Rider waite tarot ten of cups) ဟု စာရိုက်ပြီး Google Image တွင် ရှာဖွေ ရယူနိုင်ပါသည်။ ဆိုဒ်အကြီးကို ဒေါင်းယူပါ။

တားရော့ကားချပ် ရရှိပြီဆိုပါက မြန်မာလဆန်းရက်များထဲက တနင်္လာနေ့ နံနက်ပိုင်း ၉း၄၅ မိနစ်တွင် ကာလာပရင့်ထုတ်ပြီး ကျောဘက်တွင် မိသားစုဝင်များကို ကြီးစဉ်ငယ်လိုက်ရေး၍ ကဒ်လောင်းပြီး နေအိမ်တွင် ချိတ်ဆွဲထားလိုက်ပါ။ ထိုတားရော့ကားချပ်ကို ရေမွှေး မကြာခဏ ဖြန်းထားပေးနိုင်လျှင် ပိုကောင်းပါသည်။ မိသားစုအားလုံး အေးချမ်းပျော်ရွှင်ကြပါစေ ….

ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီ ရှေ့ဆောင်နက္ခတ်ပညာရှင်)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)