ဗေဒင်ဆရာဆီက တောင်းရမယ့် အရာ

အိမ်ထောင်ရေး အဆင်မပြေဘူး။ ဗေဒင်ဆရာဆီ ပြေးကြတယ်။ ဗေဒင်ဆရာကိုယ်တိုင်က တစ်ခုလပ် ဖြစ်နေတာ သူတို့ မသိဘူး။ သိန်းရာထောင်ချီ ရဖို့ ဗေဒင်ဆရာကို အားကိုးတယ်။ ဗေဒင်ဆရာမှာ အကြွေးတင်နေတာ သူတို့ မသိဘူး။ ကျန်းမာရေး ကောင်းဖို့အတွက် ဗေဒင်ဆရာဆီ ယတြာသွားတောင်းတယ်။ ဗေဒင်ဆရာ သွေးတိုးနေတာ သူတို့ မသိဘူး။

မှတ်ထားပါဗျာ .. ဗေဒင်ဆရာ ဆိုတာ နတ်ဒေဝါတွေ မဟုတ်ဘူး။ ခင်ဗျားတို့နည်းတူ ..သူလည်း …လူ ..။ ကျွန်တော် အပါအဝင် ဘယ်ဗေဒင်ဆရာမျိုးဆီကမှ ဘယ်လို တန်ခိုးသိဒ္ဓိမျိုးမှ မလိုချင်ပါနဲ့။ မပေးနိုင်ပါ။ ကလေး လိုချင်လို့ သားဆုမပန်ပါနဲ့။ ဗေဒင်ဆရာ ဟူသည် ရုက္ခစိုး မဟုတ်။

အလုပ်အကိုင် ရာထူးတိုးလိုသည်။ အလုပ်ကို အာရုံစိုက်ထုတ်၊ ကြိုးစားလုပ် ၊ အထက်လူကြီး ချစ်ခင်အောင် ကြိုးစား။ ဗေဒင်ဆရာကို သွားပြီး အပူ မကပ်ပါနဲ့။ အလုပ်ပြုတ်ရာကနေ ဗေဒင်ဆရာ ဖြစ်လာသူတွေ အပုံကြီး ရှိနေသည်။

ဗေဒင်ဆရာသည် ရိုးရှင်းစွာ ၀န်ခံရပါမူ …… ဗေဒင်ဆရာသာ ဖြစ်သည်။ တစ်ခြားဘာမှ ..မဟုတ်။ သူတို့ဆီက ရနိုင်သော အရာ ၊…တောင်းခံသင့်သော အရာမှာ .. တစ်ခုတည်းသာ ရှိပါသည်။ အသိပညာနှင့် ယှဉ်သော လမ်းညွန်ချက်တို့သာလျှင် .. ဖြစ်လေသည်။

ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)