ဗေဒင်ဝါသနာရှင် အမေး၊ ဗေဒင်ဆရာ အဖြေ

ဗေဒင် လေ့လာသူ၊ ဗေဒင် ဝါသနာပါသူတွေနဲ့ ဗေဒင်ဆရာကြားမှာ တခါတရံ အမေးအဖြေ သဘောမျိုးလေး ရှိတတ်ပါတယ်။ ဝါသနာ ပါသူ၊ လေ့လာလိုက်စားသူက သူ ကြားဖူးဖတ်ဖူးတာလေးတွေကို ဗေဒင်ဆရာဆီမှာ ဟုတ်၊ မဟုတ်၊ မှန်၊ မမှန် သိချင်တဲ့အခါ တတ်သိ နားလည်သူ ဆရာကလည်း အချိန်ရသလို ပြန်ဖြေပေးပါတယ်။

အဲဒီမှာ စိတ်ဝင်စားစရာလေးတွေ ရှိလာလို့ ဗေဒင် ဝါသနာရှင် အမေး – ဗေဒင်ဆရာ အဖြေဆိုတဲ့ ကဏ္ဍကို ဗေဒင်သုတ ပရိတ်သတ်တွေအတွက် စုစည်း တင်ပြပေးလိုက်ပါတယ်။ ဒီအမေးအဖြေတွေဟာ ကျွန်တော်တို့ ဗေဒင်သုတရဲ့ ပင်တိုင်ဆောင်းပါးရှင် ဆရာဝေသာလီမောင်ဖုန်း (ခေါ်) ဆရာစိုးမိုးထွန်းရဲ့ မောင်ဖုန်းနဲ့ အမေးအဖြေ ဆိုတဲ့ Screen Shot တွေကို ရည်ညွှန်းကိုးကားထားတာ ဖြစ်ပါတယ်။ ကဲ. စရအောင်ဗျား..

ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို တည်လို့ (၃) နဲ့ စားရင် ရလာတဲ့ အကြွင်းအလိုက် လူ၊ နတ်၊ ဘီလူး ဆိုပြီး အုပ်စု သုံးခုခွဲ ဟောတဲ့ စနစ်ကို မြန်မာလူမျိုးတွေက နက္ခတ်တွေအဖြစ် ယူဆကြပါတယ်။ အဲဒီစနစ်မှာဆိုရင် လူနက္ခတ်နဲ့ ဘီလူးနက္ခတ် ယူမိရင် သေတတ်သလား ဆိုတဲ့ ဗေဒင်ဝါသနာရှင်တစ်ဦးရဲ့ မေးခွန်းကို ဆရာဝေသာလီမောင်ဖုန်း (ခေါ်) ဆရာစိုးမိုးထွန်းက ခုလို ပြန်လည် ဖြေကြားထားပါတယ်။

နောက်တစ်ခါ အချစ်ရေးမှာ သံသယ ကြီးစိုးနေတဲ့ ဗေဒင်ဝါသနာရှင် အမျိုးသမီးတစ်ဦးရဲ့ အမေးကိုလည်း ဆရာစိုးမိုးထွန်းက အခုလို အကြံပြုထားပြန်ပါတယ်။

ဗေဒင်ဝါသနာရှင်တစ်ဦးက မေးလာတဲ့ သောကြာနဲ့ စနေက ပေါင်းဖက်လို့ ရ၊ မရ ဆိုတဲ့ အမေးကို ဆရာက ဟောသလို ပြန်ဖြေထားပါတယ်။ တကယ်တော့ နေ့နံအလိုက် ပေါင်းလို့ မရ၊ ဖက်လို့ မရ ဆိုတာမျိုး မရှိပါဘူး။ ဇာတာချင်း တိုက်ဆိုင် စစ်ဆေးခြင်း၊ တစ်ဦးနဲ့တစ်ဦး သစ္စာရှိရှိ ကောင်းတူဆိုးတူ ရင်ဆိုင်နိုင်ခြင်းတွေကသာ အိမ်ထောင်ရေး အချစ်ရေးမှာ တည်မြဲစေသော အကြောင်းတရားများ ဖြစ်ကြောင်းပါဗျား…

အခုလည်း ထပ်မေးပါတယ်။ စနေသားသမီး ရှိတဲ့ အိမ်မှာ တောက်တဲ့ မရှိရဘူးလားလို့ ဝါသနာရှင် သိလိုသူ ပရိတ်သတ်တစ်ဦးက မေးလာပါတယ်။ ဆရာစိုးမိုးထွန်းက အခုလိုပဲ ဟာသနှောလို့ ပြန်ဖြေထားပါတယ်။

အနောက်တိုင်း စကားပုံတစ်ခုကို ပြန်ညွှန်းရရင် “A little Knowledge is Danger” ဆိုတဲ့အတိုင်း ဟိုဟာလေး နည်းနည်းသိ၊ ဒီဟာလေး နည်းနည်းကြားဖူးပြီး ပညာရပ်တစ်ခုကို ရေဆုံးရေဖျားထိ မလိုက်ဖူးရင် ကြားဖူးသိဖူး ဖတ်ဖူးတဲ့ ဗဟုသုတ နည်းနည်းလေးဟာ ဒုက္ခ ကြီးကြီးမားမားအထိ ဖန်တီးသွားတတ်တာမို့ တတ်သိနားလည် ပညာကြွယ်ဝသူတွေကို ချဉ်းကပ် မေးမြန်းစေချင်ကြောင်းနဲ့ ဥပါဒန်အစွဲကြောင့် ဥပါဒ်အထိ မဖြစ်စေလိုကြောင်း ဗေဒင်သုတ ပရိတ်သတ်တွေကို မျှဝေ အသိပေးလိုက်ရပါတယ်..။

ဗေဒင်သုတ Admin Team

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)