အချစ်ရေး ၊ မေတ္တာရေး၊ အိမ်ထောင်ရေး ယတြာ

အချစ်ရေး အဆင်မပြေဘူးဆိုသူများ အားလုံး လုပ်နိုင်ဖို့အတွက် ယတြာပိုင်းတစ်ခု ပြပေးပါ့မယ်။ ယုံလည်း လုပ် ၊ မလုပ်လည်း နေ ပူတော့လည်း လုပ်ကြည့် ရတော့လည်း အမြတ်၊ မရတော့လည်း အရင်း ဘယ်လိုပဲ တွေးတွေးပါ။ ကိုယ်တတ်နိုင်တာကို ပညာဒါနပြုတယ်ပဲ အောက်မေ့ပါ။ မေတ္တာရေး ၊ ချစ်မှုရေးရာ၊ အိမ်ထောင်ရေး ဘာပဲဖြစ်ဖြစ် အဆင်မပြေ ဖြစ်နေကြသူများ အတွက်ပါ။

ဘယ်လို လုပ်ရမလဲ ဆိုတော့ အချစ်ရေး အဆင်မပြေ ဖြစ်နေသူ၊ ကိုယ့်ချစ်သူ (သို့မဟုတ်) ကိုယ့် အိမ်ထောင်ဖက်နဲ့ နားလည်မှု လွဲ၊ ပြဿနာ တက်နေသူဟာ ဥပမာ တနင်္လာသားသမီး ဆိုကြပါစို့။ တနင်္လာနေ့ဖွား ဖြစ်တဲ့အတွက် အောက်ပါဇယားမှာ ဖော်ပြထားသလို အင်္ဂါနေ့ အဆင်ပြေရာ အချိန်မှာ စေတီတစ်ဆူရဲ့ အင်္ဂါထောင့်ကို သွားပါ။ အဲဒီထောင့်မှာ စနေနံနဲ့ စတဲ့ ပန်း (သို့) အညွှန့်ကို သတ်မှတ် အရေအတွက်တိုင်း ဘုရားမှာ ကပ်လှူရင်း ကိုယ့်မေတ္တာရေး အဆင်ပြေဖို့ရာ အလေးအနက်ထား ဆုတောင်းဖို့ပါပဲ။

ဒါလောက်ဆို နားလည်လွယ်ပြီ ထင်ပါတယ်။ ဇယားမှာ ဖော်ပြထားတာက ဥပမာ နံသင့် ပန်း၊ အညွှန့်တွေပါ။ ကိုယ့်အရပ်ဒေသက အဆင်ပြေရာ ပန်း၊ အညွှန့်အခက်ကိုလည်း နံတူရင် သုံးလို့ ရပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

လုပ်သည့်နေ့မှာ ရေချိုးဖြစ်အောင် ချိုးပါ။ ရေကုသိုလ် ၊ သန့်ရှင်းရေးကုသိုလ်တွေလည်း လုပ်ပါ။ကိုယ်လုပ်တဲ့ ရက်ဟာ….လပြည့်နေ့နဲ့ တိုက်ဆိုင်နေရင် အကောင်းဆုံးပါပဲ။ တစ်ကယ်လို့ လပြည့်နေ့နဲ့ မတိုက်ဆိုင်နေတောင်..လပြည့်ခါနီး ငါးရက်ခန့်အလိုနဲ့ လပြည့်ကျော်ပြီး ငါးရက်အတွင်းဆို ပိုကောင်းပါတယ်။

သတိအထူးထားဖို့က အဆင်ပြေနေသူတွေ မလုပ်ပါနဲ့။ ထပ်တိုးလာရင်…ကိုယ့်ကိစ္စ ..ကိုယ်ရှင်းရမှာပါ။ အဆင်မပြေသူတွေ လုပ်ကြည့်ပါ။ ဒါလုပ်ရင် မုချအဆင်ပြေမှာလား မေးရင်…ဟင့်အင်း..NO ပါ။ ကောက်ရိုးတစ်မျှင် ချပေးလိုက်တယ်ပဲ မှတ်ပါ။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကျွန်တော် ခပ်ပြတ်ပြတ်ဘဲ ရေးတတ်ပါတယ်။ နားဝင်တော့ချိုမှာ မဟုတ်ပါ။ ဒါပေသိ…ဒီနည်းစနစ်ကို အရမ်းကာရော ရေးခဲ့တယ် လို့တော့ မထင်ပါနဲ့။ လက်တွေ့မှ အလွန်ဝါသနာထုံသူ ဖြစ်လို့ ကိုယ်ဘာတွေ လုပ်ကြည့် စမ်းကြည့်မိခဲ့တုန်း ဆိုတာလည်း မပြောပြချင်တော့ပါ။ အလွန်စူးစမ်းတဲ့ စိတ်က တစ်ဖက်…မမှားအောင် သတိက တစ်ဖက်..အတော်ကြီး ထိန်းခဲ့ရတာတွေ အများကြီးပါ။ မထိန်းနိုင်ခဲ့တဲ့ အမှားတွေလည်း ရှိပါတယ်။ ထားပါတော့…။ အနှစ်ချုပ်က အဆင်မပြေဘူးဆို လုပ်ကြည့်ပါ။ ရရင် အမြတ်၊ မရရင် အရင်း ဆိုပေမယ့် ကုသိုလ်တော့ ရမှာပါ။

ဘာသာခြားများအဖို့..ဘုရားနဲ့ ဂြိုဟ်တိုင်ထောင့်တွေမှာ လုပ်လို့ အဆင်မပြေနိုင်ရင်…သတ်မှတ်ရက်တွေမှာ သတ်မှတ် အညွန့်အခက်တွေကို မိမိအခန်းအတွင်း (အိပ်ယာအနီးမှာ) ပန်းအိုးနဲ့ ထိုးထားပါ။ ချစ်တဲ့သူများ …ချစ်နိုင်ကြပါစေ။ ညားသူများလည်း ဆက်လက် ပျော်ရွင်စွာ ညားနိုင်ကြပါစေသတည်း။

ခင်မင်ခြင်းဖြင့်… ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)