မွေးထားတဲ့ ရင်သွေး ၊ ပေးထားတဲ့ နာမည် (၁)

ဒီဆောင်းပါးမှာတော့ အားလုံးသော ကလေးသူငယ် ရင်သွေးတို့ရဲ့ နာမည်များနဲ့ ဆိုင်သော ဗေဒင်ပညာ ရှုထောင့်အမြင်တွေကို သုံးသပ်တင်ပြပေးထားပါတယ်။ စာဖတ်သူများ အနေနဲ့ ဗေဒင်တတ်စရာ မလိုဘဲ မိမိတို့ရဲ့ ရင်သွေးငယ်များရဲ့ နာမည်ကို ကြည့်ရုံနဲ့တင် လေ့လာအကဲခတ်ပြီး စောင့်ရှောက်ထိန်းသိမ်းပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

ဒီဆောင်းပါးရဲ့ ကနဦးအစမှာ ဒီအချက်လေးတွေကို အရင်ဖတ်သိထားဖို့ လိုပါတယ်။ နာမည်တစ်ခုမှာ အစ စာလုံးကို အရင်းစာလုံး အဆုံးစာလုံးကို အဖျားစာလုံး လို့ ခေါ်ဝေါ်သတ်မှတ်ထားပါတယ်။  ဥပမာအားဖြင့် ခင်သီတာမြင့်မှာ ခင်ဟာ အစစာလုံး  (အရင်းစာလုံး) ဖြစ်ပြီး မြင့်ဟာ အဆုံးစာလုံး (အဖျားစာလုံး) ဖြစ်ပါတယ်။ အထူးသဖြင့် နာမည်အဖျားစာလုံးကို အဓိကပြုပြီး လေ့လာဖွယ်ရာ အချက်အလက်များကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

အတုခိုး လွယ်သော  ကလေးငယ်များအကြောင်း – အချို့သော ကလေးသူငယ်များဟာ အခြားကလေးငယ်များနှင့် မတူအောင်ကို အတုခိုး မြန်နေတတ်ကြပါတယ်။ တစ်ခါမြင်တာနဲ့ ထပ်ချပ်မကွာ အတုခိုးပြီး လိုက်လုပ်ကြည့်ဖို့ ပြင်နေတတ်ကြတဲ့ ကလေးငယ်တွေပါပဲ။ ရင်သွေးငယ်တွေရဲ့ နာမည်မှာ အဖျားစာလုံး (၀ါ) အဆုံးသတ်စာလုံးဟာ (က၊ခ၊ဂ၊ဃ၊င) ဆိုတဲ့ တနင်္လာနံတွေနဲ့များ မှည့်ခေါ်ထားခဲ့မယ်ဆိုရင် သာမန်ထက် ပိုမိုပြီး အတုခိုး မြန်ဆန်နေမှာ အလွန်သေချာ လှပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဥပမာအားဖြင့် မင်းကိုကို ၊ ပိုင်မင်းခန့် ၊ လင်းသန့်ကျော်၊ မွှေးမွှေးကြူ၊ ယုယခိုင် စသဖြင့် ကဲ့သို့သော နာမည်များ အပြင် တနင်္လာရဲ့ သဘာဝ နာမည်များ ဖြစ်သော ပုလဲ ၊ စန္ဒာ၊ ယမင်းသော်တာ၊ နန္ဒာ ၊ ကြေးမုံ စသဖြင့် မှည့်ခေါ်ထားသော နာမည်ပိုင်ရှင် ကလေးသူငယ်များလည်း ပါဝင်ပါတယ်။ ဒီကလေးသူငယ်တွေဟာ  အတုခိုးမြန်ဆန်တဲ့ နေရာမှာ အခြားကလေးငယ်တွေထက် သိသိသာသာ ပိုမိုကြမှာ ဖြစ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

အတုခိုးမြန်တယ် ဆိုတာ ကောင်းတဲ့အပိုင်း ရှိသလို ဆိုးတဲ့ကဏ္ဍတွေလည်း ရှိစေနိုင်ပါတယ်။ မိမိတို့ရဲ့ ရင်သွေးငယ်များကို အထက်ပါအတိုင်း နာမည်မှည့်ခေါ်ပေးထားမိပြီ ဆိုရင်တော့ ဖြစ်နိုင်သမျှ ကလေးငယ်ကို အတုခိုးမမှားစေဖို့၊ မှားယွင်းသော အလေ့အထများကို အတုမခိုးမိစေဖို့ ထိမ်းသိမ်းစောင့်ရှောက်ပေးနိုင်ဖို့ အထူး လိုအပ်လှပါတယ်။

နီးစပ်ရာမှ ဓလေ့စရိုက် ကူးစက်မှု အလွယ်ကူဆုံး ကလေးသူငယ်များ ဖြစ်တဲ့အတွက် သူတို့ကို မကောင်းတဲ့သူနဲ့ မပေါင်းမိစေဖို့ မိဘဆရာတွေက လိုက်လံကြပ်မတ်ပေးရပါလိမ့်မယ်။ ငယ်ရွယ်စဉ်ကနေ အရွယ်ရောက်သည် အထိ သူတို့ဘဝမှာ အရေးအကြီးဆုံးကလည်း အပေါင်းအသင်းကဏ္ဍပါပဲ။ တစ်ခြားကလေးတွေထက် အပေါင်းအဖော် ခုံမင်တတ်ကြသော နာမည်ပိုင်ရှင်ကလေးငယ်တွေလည်း ဖြစ်ပါတယ်။

အနှစ်ချုပ်သတိပြုဖို့က မိမိတို့ရဲ့ ရင်သွေးငယ်ကို အဆိုပါကဲ့သို့ တနင်္လာနံ နာမည်အဖျားစာလုံး သို့တည်းမဟုတ် တနင်္လာ သဘာဝ ကြီးစိုးသော အမည်မျိုး မှည့်ခေါ်ထားခဲ့ပြီဆိုရင် ကိုယ့်ရင်သွေးဟာ…အတုမြင် အတတ်သင်  သိပ်ကိုလွယ်တယ် ၊ ဆရာကောင်းကောင်းနဲ့ အပ်သင့်တယ် ၊ အကျင့်ကောင်းရှိသူတွေနဲ့ နီးနီးကပ်ကပ် ထားသင့်တယ် သူတို့အတွက် အပေါင်းအဖော် ကောင်းကောင်းကို မိဘဆရာတွေက ရှာပေးသင့်တယ်။ (ဘယ်သူနဲ့ပေါင်းပေါင်း ဆိုပြီး လုံးဝ လွှတ်မထားသင့်သော ကလေးငယ်များပဲ ဖြစ်ပါတယ်။)

သင်လွယ်တတ်လွယ် နာမည်မျိုး ပိုင်ရှင် ကလေးသူငယ်တွေ ဖြစ်တဲ့အတွက်  ကောင်းသော အသက်မွေးမှုပညာ အတန်းပညာ စတာတွေကို ကလေးကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေး ထားသင့်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

သူတို့ရဲ့ အားနည်းချက်ကတော့……ပြတ်သားမှု အားနည်းပါလိမ့်မယ်။ သူတှို့ကို ဖိအား အများကြီး မပေးပါနဲ့။ လက်ခံနိုင်စွမ်း သူတို့မှာ မရှိပါ။ ပြတ်ပြတ်သားသား မရွေးခြယ်ခိုင်းပါနဲ့။ ဒွိဟ ဖြစ်ရတတ်တာကို အင်မတန်အားပေးတဲ့ နာမည်မျိုးတွေပါ ။ ကိုယ့်ကလေးကို ကိုယ်တိုင်က ဒီလိုနာမည်မျိုး ပေးထားပြီးတော့မှ …နင်..ငါ့ကို ပြတ်ပြတ်သားသား ပြောစမ်း ဆိုပြီး အတင်းအကျပ် မလုပ်ပါနဲ့။ လျော်ရာမှာထက် ပျော်ရာမှာ ပိုနေချင်တဲ့ နာမည်ပိုင်ရှင် ကလေးငယ်တွေ ဖြစ်တဲ့အတွက် ပျော်အောင်လည်းထား၊ တော်အောင်လည်းသင် လျော်အောင်လည်း စောင့်ကြပ်၊ အပေါင်းအသင်း မမှားဖို့ အဓိက သတိချပ်ရမယ့် ရင်သွေးငယ်ကလေးများ ဖြစ်ပါကြောင်း……။ အားလုံးပဲ ချမ်းမြေ့ပျော်ရွှင်ကြပါစေ – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)