သောကြာနေ့ဖွားများအတွက် ဒီနှစ် (၁၃၈၁) လုပ်ငန်းစီးပွားဟောကိန်း

သောကြာနေ့ဖွားတို့အတွက် ဒီတစ်နှစ်ကတော့ ….. အရည်အသွေးတွေ …အတောက်ပဆုံးသော ကာလ ဖြစ်ပါလိမ့်မယ်။

တော်တော် အပျင်းထူပြီး ဘာမှ မလုပ်ချင်တဲ့သူတောင်….ငါ့ကိုတော့ဖြင့် ဒါလေး မင်းလုပ်ပေးပါလား မင်းကဖြင့်လုပ်နိုင်စွမ်းရှိပါတယ် စသည်ဖြင့် ….အားကိုးလာတဲ့သူတွေ ပေါများလာမယ့် နှစ်မျိုးပဲဖြစ်ပါတယ်။

သောကြာနေ့ဖွားတွေအဖို့ ဒီတစ်နှစ်ဟာ တစ်ကယ်ကို အကျိုးစီးပွားတိုးတက်နိုင်တဲ့နှစ်ပါပဲ။ အရေးအပါဆုံး အရေးအကြီးဆုံးဆိုသည့် အကျိုးစီးပွားတွေကို ကြိုးစားအားထုတ်ကြည့်ဖို့ အချိန်ကျရောက်လာပြီဖြစ်ပါတယ်။

ဒီနေရာကတော့ သိပ်မြင့်လွန်းတယ်။ ဒီအကျိုးစီးပွားကတော့ ….ဖြစ်ပါ့မလား ငါနဲ့ကွာဟနေသလား ဆိုပြီး တွေးမပူလိုက်ပါနဲ့။ ရဲရဲ လျှောက်လှမ်းပါ။ ရဲရဲ လုပ်ကိုင်ပါ။ အခွင့်အလမ်းတွေသည် ….မိမိတို့အတွက်လို့ ဆိုရလောက်အောင်ပါပဲ။ အများစုသော သောကြာနေ့ဖွားတွေအတွက် အကျိုးစီးပွား ရရှိနိုင်နေသော အဖိုးတန်ကာလတစ်ခုလို့ ဆိုပါရစေ။

သောကြာနေ့ဖွားတွေ သည်နှစ်ထဲမှာ အကျိုးစီးပွား ဖြစ်လိုတယ်ဆိုရင် အစိမ်းရောင်ကို လုံးဝ ရှောင်ပါ။ အနက်၊ ခရမ်းပြာ၊ ဒီနှစ်ရောင်ကို စွဲမြဲစွာ သုံးစွဲသင့်ပါတယ်။ လိမ္မော်ရောင်ကိုလည်း ဒုတိယအဆင့် …အကျိုးပေး ..အရောင်အဖြစ် …သုံးစွဲသင့်လှသည်ဖြစ်ပါကြောင်း…။ ဒုတိယအအဆင့်အားဖြင့် လုံးဝရှောင်သင့်သော အရောင်ကတော့ နံ့သာရောင် ၊ ၀ါညိုရောင်များ ဖြစ်ပါတယ်။

အကယ်၍ ထီများကံစမ်းလိုတယ်ဆိုရင်တော့ ဘယ်လိုထိုးထိုး…ဘယ်နေ့ထိုးထိုး 0 7 ဂဏန်းများ ပါအောင်သာ ထိုးပါတော့ခင်ဗျား။

အားလုံးသော သောကြာနေ့ဖွားအပေါင်း သူတော်ကောင်းတို့သည်…..ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ အောင်မြင်မှုများ လန်းဖြာနိုင်သည် ဖြစ်ကြပါစေသတည်း။

ခင်မင်ခြင်းဖြင့်

ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)