အောက်တိုဘာမှာ ကံကောင်းမယ့် ရာသီဖွားတွေ

အနောက်တိုင်းရာသီခွင်စနစ်ရဲ့ ကောဇာဂြိုဟ်တွေ တည်နေပုံအရ ဒီလ (အောက်တိုဘာ၊ ၂၀၁၉) အတွင်းမှာ ကံကောင်းနိုင်တဲ့ ရာသီဖွားတွေ ရှိနေပါတယ်။ သူတို့တွေကတော့…

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အထိ)

အများရဲ့ မျက်နှာသာပေး နေရာပေးခြင်းကို ရရှိလာမယ်။ လူအများကြားမှာ ပေါ်ပြူလာ ဖြစ်လာပြီး လုပ်သမျှ အားလုံးက စောင့်ကြည့်ရလောက်အောင် ကံပွင့်လာပါမယ်။ လုပ်စရာကိုင်စရာတွေ ပိုများလာလို့ အချိန်တွေ ရှားပါးလာပြီး အလုပ်ကိစ္စရော၊ သွားသွားလာလာ လူမှုကိစ္စတွေရော ပတ်ချာလည် ဝိုင်းရံလာတတ်ပါတယ်။ နေ့စဉ် လုပ်ကိုင်နေကျ အလုပ်တွေမှာ အောင်မြင် အဆင်ပြေနေမှာ ဖြစ်သလို ကြိုးစားရင် ကြိုးစားသလိုလည်း နေရာရ၊ ခရီးပေါက်လာမှာမို့ အကောင်းဆုံး လုပ်ပြနိုင်ဖို့ ပြင်ဆင်ထားသင့်ပါတယ်။(ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

 

 

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အထိ)

လဆန်းပိုင်းတစ်လျှောက်မှာ ကြံစည်လုပ်ကိုင်သမျှ အရာထင် အောင်မြင်လွယ်နေပါလိမ့်မယ်။ ကိုယ်စွမ်းကိုယ်စ ပြသနိုင်ပြီး ကိုယ် စဉ်းစားတွေးတောသမျှကိုလည်း လက်တွေ့ အကောင်အထည် ဖော်ပြနိုင်ရင် နေရာကောင်းနဲ့ အခွင့်အလမ်းတွေကို ဖမ်းဆုပ် ရယူနိုင်ပါလိမ့်မယ်။ ချစ်သူ မရှိသေးသူတွေ စန်းပွင့်မယ်။ ရှိထားသူတွေကလည်း ပျော်ရွှင်ကြည်နူးစရာတွေ ရှိလာမယ်။ အိမ်ထောင်သည်တွေလည်း သာယာချမ်းမြေ့တဲ့ ကာလတစ်ခု ဖြစ်လာပြီး လူမှုရေးအိမ်ထောင်ရေးတင်မက အလုပ်အကိုင်စီးပွားမှာပါ ထူးခြားဖို့ ရှိပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

 

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အထိ)

ငွေရေးကြေးရေးနဲ့ အချစ်ရေး အိမ်ထောင်ရေးတွေမှာ ထူးထူးခြားခြားတွေ ဖြစ်ပွားလာတတ်ပါတယ်။ အချစ်ရေး စန်းပွင့် ကံကောင်းလာနိုင်သလို မထင်မှတ်တဲ့ စိတ်လှုပ်ရှား ရန်ခုန်ဖွယ်ရာတွေလည်း ပေါ်ပေါက်လာနိုင်ပါတယ်။ ငွေကြေးကိစ္စတွေမှာ ကံကောင်း အဆင်ပြေနေပြီး မျှော်လင့်တာထက် ပိုကောင်းတဲ့ အခြေအနေမျိုးတွေ ရှိလာ၊ ဖြစ်လာနိုင်ပါတယ်။ အချစ်ရေး အိမ်ထောင်ရေးတွေမှာ နားလည်မှု တည်ဆောက်ရတာ ခက်ခဲနေသူတွေလည်း ဒီလထဲမှာ တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်း ပိုနီးစပ်လာပါလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

 

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အထိ)

နားအေးပါးအေးနဲ့ တစ်ကိုယ်တော်လေး အေးအေး နေရမယ့် ကာလတစ်ခုကို ဖြတ်သန်းရပါမယ်။ လုပ်သမျှက အပေါက်အလမ်းတည့် အဆင်ပြေလာမှာ ဖြစ်ပြီး အထူးသဖြင့် နှလုံးသားရေးရာကဏ္ဍမှာ တစ်မူထူးခြားလွန်းတဲ့ အဖြစ်အပျက်တွေ၊ ခံစားချက်တွေ ဖြစ်တည်လာနိုင်ပါတယ်။ ချစ်သူ တွေ့တာ၊ ချစ်ရသူနဲ့ ပျော်ရွှင်ကြည်နူးရတာ၊ အိမ်ထောင်သည်တွေဆိုရင် ပိုနီးစပ် နားလည်ပေးနိုင်တာမျိုး ဖြစ်လာပါမယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

 

အောက်တိုဘာလမှာ ၁၂ ရာသီဖွားအားလုံး အဆင်ပြေကံကောင်းကြပါစေ

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)