အောက်မြစ်

ကိုယ်တိုင် သုတေသန ပြုထားတဲ့ နာမအက္ခရာ လေ့လာချက်တွေအရ အောက်မြစ် (-့) ကလေးဟာ အမည်တစ်ခုရဲ့ ရှေ့ဆုံးစာလုံးမှာ …နေရာယူမယ်ဆိုရင် သတိထားစရာလေးတွေ ရှိလာပါတယ်။

နံပါတ်တစ်အချက်အနေနဲ့ ဘဝမှာ အမဲစက် ထင်လွယ်စေခြင်း အာနိသင်ကို ပေးတတ်ပါတယ်။ ဒါကြောင့် အများအားဖြင့် ငယ်ရွယ်စဉ် ကာလတွေမှာ အမှားတစ်စုံတစ်ရာ ကျူးလွန်မိခြင်း၊ နာမည်ပျက် ထင်ကျန်ခြင်း၊ အမဲစက် စွန်းထင်ခြင်း ကံကို အောက်မြစ်ကလေးက အာနိသင်ပေးနိုင်ကြောင်း…မှတ်ယူထားပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဒါကြောင့်….သိမ့် ၊ အိမ့် ၊ နွဲ့ ….ပြည့် ..စသဖြင့် ဘာပဲဖြစ်ဖြစ်ပေါ့လေ ….အောက်မြစ်ကလေးနဲ့ နာမည်ရှေ့ဆုံးစာလုံးမှာ မှည့်လိုက်ပြီ ဆိုရင်…. ဒီအာနိသင်တွေ ကို တော့ မိဘများ ကြိုသိထားသင့်ပါတယ်။ ဟာ..မယုံဘူးကွာ ဆိုရုံနဲ့ ပြီးမသွားပါ။ လက်တွေ့ခံစားရမှာက …အဲဒီအမည်ရှင်ကလေးငယ်တွေပါပဲ။

နံပါတ်နှစ်အနေနဲ့ အောက်မြစ်သည်…..ပိုင်ဆိုင်မှုကို ကိုယ်စားပြုပါတယ်။ ဥပမာ… ငါ..အောက်မှာ အောက်မြစ် ထည့်လိုက်တာနဲ့..ငါ့…. တနည်းအားဖြင့် ….ပိုင်ဆိုင်မှုပြပညတ် ဖြစ်လာစေပါတယ်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

နင်….အောက်မှာ လည်း ထိုနည်းလည်းကောင်းပါပဲ။ အောက်မြစ်ထည့်လိုက်တဲ့အခါ နင့် ဆိုပြီး…..သူတစ်ပါး၏ လို့ အဓိပ္ပါယ် ထွက်လာစေပါတယ်။ တနည်းအားဖြင့် အောက်မြစ်သည်..ဆိုးတာကိုပဲဖြစ်ဖြစ်….ကောင်းတာကိုပဲ ဖြစ်ဖြစ်…ပိုင်ဆိုင်မှု ရရှိခြင်း ကို ဖြစ်လာစေတတ်သော သဘာဝရှိပါတယ်။

ဒါကြောင့်…အောက်မြစ်ကလေးကို ထည့်မှည့်တော့မယ်ဆိုရင်…. ကံကောင်းလာချိန်မှာ…. ကောင်းသော ပိုင်ဆိုင်မှုတွေ ဖြစ်လာတတ်သလို….ကံညံ့လာပြီဆိုရင်း …ဒုက္ခတွေကို အထုပ်လိုက် ပွေ့ပိုက်ထားရတတ်သော သဘာဝ ရှိကြောင်း….. သိရှိထားရပါမယ်။

ဆိုတော့ …အမည်တိုင်း …ပညတ်တိုင်းသရတိုင်းအက္ခရာတိုင်းမှာ…… သူတို့ရဲ့ သဘာဝ စွမ်းအင်တွေ ရှိနေကြပါတယ်။ ကိုယ်နားမလည်တာနဲ့ပဲ …မယုံဘူး လွယ်လွယ် မပြောလိုက်သင့်သလို သေချာ နားမလည်ဘဲ .တောပြောတောင်ပြော ပြောနေတာတွေ ကိုလည်း မယုံကြည်သင့်ပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

လက်တွေ့လေ့လာပြီး…မိမိ မိသားစု…၊ မိမိ ပတ်ဝန်းကျင်… စသည်ဖြင့်… သေချာလေ့လာ အကဲခတ် ကြည့်လိုက်ရင် မိမိဥာဏ်နဲ့ မိမိကိုယ်တိုင် မြင်လာပါလိမ့်မယ်။ ကိုယ်တိုင် ကိုယ်ပိုင်ဥာဏ်အမြင်နဲ့သာ …သဘာဝကို လက်ခံယုံကြည်..၊ အသုံးပြုသင့်သည် ဖြစ်ပါကြောင်း။

ဖတ်မှတ်သုတ ရရှိကြပါစေ ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)