ခရီးသွားလာ အောင်နိမိတ်အဖြာဖြာ

ဘယ်ကိစ္စ ဘယ်အရေးအတွက်မဆို အိမ်ကနေ ထွက်ခွာလာတဲ့အခါ အောက်ပါနိမိတ်တွေကို မြင်တွေ့ရရင် အောင်မြင် အဆင်ပြေမယ်၊ စိတ်ချမ်းသာ ကျေနပ်ရမယ်လို့ မှတ်ပါ။ အနည်းဆုံး ဘေးရန်ကင်းစွာနဲ့ အိမ်ပြန်ရောက်မယ်လို့လည်း မှတ်ယူနိုင်ပါတယ်။

ကိုယ့်စိတ်ထဲကနေ ကိုယ့်အရေးကိစ္စကိုပဲ အာရုံထားနေချိန်မှာ ဒီလို နိမိတ်တွေ မြင်တဲ့အခါမှာလည်း အောင်မြင် ပြီးမြောက်မယ်လို့ မှတ်ယူရပါမယ်။  ကောင်းကျိုးချမ်းသာကို ဖော်ညွှန်းတဲ့ ရှေးဗေဒင်ကျမ်းလာ နိမိတ်ကောင်းတွေကတော့…

ကိုယ့်ရှေ့ကနေ ရတနာမြတ်သုံးပါး (ဘုရား၊ တရား၊ သံဃာ) တွေကို ပင့်ဆောင်သွားတာကို မြင်ရရင် ဖြစ်ဖြစ်၊ နာမည်ကျော်ကြား လူသိများသူတစ်ဦးဦးကို မြင်ရရင် ဖြစ်ဖြစ် ကိုယ့်ကိစ္စ အောင်မြင်တတ်ပါတယ်။ ကိုယ့်ခရီးစဉ်လမ်းမှာ အသံသာတဲ့ တူရိယာ တီးမှုတ်သံ၊ တီးခတ်သံတွေ ကြားရရင်၊ သွားလာနေတုန်း ကိုယ့် ရှေ့မှာ ပန်း၊ အမွှေးနံ့သာတစ်ခုခု ကိုင်ဆောင်တာ မြင်ရရင် ကိုယ့်အမှုကိစ္စ အဆင်ပြေပါမယ်။(ဗေဒင်သုတ၏ မူပိုင်ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကိုယ့်အရေးအတွက် သွားလာတဲ့အခါ ရွှေငွေတွဲလွဲ ဝတ်ဆင်ထားသူ၊ သစ်လွင်တောက်ပတဲ့ အဝတ်အစားကို ဝတ်ဆင်ထားသူ၊ ရွှေအကြောင်း ငွေအကြောင်း ပြောဆိုသူတွေကို မြင်ရကြားရရင် အောင်မြင်ပါလိမ့်မယ်။ ကိုယ့်ခရီးလမ်းမှာ အလှူ၊ မင်္ဂလာကို မိသားစုလိုက် သွားနေတာ မြင်ရတဲ့အခါ၊ ကိုယ့်အနားကနေ လူအများကြီး ပျော်ပျော်ရွှင်ရွှင် အော်ဟစ်သွားတာကို ကြားရတဲ့အခါ ကိုယ့်အမှုကိစ္စ အောင်မြင်တတ်ပါတယ်။

သွားလာနေတုန်း ကိုယ့်ရှေ့မြင်ကွင်းမှာ ရေခပ်သောက်တာ ဖြစ်ဖြစ်၊ ရေဖြည့်ပေးနေတာ ဖြစ်ဖြစ် မြင်ရရင်၊ ရွှေ ငွေ ရတနာနဲ့ ပတ်သက်လို့ အားပါးတရ စကားဆိုနေကြရင် ကိုယ့်ခရီးကိစ္စ အောင်မြင်စေတတ်ပါတယ်။(ဗေဒင်သုတ၏ မူပိုင် ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကိုယ့်ခရီးလမ်းမှာ မစင်တွေ၊ လောက်တွေကို မထင်မှတ်ဘဲ မြင်လိုက်ရရင် အရေးကိစ္စ အောင်မြင်တတ်ပါတယ်။ မြွေ၊ ပျား၊ ပိတုန်း စတဲ့ အဆိပ်ရှိသတ္တဝါတွေကို မြင်ရင်လည်း လာဘ်ရွှင် ကံကောင်းစေတတ်ပါတယ်။

ခရီးစအထွက် ကားငှား၊ ကားမောင်းတဲ့အခါ လွယ်ကူချောမွေ့နေရင်၊ ချိန်းထားရာကို အချိန်အတိအကျလောက် ရောက်ဖြစ်ရင်၊ လမ်းမှာ ဘာအဟန့်အတားမှ မရှိခဲ့ရင် ကိုယ့်ကိစ္စ အောင်မြင်ပြီးမြောက်ပါလိမ့်မယ်။

တကယ်လို့ အထက်ပါ နိမိတ်တွေကို မတွေ့ခဲ့ရဘဲ စိတ်ထဲ စနောင့်စနင်းတွေ၊ စိတ်ထင့်စရာတွေ ဖြစ်လာခဲ့ရင် မင်္ဂလသုတ်တော်လာ အောက်ပါဂါထာအတိုလေးကို အနည်းဆုံး (၇) ခေါက် ရွတ်ဖတ်ပူဇော်ရင်း သွားပါ။ မိမိ ဇာတာကံကြမ္မာအလိုက် ကံအဆိုးအညံ့တွေကို လျော့ပါးသက်သာစေမှာ ဖြစ်ပါတယ်။

မင်္ဂလာနိမိတ်တွေသာ ကြုံဆုံနိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)