ကြွေးကိစ္စများအတွက် ထိရောက်ထူးခြားသော ယတြာ

ဒီဇင်ဘာလဆန်းပိုင်းတစ်ရက်က သန်းကြွယ်လက်ဖက်ရည်ဆိုင်၏ ညာဘက်ယွန်းယွန်း စားပွဲတွင် ကျွန်တော်နှင့် ဆရာ လက်ဖက်ရည်သောက်ရင်း ဆရာ့ထံမှ လောကီပညာပိုင်း ဆိုင်ရာ ကျင့်စဉ်နှင့် ယတြာ၊ အစီအရင်ပိုင်းများကို သင်ယူလေ့လာ မေးမြန်းဖြစ်ခဲ့သည်။

“တစ်ချို့လူတွေမှာ ငွေကြေးရစရာ ရှိတာတွေ ကြန့်ကြာနေတာမျိုးတွေ ရှိတယ်ဆရာ၊ အဲ့ဒါမျိုး အတွက် သင့်တော်တဲ့ ယတြာအစီအရင်မျိုး လမ်းညွန်ပေးပါဦး”

“ဒါက တစ်ဖက်လူမှာ ပေးစရာ ရှိရမယ်၊ ပေးထားတဲ့ငွေဟာ အရင်းထက်လည်း အတိုး မများရဘူး၊ ဒါမှ အစီအရင် လုပ်ပေးလို့ သင့်တာမျိုးပေါ့ကွာ”

“ဟုတ်ကဲ့ဆရာ ၊ အဲ့ဒီနှစ်ချက်နဲ့ ညီရင် ဘယ်လို စီရင်ပေးလို့ရမလဲ”

“နေ့သားအလိုက် ကွာဟသွားတာမျိုး ရှိမယ်၊ အရင်ဦးဆုံး စလုပ်ရမယ့်နေ့ကို ပြောပြမယ်” ဟု ဆိုကာ ဆရာသည် လက်ဖက်ရည်ကို တစ်ကြိုက်သောက်လိုက်၏။ ထို့နောက် ဆရာ ပြောသွားသည်များကို မှတ်စုစာအုပ်တွင် သေချာစွာ ရေးမှတ်လိုက်၏။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

“အဲဒီနေ့သားအလိုက် သတ်မှတ်ထားတဲ့ အချိန်တွေမှာ အိမ်ကဘုရားမှာ နေ့သားအလိုက် သတ်မှတ်ထားတဲ့ ဆွမ်းကို ကပ်လှူရမယ်”

အထက်ပါအတိုင်း နေ့သားအလိုက် ဆွမ်းကပ်ရန် ဖြစ်သည်။

“ဝိသေသအနေနဲ့ကတော့ ကြွေးရစရာရှိတဲ့သူတွေရဲ့ နာမည်ကို အစဉ်အတိုင်း ရေးရမယ်။ ပြီးရင် အဲ့ဒီစာရွက်ခေါက်ကလေးကို ခုနက ဆွမ်းကပ်တဲ့ ပန်းကန်အောက်မှာ ခံပြီး ဆွမ်းကပ်လှူရမယ်။ ဆွမ်းကပ်တဲ့အခါ ကိုယ်ရစရာရှိတဲ့သူတွေ အဆင်ပြေပါစေ၊ ကြွေးကင်းကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သပြီး အောက်ကဂါထာကို ရွတ်ဖတ်ပူဇော်ပေးရုံပါပဲ”

“ဟေ – ဟေ – ဟိသျှတ္တ သဗ္ဗဒူဝံ အရဟံ သွာဟုံ ဗုဒ္ဓံသရဏံဂစ္ဆာမ ဟေတာ နောခွာ ဓမ္မံသရဏံဂစ္တာမ ဟေတာ နောခွာ သံဃံသရဏံဂစ္ဆာမ ဟေတာ နောခွာ ရင်္ဂိရံ ဝါဝရကံ လူမေ ချေစေ သွာဟုံ ပတ္တံနေစာ သွာဟုံ အမတ္တံ ဝတ္တိ တိရိ ဟိရိ သွာဟုံ နာသြော နာမနိ သွာဟုံ ဟုံ”

နေ့စဉ် ၉ ခေါက် ရွတ်ဖတ်ပူဇော်ပါ။ ဤသို့ဖြင့် ဆရာ သင်ကြားပြသပေးခဲ့သော ကြွေးတောင်းယတြာအစီအရင်အား လက်တွေ့အသုံးချ အဆင်ပြေစေရန်အတွက် ဖော်ပြပေးလိုက်ပါသည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)