မြန်မာဗေဒင်ထဲက ဘုမ္မိစက်ကွင်းအကြောင်း

မြန်မာ့ရိုးရာလက်ဆန်းဗေဒင်ပညာမှာ ပရိဝါရ၊ အာယု၊ နာဂရ အစရှိတဲ့ အရပ် ၈ မျက်နှာ တွက်နည်း ရှိပါတယ်။ အဲဒီအရပ်မျက်နှာတွေထဲမှာ အရေးအကြီးဆုံးနဲ့ သတိထား​​ရမယ့်​​ အရပ်​​ဒေသက​​တော့​​ ဘုမ္မိအရပ်ပါပဲ။ ဘုမ္မိ ဆိုတာ အညစ်အကြေး စွန့်ရာမြေ တနည်း​​အား​​ဖြင့်​​ သင်္ချီုင်းလို့ သတ်မှတ်ထား​​ပါတယ်။

လူတစ်​​ယောက်ဟာ ဘုမ္မိ ဂြိုဟ်စားနဲ့ ဘုမ္မိသက်ရောက်ထဲ ကျ​​ရောက်​​နေတဲ့​​အချိန်မှာ ကျန်း​​မာ​​ရေး​​ စီး​​ပွား​​​ရေး​​ အိမ်​​ထောင်​​ရေး​​ အနည်း​​ဆုံး​​ တစ်ခုမဟုတ်တစ်ခု ပျက်စီး​​တတ်ပါတယ်။ ကာယကံရှင် အ​​နေမှန်သည်ဖြစ်​​စေ အ​​နေမှား​​သည်ဖြစ်​​စေ ကြုံစရမြဲမို့ ကံနိမ့်​​ချိန်လို့ ပြောနိုင်ပါတယ်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အထက်ပါ အသက်အပိုင်းခြားတွေကတော့​​ ​​နေ့သား​​အလိုက် ဘုမ္မိစက်ကွင်း​​ထဲ ကျ​​နေတဲ့​​ အချိန် ဖြစ်ပါတယ်။ ဒီအချိန်ကာလ တ​​လျှောက်လုံး​​ ဆိုး​​ကျိုး​​ခံစား​​​နေရမှာ မဟုတ်​​ပေမယ့်​​ ဒီကာလဟာ ကျန်တဲ့​​ကာလ​​တွေထက် ဘဝမှာ ပိုမို ခက်ခဲကြမ်း​​တမ်း​​တတ်ပါတယ်။ မြင့်​​ရာက​​နေ နိမ့်​​ပါး​​သွား​​တတ်ပါတယ်။ မ​​မျှော်လင့်​​တဲ့ ကြမ္မာဆိုးတွေ ကျတတ်ပါတယ်။ အထူး​​သဖြင့် ဘုမ္မိစက်ကွင်း​​ထဲ အဝင်နှစ်နဲ့ အထွက်နှစ်ကို ပိုသတိထား​​ဖို့ လိုပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဘုမ္မိ ၄ မျိုး ရှိပါတယ်။ ဘုမ္မိ၊ ဘုမ္မိလေး၊ ဘုမ္မိနှစ်ထပ်နဲ့ ဘုမ္မိကြီးတို့ ဖြစ်ပါတယ်။ ဘုမ္မိဆိုတာ အသက်ကိုတည် ၈ နဲ့ စား​​လို့ (၄) ကြွင်းရင် ဘုမ္မိ ဖြစ်ပြီး ဘုမ္မိလေးကတော့ အသက်ကို ၈ နဲ့​​စား​​လို့​​ (၇) ကြွင်း​​တဲ့​​ နှစ်ကို ​​ခေါ်ပါတယ်။ ဘုမ်မိနှစ်ထပ်က အထက်ပါ ကာလထဲလည်း​​ ​​ရောက်​​နေချိန်၊​ အသက်ကိုတည် ၈ နဲ့ စား​​လို့​​ ၄ ကြွင်း​​တဲ့​​ နှစ်လည်း​​ ဖြစ်​​နေချိန်ကို ​​ခေါ်ပါတယ်။

ဘုမ္မိကြီး ဆိုတာကတော့ အထက်ပါ ကာလထဲလည်း​​ ​​ရောက်​​နေချိန်၊​ အသက်ကို တည် ၈ နဲ့ စား​​လို့ (၇) ကြွင်းတဲ့နှစ်လည်း​​ ဖြစ်​​နေချိန်ကို ​​ခေါ်ပါတယ်။ ဘုမ္မိတွေထဲမှာ အဆိုး​​ဆုံး​​က​​တော့​​ ဘုမ္မိ နှစ်ထပ်နဲ့ ဘုမ္မိကြီးတို့ ဖြစ်ပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဒါကြောင့် ဘုမ္မိစက်ကွင်း​​ထဲ ​​ရောက်​​နေချိန်ဆိုရင် ကံသုံး​​ပါး​​ကို လုံ​​အောင်ထိန်း၊ ရတနာသုံး​​ပါး​​ မိဘဆရာနဲ့ ​​ကျေးဇူး​ရှင်​​တွေကို ဦး​​ခိုက်ပူ​​ဇော်ဖို့ သတိမ​​မေ့​​ကြပါနဲ့။ သူ​​တော်​​ကောင်း​​စိတ် ​​မွေး​​သူများ​​ ဆိုရင်​​တော့​​ ဘုမ္မိ စက်ကွင်း မိသည့်​​တိုင်​​အောင် ဘုမ္မိဆိုးကျိုးက အဖျား​​ခတ်ရုံလောက် ခတ်တတ်​​ပေမယ့်​​ သူယုတ်မာစိတ် ​​မွေး​​မိပြီ ဆိုရင်​​တော့​​ ဆိုး​​ကျိုးတွေကို ခံစား​​ရဖို့​​ လက်ယပ်​​ခေါ်သလို ဖြစ်​​နေပါလိမ့်​​မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဘုမ္မိအကြောင်း ထပ်ပြောရရင်​​တော့​​ ဘုမ္မိအရပ်ကို မျက်နှာမူပြီး အိမ်​​ဆောက်ရင်၊ ဆိုင်ဖွင့်​​ရင် စီးပွားမဖြစ်၊ မအောင်မြင်တတ်ပါဘူး​​၊​ ​​အောင်မြင်ခဲ့​​ရင်လည်း​​ အခြားတစ်ဖက်မှာ ထိခိုက်နစ်နာမှု​​တွေ ရှိလာပါလိမ့်​​မယ်။ ဘုမ္မိ ဆိုတာ ​​ရှောင်ဖို့​​ဖြစ်တာမို့ ဉာဏ်နဲ့ ယှဉ်ပြီး ဘုမ္မိကို ​​ရှောင်နိုင်​​လေ​​လေ ကိုယ့်​​အတွက် ဆိုး​​ကျိုးနည်း​​​လေလို့​​ယူဆနိုင်ပါတယ်။

ဘုမ္မိဆိုတာ ​​မွေး​​နံနဲ့​​မိတ်ဖြစ်​​စေ ရန်ဖြစ်​​စေ ဘုမ္မိရဲ့ အစွမ်း​​ကို​​တော့​​ ပြတာပါပဲ။ ဒါ​​ပေမယ့်​​ မိတ်ဖြစ်တဲ့​​ ဘုမ္မိ ဆိုရင် လက်အိပ်စွပ်ပြီး​​ အထိုး​​ခံရသလို မူး​​မိုက်​​အောင် နာတတ်ပါတယ်၊​ ရန်ဖြစ်တဲ့​​ ဘုမ္မိ ဆိုရင်​​တော့​​ ဗလာလက်သီး​​မိသလို ​​သွေး​​သံရဲရဲ နာတတ်ပါတယ်။ မိတ်ဘုမ္မိလား၊ ရန်ဘုမ္မိလား​​ ဥဒသိန် (မိတ်မဟုတ် ရန်မဟုတ်) ဘုမ္မိလား​​ ဆိုတာကို​​တော့​​ လက်ဆန်း​​​ဗေဒင်ရဲ့​​​ ရေ​​သောက်ဖြစ် ဖြစ်တဲ့​​ စာ​​ခြောက်တန်း​​နဲ့​​ ခွဲခြား​​ရမှာ ဖြစ်သလို ဘုမ္မိ ရိုက်ချက် အပြင်း​​အ​​ပျော့​​က​​တော့​​ ​​ဗေဒင်အချုပ်မဟာဘုတ်ပညာရပ်နဲ့ ဆုံး​​ဖြတ်ရမှာ ဖြစ်​​ကြောင်းပါ။ ဆရာတေးအေးရိပ် (MMASTROLOGY)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)