မြန်မာ့လက်ဆန်း သက်ပုံးကိန်း

မြန်မာ့လက်ဆန်းဗေဒင်ပညာရပ်ထဲတွင် သက်ပုံးကိန်းတွက်ချက်နည်းဟူ၍ ရှိပါသည်။ လူတစ်ဦးတစ်ယောက်အဖို့ ရောက်ရှိနေဆဲ အသက်ပိုင်းအရ တွက်စစ်ရှောင်ကြဉ်အပ်သော ကိန်းတစ်ခု ဖြစ်ပါသည်။

နေ့သားအလိုက် မိမိရောက်ဆဲ အသက်ကို အခြေပြုပါတယ်။ မိမိမွေးနံထဲမှ တစ်နုတ်ပြီး ရောက်ဆဲ အသက်ပိုင်းကို ပေါင်းရပါမည်။ ပြီးလျှင် (၇) နဲ့စားပြီး အကြွင်းသည် သက်ပုံး ကျပါသည်။

အဆိုပါ အကြွင်းနှင့် မိမိမွေးနံ အတွဲကျသော အရပ်ဒေသ သို့မသွားစကောင်း၊ အဆိုပါ အရပ်ဒေသတွင် ယတြာအစီအရင် မပြုစကောင်း ဟူသော အယူအဆ ရှိပါ၏။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဥပမာအနေဖြင့် အသက် ၃၃-နှစ်ရှိသော တနင်္လာသားကို တွက်ချက်မည် ဆိုပါစို့။ တနင်္လာသား ဖြစ်သောကြောင့် ၁ခု နှုတ်သော် ၁ ရမည်။ အဆိုပါ ၁ နှင့် ရောက်ဆဲအသက် ၃၃ နှစ်ကိုပေါင်းသော် ၃၄ နှစ် ရမည်။ ရလဒ် ၃၄ ကို (၇)ဖြင့် စားသော် (၆) ကြွင်းမည်။ ထို့ကြောင့် မိမိမွေးနံဖြစ်သော တနင်္လာနှင့်သောကြာ အတွဲ (ကသာ) အရပ်ဒေသသို့ မသွားသင့်။(ချောင်းသာ) စသော အရပ်ဒေသများသို့မသွားလာသင့်ဟု သတ်မှတ်ရပေမည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

သမိုင်းကို ပြန်ကြည့်လျှင် စနေသား မင်းရဲကျော်စွာသည် အသက် ၂၆-နှစ်တွင် စနေ+ဗုဒ္ဓဟူး အရပ်ဒေသ ဖြစ်သော (ဒလ)တွင် ဆုံးပါးခဲ့သည်။ စနေသားဖြစ်၍ ၇ထဲမှ ၁ နှုတ်သော် ၆ ရ၏။ရောက်ဆဲအသက် ၂၆ နှစ်ကို ၆ ပေါင်းသော် ၃၂ရသည်။(၇) ဖြင့်စားသော် ၄ ကြွင်း၏။ ထို့ကြောင့် မွေးနံစနေနှင့် သက်ပုံးဖြစ်သော ဗုဒ္ဓဟူးနံ အရပ်ဒေသအတွဲ ဖြစ်သော ၇+၄ (ဒလ)တွင် ဆုံးပါးခဲ့ရသည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

သောကြာသား ညောင်ရမ်းမင်းတရားကြီးသည်လည်း အသက် ၅၁နှစ်တွင် ကံတော်ကုန်ရှာပါသည်။ မွေးနံသောကြာထဲမှ ၁နှုတ်သော် ၅ ရမည်။ အသက် ၅၁ နှစ်ပေါင်းသော ၅၆ ရပါသည်။ ၅၆ ကို (၇)ဖြင့်စားသော် ၀ကြွင်း ပါမည်။ ထို့ကြောင့် သုညဖြစ်သော စနေသည် သက်ပုံးဖြစ်၏။ မွေးနံသောကြာနှင့် စနေနံအတွဲ ဖြစ်သော ၆+၇ (သိန္ဒီ) တွင် ကံတော်ကုန်ခဲ့ကြောင်းကို ကျမ်းရင်းတွင် ဥပမာပြ ရှင်းပြပေးခဲ့ပါသည်။

ဤကိန်းကံလေးကို မြန်မာ့လက်ဆန်းပညာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဗဟုသုတရစေရန် လည်းကောင်း၊ ကိုယ်တိုင် သုံးစွဲရှောင်ကြဉ်စေရန်လည်းကောင်း ပြန်လည်တင်ပြပေးလိုက်ပါသည်။ – ဆရာလင်းဝေအောင် (နက္ခတ်နှင့်ဆန်းကျမ်းပညာရှင်)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)