မြန်မာနှစ် ၁၃၈၂ ထဲမှာ ထီကံအကောင်းဆုံး နေ့ဖွားများ

ဒီတစ်နှစ် မြန်မာခုနှစ် ၁၃၈၂ ထဲမှာ ထီကံအကောင်းဆုံး ဖွားဇာတာရှင်တွေသည် ဗုဒ္ဓဟူး/ရာဟု ဖွားတွေပဲ ဖြစ်ပါတယ်။

ဒုတိယအဆင့် ထီကံအားအကောင်းဆုံး နေ့နံကတော့ စနေနေ့ဖွားများ ဖြစ်ကြပြီး တတိယ အဆင့်အားဖြင့် ထီကံ အနည်းငယ် ကောင်းစေသော နေ့နံအမျိုးအစားတွေကတော့ တနင်္ဂနွေနေ့ဖွား၊ ကြာသာပတေးနေ့ဖွားတွေနဲ့ အင်္ဂါနေ့ဖွားတွေလို့ ဆိုရပါမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

သို့သော် ဒါက နှစ်တစ်နှစ်အလိုက် ထီကံအားသာချက် ရှိနိုင်သော နေ့နံအမျိုးအစားကို ရွေးခြယ်ခြင်းသက်သက် မျှသာ ဖြစ်ပါတယ်။ တစ်ကယ့်တစ်ကယ်ကတော့ ထီပေါက်မလား မပေါက်ဘူးလား ဆိုတာသည် မူလဇာတာ အနေအထားနဲ့ မှည့်ခေါ်ထားသောအမည်၊ ဖြတ်သန်းနေဆဲ အသက်ပိုင်းခြားကာလများအပေါ်မှာလည်း များစွာ မှီတည်နေသည်သာ ဖြစ်ပါတယ်။

ထို့အတူ..ဒီတစ်နှစ်အဖို့ ထီကံအားသာချက်ထဲမှာ မပါနိုင်တဲ့ သောကြာ၊တနင်္လာ နေ့ဖွားတွေ ဖြစ်နေပါစေဦး အထက်ပါကဲ့သို့ မူလဇာတာ၊အမည်၊ အသက်ပိုင်းခြား စသည်ဖြင့်အားဖြင့် အားကောင်းသော ထီကံနဲ့ ဆက်နွယ်နေမယ်ဆိုရင် ထီပေါက်ကိန်းရှိနိုင်သည်သာမို့  လောဘဖြင့် အမြောက်အများထိုးခြင်းကို အားမပေးလိုသော်လည်း သင့်တင့်ရုံ လစဉ်ဖြစ်စေ ထီကံစမ်းနိုင်သည်သာ ဖြစ်ပါကြောင်း။ လေးစားလျက် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)