မြန်မာနှစ် ၁၃၈၅ ခုနှစ်အတွင်း ဒုဌာန ဆုံချက် အမည်ရှင်များ

ဒီတစ်နှစ် ၁၃၈၅ ခုနှစ်မှာဆိုရင် … ဆိုခဲ့သည့်အတိုင်း ..

အမည်ရှင်တွေထဲမှာ ….

(၁) တနင်္လာနံအစ + အင်္ဂါနံအဆုံး အမည်ရှင်များ

(၂) အင်္ဂါနံအစ + တနင်္လာနံအဆုံး အမည်ရှင်များ

သည် အမည်အားဖြင့်လည်း ပက္ခမိကြသလို၊ ဒုဌာနဆုံချက်ထဲမှာလည်း ပါဝင်နေသည့်အတွက် …… ဒီလိုကောဇာခုနှစ်ထဲမှာ အစစ အရာရာ ဂရုစိုက်ပြီး နေထိုင်လုပ်ကိုင်သင့်သည့် အမည်ရှင်တွေ ဖြစ်လာကြပါတယ်။

(၃) တနင်္လာနံ အစ + သောကြာနံအလယ် + အင်္ဂါနံအဆုံး

(၄) အင်္ဂါနံအစ + သောကြာနံအလယ် + တနင်္လာနံအဆုံး

ဒီ နံပါတ် (၃) နဲ့ (၄) အဆင့် အမည်ရှင်တွေကတော့ …ပို၍ ပိုမို ဂရုစိုက်ရမယ့် အမည်အမျိုးအစား ပိုင်ရှင်တွေပါပဲ။ ဒီနှစ်မျိုးမှာ အစစ အရာရာ သတိ ၊ ပညာ၊ ကုသိုလ် ပြည့်ပြည့်၀၀ နဲ့ ဖြတ်သန်းမှသာ ပိုမိုအဆင်ပြေပါလိမ့်မယ်။

ဥပမာအားဖြင့်…

ခင်သီတာဆွေ၊ ကျော်သန်းစံ ၊ ချမ်းမြေ့သွင်စံ စသည်ဖြင့် သော အမည်ရှင်တွေသည် အထူးဂရုစိုက်ရမယ့် အမည်ရှင်တွေပါပဲ။

အထက်ပါအမည်ရှင်တွေသည် အသက်အားဖြင့် လည်း …..

၇နှစ် ၊ ၁၄ နှစ်၊ ၂၁နှစ် ၊ ၂၈နှစ် ၊ ၃၅နှစ် ၊ ၄၂နှစ်၊ ၄၉နှစ်၊ ၅၆နှစ်၊ ၆၃နှစ် ၊ ၇၀ နှစ် စသည်ဖြင့် တိုက်ဆိုင်နေမယ်ဆိုရင်တော့ …မုချ ဆိုးကျိုးဖိအား များမယ့် နှစ်တစ်နှစ်ကို ဖြတ်ကိုဖြတ်သန်းရမှာဖြစ်ပါတယ်။

ကြောက်ဖို့ မလိုပါ။ ပြင်ဆင်သင့်သည်ကို ပြင်ဆင်ပြီး သတိ နဲ့ ဥာဏ်ပညာနဲ့ ဖြတ်သန်းနိုင်ဖို့သာ အရေးအကြီးဆုံး ဖြစ်ပါလိမ့်မယ်။

ထိုအမည်ရှင်များသည် ဗုဒ္ဓဘာသာဝင်များလည်း ဖြစ်မယ်ဆိုရင်တော့ … လစဉ် လပြည့်နေ့တိုင်း …..လပြည့်နေ့တိုင်း …. သန့်ရှင်းရေး ကုသိုလ် နဲ့ ရေကုသိုလ်များ ပြုပေးနိုင်ကြစေချင်ပါတယ်။

အားလုံးပဲ ကျန်းမာချမ်းသာပြီး နှလုံးစိတ်ဝမ်းလည်း အေးချမ်းကြပါစေခင်ဗျား။

လေးစားစွာဖြင့် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09 789 333 791

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)