(၀) ကြွင်းဖွားတွေရဲ့ သဘာဝနဲ့ အားသာချက်၊ အားနည်းချက်များ

ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို (၇) နဲ့ စားလို့ (၀) ကြွင်းရင် ဒီအဟောတွေကို ဖတ်နိုင်ပါတယ်။ ဒီမဟာဘုတ်အကြွင်းဖွားတွေဟာ ရည်ရွယ်ချက် အလွန် ပြင်းထန်တတ်ကြပါတယ်။ ဘယ်အကြောင်းအရာမျိုးကိုမဆို မလုပ်ရင် သပ်သပ် ၊ လုပ်မိရင် အချိန်တွေ အများကြီး ကုန်ဆုံးသွားသည်အထိ နှစ်မြှုပ် ကုန်ဆုံးစေသူများလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ပြင်းထန်တဲ့ စူးစိုက်မှု သဘာဝကို သူတို့ ကိုယ်တိုင်လည်း ထိန်းချုပ်ဖို့ အခက်အခဲ ရှိတတ်ကြပါတယ်။

သူတို့က ခွန်အားစိုက်မိရင် နည်းနည်းလေး ၊ ပေါ့ပေါ့တိမ်တိမ်လေး စိုက်လို့ မရသူတွေပါ။ တနည်းအားဖြင့်တော့ အလွန်အကျွံသမားတွေလို့ ဆိုနိုင်ပါတယ်။ လောင်းကစားဝိုင်းတွေမှာ မထင်မှတ်လောက်အောင် ပုံအောပြီး စွန့်စားလောင်းတတ်ကြသူတွေဟာ (၀) ကြွင်း ဖွားတွေပါပဲ။ (ဗေဒင်သုတ၏ မူပိုင် ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကြင်နာချင်ရင် သူတို့လောက် သနားယုယတတ်တဲ့သူ မရှိသလို၊ ရက်စက်ပြီဆိုရင်လည်း ခက်ထန်ကြမ်းတမ်းတဲ့ အစွန်းရောက် ရက်စက်မှုမျိုးကို လုပ်ကိုင်ဝံ့သူတွေပါ။ သူတို့ရဲ့ဘဝမှာ အင်အား အသင့်အတင့် သုံးစွဲဖို့ ဆိုတာက  အခက်ဆုံးပါပဲ။ တစ်ခုခု လုပ်လိုက်မိတာနဲ့ အင်အားကို အလွန်အကျူး သုံးစွဲမိတတ်ကြပါတယ်။ ဒါကြောင့်လည်း လူ့လောက အသိုက်အဝန်းမှာ အာရုံ စူးစိုက်မှု ပြင်းထန်သူများ၊  စိတ်ဝင်စားရာနယ်ပယ်မှာ အချိန် အလွန်အမင်းသုံးစွဲကြသူများအဖြစ် ၄င်းတို့ကို တွေ့ရနိုင်ပါတယ်။(ဗေဒင်သုတ၏ မူပိုင် ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ထက်မြက်တဲ့ သူတို့ရဲ့စွမ်းရည်တစ်မျိုးကတော့ ဆက်သွယ်မှုစွမ်းရည်ပဲ ဖြစ်ပါတယ်။  တစ်ခုနဲ့တစ်ခုကို ဘယ်လို ချိတ်ဆက်ရမယ် ဆိုတာကိုလည်း သူတို့က အလွယ်တကူ နားလည်နေတတ်ကြပါတယ်။ အချို့သော (၀) ကြွင်းဖွားများဟာ  ထက်မြက်တဲ့ အတွေးအခေါ်ကြောင့် ထင်ရှားကြပြီး အချို့ကတော့ စကားပြောကောင်းသူ၊ ဘာသာစကားများနှင့် ဆိုင်သော စွမ်းရည်တစ်မျိုးမျိုး ပိုင်ဆိုင်နေသူအဖြစ် ထင်ရှားကြလေ့ရှိပါတယ်။ အချို့ကတော့ ယနေ့ အိုင်တီနည်းပညာ လောကမှာ သူမတူအောင် ထက်မြက်သောသူမျိုးတွေအဖြစ် ရပ်တည်နိုင်လာကြပါတယ်။

သူတို့က အများအားဖြင့် သဘောထားကြီးတတ်ကြသူတွေပါ။ သို့သော် တခါတရံကျတော့လည်း ဘာမှ မဟုတ်တာလေးကို ကပ်သပ်ပြီး၊ စေ့စပ်စိစစ် တွက်ကိန်းချ ပေသီးရိုက်နေလေ့ ရှိတတ်ကြပါတယ်။ ဒီတော့ အကြမ်းအားဖြင့် သူတို့ကို ပြတ်သားသူ၊ တခါတရံ မထင်မှတ်နိုင်လောက်အောင် ရက်ရောတတ်ပြီး တခါတရံတော့ ဘာမှမဟုတ်တာလေးကိုတောင် တွက်ကပ်နေတတ်သူတွေ အဖြစ် သတ်မှတ်နိုင်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင် ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၀) ကြွင်းဖွားတွေ အားလုံးဟာ သေးသေးကွေးကွေး ကြံစည်လေ့ရှိကြသူများ မဟုတ်ကြပါဘူး။ သူတို့က အင်အား ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်လိုစိတ်မျိုး ရှိကြပြီး ဘာပဲလုပ်လုပ် လက်လီ သဘောထက် လက်ကားသဘောဆန်တဲ့ လုပ်ရပ်မျိုး ကို ပိုမို ဆန္ဒရှိတတ်ကြပါတယ်။ သူတို့ဟာ နောက်ကွယ်ကနေ အမိန့်ပေး ထိန်းချုပ်ရတာကို နှစ်လိုတတ်ကြပြီး ၊ အဝေးကနေ သို့မဟုတ် ကန့်လန့်ကာ နောက်ကွယ်ကနေ ကြိုးကိုင်လိုသော မူလ သဘာဝမျိုး ရှိကြသူတွေပါ။ အချို့သော (၀) ကြွင်းဖွား များဟာ ယဉ်ကားတွေကို မောင်းနှင်လိုသော ဝါသနာတစ်မျိုး စွဲကပ်နေတတ်ကြပါတယ်။ (ဗေဒင်သုတ၏ မူပိုင် ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၀) ကြွင်းဖွားတွေဟာ ဆက်သွယ်မှု စွမ်းရည် ပိုင်ဆိုင်ထားကြတာကြောင့်  ဒီစကေး ဒီစွမ်းရည်ကို သုံးနိုင်သလောက် ဘဝ တိုးတက်မြင့်မားမှုလည်း  ရှိလာတတ်ပါတယ်။ (၀) ကြွင်းဖွားတွေဟာ  အများအားဖြင့် ကပ်စေးမနည်းတတ်ကြပါဘူး။ ကပ်စေး နည်းတယ်လို့ အထင်ခံရသည့် တိုင်အောင် မထင်မှတ်ဘဲ အလွန် ရက်ရောနိုင်ကြသူမျိုးတွေ ဖြစ်ပါတယ်။ သွေးမတော် သားမစပ်လေလေ သူတို့ရဲ့ ရက်ရောမှုနဲ့ သဒ္ဒါတရားက အံ့သြဖွယ်ရာ ကောင်းလောက်အောင် ထားနိုင်လာလေလေပါပဲ။

(၀) ကြွင်းဖွားအားလုံး ချမ်းမြေ့ပျော်ရွှင်ကြပါစေ – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09789333791

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)