၁၂ ရာသီခွင်ဟောကိန်း (၂၅.၃.၂၀၁၉ မှ ၃၁.၃.၂၀၁၉ အထိ)

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ ထိ)

အလုပ်အကိုင်၊ စီးပွားရေး နည်းနည်း အညံ့ ရှိပါတယ်။ လုပ်ကိုင်သမျှတိုင်း အခက်အခဲတွေ ရှေ့က ခံပြီးမှ အဆင်ပြေပါလိမ့်မယ်။ ငွေရေးကြေးရေးလည်း အဆင်မပြေ ဖြစ်တတ်ပါတယ်။ ရတာနဲ့ကုန် ဖြစ်နေပါမယ်။ အချစ်ရေးကတော့ အဆင်ပြေဖို့ များနေပါတယ်။ ခုမှ ရှာနေတုန်းဆိုရင်လည်း ဖူးစာရှင်နဲ့ ဆုံရတတ်ပါတယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ ထိ)

ဘာလုပ်လုပ် စိတ်လောကြီးနေလို့ ကိုယ်ရမယ့် အခွင့်အရေးတွေ လက်လွှတ်ရတတ်ပါတယ်။ အေးဆေးလေး လုပ်ပါ။ သူများတွေနဲ့ အငြင်းအခုံလည်း ဖြစ်လွယ်လို့ တတ်နိုင်သမျှ လျှော့ပေးလိုက်ပါ။ ဒီအပတ် ဝင်ငွေရလမ်း ဖြောင့်တတ်ပါတယ်။ ရစရာတွေ ပြန်ရပါလိမ့်မယ်။ အချစ်ရေး နှလုံးသားရေးမှာ ပျော်ရွှင်စရာ ပိုများနေပါတယ်။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ ထိ)

ကိုယ်တိုင်က အလုပ်အကိုင် သိပ်မကောင်းလှပေမယ့် ဘေးက အကူအညီကောင်းကြောင့် အဆင်ပြေမှာပါ။ စပ်တူရှယ်ယာအလုပ်တွေ အကျိုးပေးကောင်းပါတယ်။ ဝေးကွာနေတဲ့ အဆက်အသွယ်တွေ ပြန်ရပါလိမ့်မယ်။ ငွေကြေးပိုင်းမှာတော့ အညံ့ ရှိပါတယ်။ အကုန်အကျ သိပ်များနေပါမယ်။ အချစ်ရေးမှာ သတိပြု ဆင်ခြင်ပါ။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ ထိ)

အလုပ်အကိုင် ကောင်းပေမယ့် တာဝန်ကြီးတွေ ခေါင်းပေါ် ကျလာလို့ မနည်း လှုပ်ရှားရုန်းကန်ရတတ်ပါတယ်။ အကြီးအကဲ ဆရာသမားတွေနဲ့ အမြင်မတူစရာတွေ ဖြစ်လာပါမယ်။ စိတ်ရှုပ်လွယ် ဒေါသ ဖြစ်လွယ်နေပါတယ်။ ငွေကြေးပိုင်းမှာလည်း မကျေလည်စရာ ဖြစ်တတ်ပါတယ်။ နှလုံးသားရေးကတော့ အိုကေမှ စိုပြေနေပါလိမ့်မယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ ထိ)

ဒီအပတ် ကံတရားက ကောင်းတစ်ခါ၊ ညံ့တစ်လှည့် ဖြစ်နေပါမယ်။ သတိထားရမယ့်အချက်က စိတ်လိုက်မာန်ပါ အလျင်စလို ဘာမှ မလုပ်ဖို့ပါပဲ။ ပြဿနာတွေ ဖြစ်လာရင်လည်း လျှော့လိုက်ပါ။ အများနဲ့ တိုင်ပင် ညှိနှိုင်းပေးပါ။ ငွေကြေးကံကတော့ အကောင်းဘက် ရှိနေပါတယ်။ အချစ်ရေးအိမ်ထောင်ရေးမှာ နားလည်မှု လွဲတတ်ပါတယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ ထိ)

တစ်လလုံးနီးပါး လုံးလည်ချာလည် ဖြစ်နေတဲ့ လုပ်ငန်းကိစ္စတွေ ပြန်အဆင်ပြေစ ပြုလာပါမယ်။ လုပ်ငန်းဆိုင်ရာ အဆက်အသွယ်တွေလည်း ပြန်ရပါမယ်။ ရပ်နားထားရတဲ့အလုပ်တွေ ပြန်စရပါမယ်။ ဒါပေမယ့် လုံးဝအကောင်း မဟုတ်သေးဘဲ အညံ့တွေ ရှိနေဆဲပါ။ ငွေကြေးကံက ပြန်ပွင့်ပါလိမ့်မယ်။ အချစ်ရေးကတော့ ပုံမှန်လေးပါပဲဗျာ။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ထိ)

လုပ်နေတာတွေက ဟုတ်မလိုနဲ့ အဖျားရှူးသွားမယ်။ လုပ်ငန်းတွေ တပိုင်းတစနဲ့ ထုံထိုင်းနှေးကွေးတတ်ပါတယ်။ စပ်တူရှယ်ယာအလုပ်တွေမှာ အငြင်းပွားစရာတွေ ပေါ်လာနိုင်ပါတယ်။ အပြောအဆိုမှာ အမှားတွေ ပါနေပါမယ်။ ငွေကြေးကိစ္စမှာလည်း ရလိုက်ကုန်လိုက် ဖြစ်တတ်ပါတယ်။ အချစ်ရေးတစ်ခုတည်း သာသာယာယာ ရှိပါမယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ထိ)

အလုပ်တွေ သိပ်ကောင်းနေပြီး အကြံအစည် မျှော်လင့်ချက်တွေလည်း အကောင်အထည် ဖော်နိုင်ပါလိမ့်မယ်။ အများအလယ်မှာ နာမည် ရလာတာ၊ ဂုဏ်သတင်း မွှေးပျံ့တာတွေ ဖြစ်တတ်ပါတယ်။ ကြိုးစားမှုရဲ့ ရလဒ်တွေ ကောင်းမွန်နေပါလိမ့်မယ်။ အပျော်အပါးတွေနဲ့ ငွေကုန်များတတ်ပြီး အချစ်ရေးမှာက အငြင်းမသန်ဖို့ သတိပြုပါ။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ ထိ)

သာမန် ဖြစ်ရိုးဖြစ်စဉ်တွေနဲ့သာ ဖြတ်သန်းရမယ့် သီတင်းပတ်ပါပဲ။ လုပ်ကိုင်နေသမျှကလည်း အရှုံးအမြတ်တွေ မပေါ်ဘဲ ဖြစ်နေပါမယ်။ အလုပ်တွေ မပြီးမပြတ်နဲ့ ရှေ့ဆက်ရလည်း ခက်တတ်ပါတယ်။ ငွေကြေးပိုင်းမှာတော့ မဆိုးဘူးလို့ ဆိုရမှာ ဖြစ်ပြီး လုပ်သလောက် ပြန်ရပါမယ်။ မေတ္တာရေးကဏ္ဍမှာ စိတ်လှုပ်ရှားပျော်စရာတွေပါပဲ။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ ထိ)

ဒီတစ်ပတ်မှာ ကိုယ် ဘာလုပ်လုပ် ဘေးကနေ ကူညီဖေးမမယ့်သူတွေ ပေါများနေပါလိမ့်မယ်။ အလုပ်အကိုင်က ပုံမှန်ထက် ပိုကောင်းနေမှာ ဖြစ်ပြီး ကိုယ့်အရည်အချင်းကို ပြသနိုင်ပါလိမ့်မယ်။ ငွေရေးကြေးရေး မှန်းတာထက် ပိုရတတ်ပေမယ့် အသုံးလည်း များနေပါမယ်။ အချစ်ရေးမှာ နားလည်မှု လွဲတတ်ပေမယ့် ပြေလည်သွားမှာပါ။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ထိ)

အလုပ်အကိုင် အကြံအစည် ရည်မှန်းချက်တွေ ပြည့်ဝ အကောင်အထည် ဖော်နိုင်ပါလိမ့်မယ်။ ကိုယ့်အလုပ်ရော စပ်တူလုပ်ငန်းတွေပါ အားလုံး အဆင်ပြေပြေ ဖြစ်နေပါမယ်။ အစောပိုင်းက မပြေမလည် ဖြစ်ခဲ့တဲ့ ငွေကြေးကိစ္စ ပြန်အဆင်ပြေဖို့ ရှိပါတယ်။ ဝင်ငွေတိုးသလို ထွက်ငွေလည်း များတတ်ပါတယ်။ အချစ်ရေး ကံကောင်းပါတယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ ထိ)

အရင်တုန်းက အဖြေရှာမရ ဖြစ်ခဲ့တဲ့ ပြဿနာတွေ ပြန်ရှင်းနိုင်ပါမယ်။ အလုပ်ကိစ္စမှာလည်း ကောင်းလာပါမယ်။ ခေါင်းအေးအေးထား လုပ်နိုင်လေ ပိုကောင်းလေပါပဲ။ အရာတိုင်း ဖြည်းဖြည်းချင်း အကောင်းဘက်ကို ဦးတည် ပြောင်းလဲလာပါလိမ့်မယ်။ ငွေရေးကြေးရေးကံ ပွင့်လန်းသလို နှလုံးသားရေးမှာလည်း သာယာချမ်းမြေ့ပါမယ်။

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)