၁၂ ရာသီခွင် တစ်လစာဗေဒင်ဟောစာတမ်း (သြဂုတ် ၊ ၂၀၂၂)

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉) – ဒီလထဲမှာတော့ ကံသိပ်မကောင်းတတ်ဘဲ ဘာလုပ်လုပ် နှောင့်နှေးမှုတွေ သည်းညည်းခံ မျိုသိပ်ရတာတွေ များမယ်။ ငွေတွေ ဝေါခနဲ ဝင်ပြီးမှ ပြန်ထွက်လွယ်မယ်။ အပြောမတတ်ရာကနေ ပြဿနာလေးတွေ ဖြစ်မယ်။ ကျန်းမာရေး နည်းနည်း ညံ့မယ်။ မေတ္တာရေးကံလေးတော့ ပွင့်လန်းလာလိမ့်မယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀) – ကိုယ်ရေးကိုယ်တာရော၊ အလုပ်ကိစ္စတွေမှာပါ စိတ်ဖိစီးမှုတွေ များမယ်။ စိတ်တို ဒေါသထွက်လွယ်ပြီး ပေါက်ကွဲချင်မိတတ်တယ်။ ကြားထဲမှာ လိုချင်တာလေးတွေပါ ဆန္ဒ ပြည့်ဝရမယ်။ အူယားဖားယားနဲ့ အသည်းအသန် ဖြစ်ရတဲ့ကိစ္စတွေ ပေါ်မယ်။ ချစ်သူရည်းစား၊ အိမ်ထောင်ရေး ညံ့နိုင်တယ်။

မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀) – အရင်က တစ်ခုခုဆို တွန့်ဆုတ်တွေဝေတတ်ပေမဲ့ ဒီလထဲမှာတော့ လူက စိတ်မြန်လက်မြန် ဖြစ်လာမယ်။ လုပ်ရဲကိုင်ရဲဆုံးဖြတ်ရဲလာမယ်။ ငွေဝင်ပေမယ့် အကုန်အကျလည်း များနေမယ်။ အလုပ်တချို့ ပြန်လုပ်ရတာ၊ နောက်ပြန်လှည့်ရတာ၊ လက်စမသတ်တာ ဖြစ်မယ်။ မေတ္တာရေး အာရုံနည်းမယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂) – ပျော်ရွှင်အားတက်စရာလေးတွေ ကြုံရမယ်။ အသိုင်းအဝိုင်းကောင်း အကျိုးကို ခံစားရမယ်။ အပျော်လွန်ရာက ပြဿနာဖြစ်တတ်တယ်။ ငွေကြေးကိစ္စမှာလည်း စိတ်ညစ်ရလိမ့်မယ်။ အလုပ်တွေ ရှေ့မရောက်ဘဲ သည်းခံစောင့်ဆိုင်းနေရမယ်။ အချစ်ရေးအိမ်ထောင်ရေးတော့ ပျော်ရွှင်ရလိမ့်မယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂) – အခက်အခဲ၊ ပြဿနာတွေကို အပြတ်ရှင်းနိုင်မယ်။ အရည်အချင်းနဲ့ အစွမ်းအစတွေ ထုတ်ပြနိုင်မယ်။ သက်တောင့်သက်သာ ရှိလာမယ်။ ပျော်ရွှင်ကျေနပ်စရာတွေလည်း ကြုံရမယ်။ အလုပ်နဲ့ ငွေကြေးပိုင်းမှာတော့ သတိထားစရာတွေ ရှိနေမယ်။ မေတ္တာရေးမှာ နားလည်ဖေးမမှုတွေ လိုနေမယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂) – ဒီလမှာ အဆက်အသွယ်တွေ အများကြီးနဲ့ ချိတ်ဆက်မိမယ်။ ရပ်ဝေးမြေခြားလူတွေနဲ့ ပြန်ဆုံရကိန်း ရှိတယ်။ သတင်းကောင်းတွေ ကြားရမယ်။ ခရီးတွေတော့ ဂရုစိုက်ရမယ်။ အသုံးအဖြုန်းကြောင့် ငွေကုန်ကြေးကျ အရမ်း များလာနိုင်တယ်။ အချစ်ရေးကံဇာတာ အသင့်အတင့် ရှိနေမယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂) – အလုပ်အကိုင်၊ ငွေကြေးကံဇာတာ ပိုကောင်းလာမယ်။ အမြတ်အစွန်းတွေ ပိုရတတ်တယ်။ ငွေအတွက်နဲ့လည်း စကားများရတတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ခိုင်မာလာမယ်။ လုပ်နိုင်ကိုင်နိုင် ဖြစ်မယ်။ မေတ္တာရေးကံ လှုပ်ရှားလာမယ်။ ပျော်ရွှင်ကြည်နူးစရာတွေ ဖြစ်မယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁) – ဖုံးကွယ်ထားသမျှတွေ ဘူးပေါ်သလို ပေါ်တတ်တဲ့လမျိုး ဖြစ်တယ်။ အများနဲ့တစ်ယောက် ဆန့်ကျင်ကွဲလွဲတတ်တယ်။ လုပ်ဖော်ကိုင်ဖက်ချင်း စကားများရ၊ လူမှုရေးမှာပါ မျက်နှာပျက်ရတာတွေ ဖြစ်တတ်တယ်။ အလုပ်စီးပွား ကံကောင်းမယ်။ လက်တွဲဖော်နဲ့ ပဋိပက္ခ ဖြစ်တတ်တယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁) – ဒီလမှာ စိတ်လက် မပေါ့ပါး မပျော်ရွှင်သလို ခံစားနေရလိမ့်မယ်။ ပျော်ရမလို၊ ငိုရမလိုတွေ ဖြစ်နေတတ်တယ်။ ရည်ရွယ်တာတွေ လွဲချော်တတ်တယ်။ အလုပ်အကိုင်နဲ့တနေ့တာ အစီအစဉ်တွေ ပြန်ရေးဆွဲရလိမ့်မယ်။ အတိုက်အခိုက်များမယ်။ အချစ်ရေးမှာ နားလည်မှုတွေ ညှိယူရလိမ့်မယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉) – မျှော်လင့်စောင့်စားနေတာတွေ ဖြစ်ပေါ်လာမယ်။ အခွင့်အရေး ကံတရားတွေက ကိုယ့်ဘက် ပါလာမယ်။ လုပ်ချင်တာ၊ ဖြစ်ချင်တာတွေအတွက် ကြိုးစားခွင့် ရမယ်။ ငွေကြေးကံ သင့်ပေမဲ့ လက်ထဲမမြဲဘဲ ကြံဖန်ထွက်မယ်။ မေတ္တာရေးမှာ ရင်ခုန်စရာတွေ ပေါ်လာမယ်။ လိုအင်ဆန္ဒပြည့်မယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈) – ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာကိုပဲ ဦးစားပေးရမယ့်လမျိုး ဖြစ်တယ်။ အတင်းဖြစ်ညှစ် ကြိုးစားတာထက် အလိုက်သင့်နေတတ်ဖို့သာ ပြင်ရမယ်။ ငွေရေးကြေးရေးမှာ ဒီနှစ် ရှာဖွေရရှိထားတာတွေကို စီမံခန့်ခွဲရမယ့်လ ဖြစ်တယ်။ အချစ်ရေးအိမ်ထောင်ရေး အလေးထားစရာဖြစ်လာမယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀) – အကြံအစည်တွေ၊ အစီအစဉ်တွေ အကုန်လုံး ခဏ ရပ်ထားရနိုင်ပြီး သည်းခံရ စောင့်ဆိုင်းရမယ့်ကာလ ဖြစ်တယ်။ အတင်းကြီး ကြိုးစားလိုက်ရင် တလွဲတွေ ဖြစ်မယ်။ အလုပ်အကိုင် စီးပွားရေးမှာ အနှောင့်အယှက် ပေါ်ပြီးမှ ပိုကောင်းမယ်။ မေတ္တာရေးမှာ ကောင်းလိုက်၊ ညံ့လိုက် ဖြစ်တတ်တယ်။

၁၂ ရာသီဖွားအားလုံး လိုအင်ဆန္ဒ ပြည့်ဝနိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)