၁၂ ရာသီခြင္ တစ္လစာေဗဒင္ေဟာစာတမ္း (ဇန္နဝါရီ ၊ ၂၀၂၃)

မိႆရာသီဖြား (မတ္ ၂၁ – ဧၿပီ ၁၉) – အလုပ္နဲ႔ဆက္စပ္သမွ်ကို အေလးထား အာရံုစိုက္ရမယ္။ လုပ္ငန္းကိစၥ ကံဇာတာ ျမင့္မားမယ္။ ႀကိဳးစားေလ ေအာင္ျမင္ေလ ျဖစ္မယ္။ ၀င္ေငြရလမ္း ေျဖာင့္ျဖဴးၿပီး ေငြေၾကးကံဇာတာ ေကာင္းမြန္မယ္။ ဒါေပမယ့္ ေငြအေပးအယူ၊ အေခ်းအငွားေတြ သတိနဲ႔ လုပ္ရမယ္။ မိသားစုကိစၥ ပံုမွန္ ရွိမယ္။

ၿပိႆရာသီဖြား (ဧၿပီ ၂၀ – ေမ ၂၀) – အလုပ္ကိစၥ အခြင့္အလမ္းေကာင္းေတြ ျမင္ရမယ္။ ဌာနအကူးအေျပာင္း ေလွ်ာက္ထားရင္ အဆင္ေျပမယ္။ လုပ္ငန္းေတြ အရွိန္အဟုန္နဲ႔ ႀကီးမားလာႏိုင္တယ္။ ၀င္ေငြေကာင္းေပမယ့္ အသံုးအစြဲေတာ့ ထိန္းရမယ္။ ခရီးေတြ ေပၚမယ္။ ေမတၱာေရးမွာ ထူးျခားစြာ ကံေကာင္းတတ္တဲ့လ ျဖစ္တယ္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

ေမထုန္ရာသီဖြား (ေမ ၂၁ – ဇြန္ ၂၀) – အဆိုးအေကာင္းေတြ ေရာေထြးေနတဲ့လ ျဖစ္တယ္။ ဘယ္ေနရာမွာမဆို ေကာင္းဆိုးႏွစ္တန္ ေရာေနလိမ့္မယ္။ အစစအရာရာ သတိနဲ႔ ရင္ဆိုင္ရမယ္။ သူမ်ားေတြၾကားထဲ ၀င္မပါတာ ေကာင္းမယ္။ စပ္တူလုပ္ငန္းေတြ ပ်က္တတ္တယ္။ ေငြေၾကးကံအားနည္းမယ္။ ယာဥ္မေတာ္တဆမႈ ဂ႐ုစိုက္ပါ။

ကရကဋ္ရာသီဖြား (ဇြန္ ၂၁ – ဇူလိုင္ ၂၂) – ဒီလမွာ ကံဇာတာ အနိမ့္အျမင့္၊ အတက္အက်ေတြ မ်ားလာမယ္။ စိတ္ဖိစီးမႈေတြ၊ ပင္ပန္းမႈေတြလည္း မ်ားမယ္။ အလုပ္ထဲ အာရံုသိပ္မက်ဘဲ လုပ္ငန္းတာ၀န္ေတြ လစ္ဟင္းမယ္။ ရလဒ္မေကာင္း ျဖစ္မယ္။ ေငြေၾကးကံ ပံုမွန္ ရွိမယ္။ ထစ္ခနဲဆို စိတ္ရႈပ္လြယ္မယ္။ က်န္းမာေရး ညံ့ႏိုင္တယ္။

သိဟ္ရာသီဖြား (ဇူလိုင္ ၂၃ – ၾသဂုတ္ ၂၂) – လုပ္ငန္းစီးပြား ကံေကာင္းမယ္။ အတားအဆီး၊ အေႏွာင့္အယွက္ ကင္းေ၀းသြားမယ္။ အက်ဳိးအျမတ္ေတြ တိုးလာမယ္။ အက်ဳိးတူအလုပ္၊ အလုပ္သစ္ေတြ ေအာင္ျမင္မႈ ရမယ္။ အလုပ္လည္း မ်ားမယ္။ သက္ေတာင့္သက္သာ ေငြရွာႏိုင္မယ္။ ခ်စ္သူ၊ အိမ္ေထာင္ဖက္ဆီက ပံ့ပိုးမႈေတြ ရမယ္။

ကန္ရာသီဖြား (ၾသဂုတ္ ၂၃ – စက္တင္ဘာ ၂၂) – ေငြေၾကးကံ အားနည္းလို႔ အေခ်းအငွားေတြ ေရွာင္သင့္တယ္။ အလုပ္ခြင္မွာေတာ့ အဆင္ေျပေျပ ျဖစ္ေနမယ္။ ကာလရွည္ နားထားတဲ့အလုပ္ေတြလည္း ျပန္စရတတ္တယ္။ ရာထူးေနရာ ရလာမယ္။ ဒါေပမယ့္ အလုပ္ေတာ့ ပင္ပန္းရမယ္။ မိသားစု၊ အိမ္တြင္းေရး သာယာေအးခ်မ္းမယ္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

တူရာသီဖြား (စက္တင္ဘာ ၂၃ – ေအာက္တိုဘာ ၂၂) – အလုပ္ကံဇာတာ ေကာင္းတယ္။ ဒါေပမယ့္ အလုပ္ကို ေပါ့ဆလို႔ေတာ့ မရပါ။ နည္းနည္းမွားတာနဲ႔ နစ္နာမႈ ျဖစ္မယ္။ နည္းမွန္လမ္းမွန္ပဲ လုပ္သင့္ၿပီး ျဖတ္လမ္းေတြကို လိုက္မိရင္ မွားမယ္။ ေမတၱာေရး၊ မိသားစုေရးမွာ စိတ္ညစ္ရမယ္။ ေငြကံေကာင္းမယ္။ အစားမွားတတ္တယ္။

ၿဗိစာၦရာသီဖြား (ေအာက္တိုဘာ ၂၃ – ႏိုဝင္ဘာ ၂၁) – လုပ္စရာေတြ အရမ္းမ်ားလာလို႔ ကိုယ္ပိုင္အခ်ိန္ေတာင္ ရွားမယ္။ လုပ္ငန္းရွင္ေတြ ေငြမေခ်းသင့္ပါ။ ျပန္ဆပ္ဖို႔ ခက္တတ္တယ္။ စပ္တူအလုပ္ေတြလည္း ေရွာင္က်ဥ္ပါ။ စိတ္ပင္ပန္းလူပင္ပန္းမႈ မ်ားမယ္။ ၀င္ေငြအတက္အက် ရွိမယ္။ ေမတၱာေရးမွာ မယံုသကၤာကိစၥေတြ ျဖစ္မယ္။

ဓႏုရာသီဖြား (ႏိုဝင္ဘာ ၂၂ – ဒီဇင္ဘာ ၂၁) – ေငြေၾကးကံေကာင္းမယ့္လ ျဖစ္တယ္။ ရစရာေတြ ေပးစရာေတြ အေတာ္မ်ားမ်ား ေျပလည္မယ္။ လိုခ်င္တာေတြ ရလာမယ္။ အလုပ္အကိုင္ေတြလည္း ေကာင္းမယ္။ အလုပ္ေတြ အရင္ထက္ မ်ားလိမ့္မယ္။ ခရီးပါ သြားရကိန္း ရွိတယ္။ ေမတၱာေရးမွာ စိတ္ခ်မ္းသာမယ္။ က်န္းမာေနလိမ့္မယ္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

မကာရရာသီဖြား (ဒီဇင္ဘာ ၂၂ – ဇန္နဝါရီ ၁၉) – အလုပ္၊ စီးပြားကိစ         ၥေတြမွာ ႀကိဳးစားသေလာက္ မျဖစ္လာလို႔ စိတ္ညစ္ရမယ္။ စြန္႔စားရတဲ့၊ မေသခ်ာတဲ့အလုပ္ေတြ ေရွာင္ရမယ္။ အလုပ္မွာ နည္းနည္းမွ အမွားမခံ ျဖစ္မယ္။ ေငြကုန္ေၾကးက် မ်ားလိမ့္မယ္။ ၀င္ေငြထြက္ေငြ မမွ်ဘဲ ျဖစ္ေနမယ္။ အသံုးအစြဲကို အေတာ္ေလး ဂ႐ုစိုက္ရမယ္။

ကုမ္ရာသီဖြား (ဇန္နဝါရီ ၂၀ – ေဖေဖာ္ဝါရီ ၁၈) – ဒီလမွာ အလုပ္ေတြ အရမ္းရႈပ္လာမယ္။ ျပည္ပခရီးကိစၥေတြ ေအာင္ျမင္တတ္တယ္။ လုပ္ငန္းစီးပြားအေျခအေန တိုးတက္မႈ ရွိမယ္။ ရာထူးတိုးတာ၊ ေနရာေကာင္းရတာေတြ ျဖစ္မယ္။ ေမတၱာေရးမွာ ကံေကာင္းတတ္တယ္။ က်န္းမာေရးေတာ့ အားနည္းတတ္တယ္။ မေပါ့ဆဖို႔ လိုမယ္။

မိန္ရာသီဖြား (ေဖေဖာ္ဝါရီ ၁၉ – မတ္ ၂၀) – အလုပ္ေတြ သိပ္မေကာင္းဘဲ ျဖစ္ေနမယ္။ မေသခ်ာတဲ့၊ စြန္႔စားမႈ မ်ားတဲ့ကိစၥေတြ ေရွာင္ရမယ္။ လုပ္မိရင္ ဆံုးရံႈးတတ္တယ္။ အလုပ္မွာ အေသးအဖြဲကအစ သတိထားရမယ္။ အမွားမခံတဲ့အေနအထား ျဖစ္မယ္။ ေငြက်ပ္တတ္တဲ့လ ျဖစ္တယ္။ မိသားစုေရး၊ ေမတၱာေရးမွာ ေအးခ်မ္းမယ္။

ႏွစ္သစ္အစ ဇန္နဝါရီလမွာ ကံေကာင္းၾကပါေစ – ဧက (ေဗဒင္သုတ)

Unicode Font

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉) – အလုပ်နဲ့ဆက်စပ်သမျှကို အလေးထား အာရုံစိုက်ရမယ်။ လုပ်ငန်းကိစ္စ ကံဇာတာ မြင့်မားမယ်။ ကြိုးစားလေ အောင်မြင်လေ ဖြစ်မယ်။ ဝင်ငွေရလမ်း ဖြောင့်ဖြူးပြီး ငွေကြေးကံဇာတာ ကောင်းမွန်မယ်။ ဒါပေမယ့် ငွေအပေးအယူ၊ အချေးအငှားတွေ သတိနဲ့ လုပ်ရမယ်။ မိသားစုကိစ္စ ပုံမှန် ရှိမယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀) – အလုပ်ကိစ္စ အခွင့်အလမ်းကောင်းတွေ မြင်ရမယ်။ ဌာနအကူးအပြောင်း လျှောက်ထားရင် အဆင်ပြေမယ်။ လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ကြီးမားလာနိုင်တယ်။ ဝင်ငွေကောင်းပေမယ့် အသုံးအစွဲတော့ ထိန်းရမယ်။ ခရီးတွေ ပေါ်မယ်။ မေတ္တာရေးမှာ ထူးခြားစွာ ကံကောင်းတတ်တဲ့လ ဖြစ်တယ်။

မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀) – အဆိုးအကောင်းတွေ ရောထွေးနေတဲ့လ ဖြစ်တယ်။ ဘယ်နေရာမှာမဆို ကောင်းဆိုးနှစ်တန် ရောနေလိမ့်မယ်။ အစစအရာရာ သတိနဲ့ ရင်ဆိုင်ရမယ်။ သူများတွေကြားထဲ ဝင်မပါတာ ကောင်းမယ်။ စပ်တူလုပ်ငန်းတွေ ပျက်တတ်တယ်။ ငွေကြေးကံအားနည်းမယ်။ ယာဉ်မတော်တဆမှု ဂရုစိုက်ပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂) – ဒီလမှာ ကံဇာတာ အနိမ့်အမြင့်၊ အတက်အကျတွေ များလာမယ်။ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းမှုတွေလည်း များမယ်။ အလုပ်ထဲ အာရုံသိပ်မကျဘဲ လုပ်ငန်းတာဝန်တွေ လစ်ဟင်းမယ်။ ရလဒ်မကောင်း ဖြစ်မယ်။ ငွေကြေးကံ ပုံမှန် ရှိမယ်။ ထစ်ခနဲဆို စိတ်ရှုပ်လွယ်မယ်။ ကျန်းမာရေး ညံ့နိုင်တယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂) – လုပ်ငန်းစီးပွား ကံကောင်းမယ်။ အတားအဆီး၊ အနှောင့်အယှက် ကင်းဝေးသွားမယ်။ အကျိုးအမြတ်တွေ တိုးလာမယ်။ အကျိုးတူအလုပ်၊ အလုပ်သစ်တွေ အောင်မြင်မှု ရမယ်။ အလုပ်လည်း များမယ်။ သက်တောင့်သက်သာ ငွေရှာနိုင်မယ်။ ချစ်သူ၊ အိမ်ထောင်ဖက်ဆီက ပံ့ပိုးမှုတွေ ရမယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂) – ငွေကြေးကံ အားနည်းလို့ အချေးအငှားတွေ ရှောင်သင့်တယ်။ အလုပ်ခွင်မှာတော့ အဆင်ပြေပြေ ဖြစ်နေမယ်။ ကာလရှည် နားထားတဲ့အလုပ်တွေလည်း ပြန်စရတတ်တယ်။ ရာထူးနေရာ ရလာမယ်။ ဒါပေမယ့် အလုပ်တော့ ပင်ပန်းရမယ်။ မိသားစု၊ အိမ်တွင်းရေး သာယာအေးချမ်းမယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂) – အလုပ်ကံဇာတာ ကောင်းတယ်။ ဒါပေမယ့် အလုပ်ကို ပေါ့ဆလို့တော့ မရပါ။ နည်းနည်းမှားတာနဲ့ နစ်နာမှု ဖြစ်မယ်။ နည်းမှန်လမ်းမှန်ပဲ လုပ်သင့်ပြီး ဖြတ်လမ်းတွေကို လိုက်မိရင် မှားမယ်။ မေတ္တာရေး၊ မိသားစုရေးမှာ စိတ်ညစ်ရမယ်။ ငွေကံကောင်းမယ်။ အစားမှားတတ်တယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁) – လုပ်စရာတွေ အရမ်းများလာလို့ ကိုယ်ပိုင်အချိန်တောင် ရှားမယ်။ လုပ်ငန်းရှင်တွေ ငွေမချေးသင့်ပါ။ ပြန်ဆပ်ဖို့ ခက်တတ်တယ်။ စပ်တူအလုပ်တွေလည်း ရှောင်ကျဉ်ပါ။ စိတ်ပင်ပန်းလူပင်ပန်းမှု များမယ်။ ဝင်ငွေအတက်အကျ ရှိမယ်။ မေတ္တာရေးမှာ မယုံသင်္ကာကိစ္စတွေ ဖြစ်မယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁) – ငွေကြေးကံကောင်းမယ့်လ ဖြစ်တယ်။ ရစရာတွေ ပေးစရာတွေ အတော်များများ ပြေလည်မယ်။ လိုချင်တာတွေ ရလာမယ်။ အလုပ်အကိုင်တွေလည်း ကောင်းမယ်။ အလုပ်တွေ အရင်ထက် များလိမ့်မယ်။ ခရီးပါ သွားရကိန်း ရှိတယ်။ မေတ္တာရေးမှာ စိတ်ချမ်းသာမယ်။ ကျန်းမာနေလိမ့်မယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉) – အလုပ်၊ စီးပွားကိစ ္စတွေမှာ ကြိုးစားသလောက် မဖြစ်လာလို့ စိတ်ညစ်ရမယ်။ စွန့်စားရတဲ့၊ မသေချာတဲ့အလုပ်တွေ ရှောင်ရမယ်။ အလုပ်မှာ နည်းနည်းမှ အမှားမခံ ဖြစ်မယ်။ ငွေကုန်ကြေးကျ များလိမ့်မယ်။ ဝင်ငွေထွက်ငွေ မမျှဘဲ ဖြစ်နေမယ်။ အသုံးအစွဲကို အတော်လေး ဂရုစိုက်ရမယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈) – ဒီလမှာ အလုပ်တွေ အရမ်းရှုပ်လာမယ်။ ပြည်ပခရီးကိစ္စတွေ အောင်မြင်တတ်တယ်။ လုပ်ငန်းစီးပွားအခြေအနေ တိုးတက်မှု ရှိမယ်။ ရာထူးတိုးတာ၊ နေရာကောင်းရတာတွေ ဖြစ်မယ်။ မေတ္တာရေးမှာ ကံကောင်းတတ်တယ်။ ကျန်းမာရေးတော့ အားနည်းတတ်တယ်။ မပေါ့ဆဖို့ လိုမယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀) – အလုပ်တွေ သိပ်မကောင်းဘဲ ဖြစ်နေမယ်။ မသေချာတဲ့၊ စွန့်စားမှု များတဲ့ကိစ္စတွေ ရှောင်ရမယ်။ လုပ်မိရင် ဆုံးရှုံးတတ်တယ်။ အလုပ်မှာ အသေးအဖွဲကအစ သတိထားရမယ်။ အမှားမခံတဲ့အနေအထား ဖြစ်မယ်။ ငွေကျပ်တတ်တဲ့လ ဖြစ်တယ်။ မိသားစုရေး၊ မေတ္တာရေးမှာ အေးချမ်းမယ်။

နှစ်သစ်အစ ဇန်နဝါရီလမှာ ကံကောင်းကြပါစေ – ဧက (ဗေဒင်သုတ)

(ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ။ ဖတ္ရႈအားေပးမႈအတြက္ ေက်းဇူးတင္ပါသည္)