၁၂ ရာသီခွင် တစ်လစာဗေဒင်ဟောစာတမ်း (စက်တင်ဘာ ၊ ၂၀၂၂)

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉) – လူအများနဲ့ဆက်ဆံရာမှာ နားလည်မှု လွဲတတ်တယ်။ လူမှုရေးပြဿနာနဲ့ အချစ်ရေး၊ အိမ်ထောင်ရေး စိတ်ရှုပ်စရာတွေ ဖြစ်ပေါ်တတ်တယ်။ ဝေးကွာနေသူတွေနဲ့ ပြန်ဆုံဆည်းရလိမ့်မယ်။ ကိုယ်ရေးကိုယ်တာရော၊ အလုပ်တွေမှာပါ စိတ်တိုင်းမကျတာ၊ အပင်ပန်းခံသလောက် အရာမထင်တာ ဖြစ်မယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀) – အသုံးအစွဲတွေ များနေမယ်။ အကြောင်းမဲ့ ငွေကုန်မယ်။ လက်လွန်မိမယ်။ အလုပ်တွေ ကောင်းမလိုနဲ့ မျှော်လင့်သလောက် မဖြစ်ထွန်းဘဲ ရှိနေမယ်။ လုပ်ရကိုင်ရ ခက်ခဲတာတွေ ဖြစ်မယ်။ ဒါပေမယ့် အလုပ်မှာ အခြေအနေကောင်းလေးတွေ မြင်ရမယ်။ ငွေကြေးကိစ္စမှာတော့ အငြင်းပွားရတတ်တယ်။

မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀) – စိတ်မြန်လက်မြန် လုပ်မိရာကနေ အမှားတွေ များမယ်။ ရှေ့ကိုသွားရင်း နောက်ပြန်ဆုတ်ရသလို ဖြစ်နေမယ်။ အလျင်စလို၊ ဆန္ဒစောလုပ်ကိုင်မိတာတွေကို အစက ပြန်လုပ်ရနိုင်တယ်။ ဒီကြားထဲမှာ အဆက်အသွယ်ပေါင်းစုံ ရလာမယ်။ အကျိုးအမြတ်လည်း ကောင်းမယ်။ အပျော်အပါး များမယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂) – ငွေကြေးကံကောင်းမယ့်လ ဖြစ်တယ်။ ရစရာပေးစရာတွေ၊ အရင်က ကြန့်ကြာနေတဲ့ငွေကိစ္စတွေ ပြန်ပြေလည်သွားမယ်။ အလုပ်တချို့ကတော့ စိတ်ရှိသလောက် ခရီးမပေါက်နိုင်ဘဲ စိတ်ညစ်စရာလေးတွေ ရှိနေမယ်။ ပြန်ပြင်ရတာ၊ အမှားများတာတွေ ဖြစ်မယ်။ ငွေယိုပေါက်လည်း များနေမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂) – ပျော်စရာရွှင်စရာလေးတွေ ပေါ်ပေါက်မယ်။ စိတ်ညစ်စရာတွေကြား ကြံဖန်ပျော်ရွှင်ရတတ်တယ်။ နှလုံးသားရေးကိစ္စတွေ ပေါ်ပေါက်မယ်။ မိတ်ဆွေအသိုင်းအဝိုင်းကြား ဆက်ဆံရေး မပြေမလည် ဖြစ်တတ်တယ်။ ငွေကြေးပြဿနာတွေလည်း ဖြစ်တတ်တယ်။ အလုပ်မှာ ပင်ပန်းမှု များလိမ့်မယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂) – ငွေရေးကြေးရေးကိစ္စမှာ စိတ်ညစ်စရာရော ကျေနပ်စရာပါ ယှဉ်တွဲကြုံရမယ်။ ငွေအဝင်အထွက်၊ အပေးအယူ၊ အချေးအငှားတွေတိုင်းကို သေချာတိကျအောင် လုပ်ရမယ်။ မဟုတ်ရင် ရှင်းရခက်မယ်။ အလုပ်မှာ အတိုက်အခိုက် များမယ်။ လုပ်စရာကိုင်စရာတွေ အရမ်းများတတ်တယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂) – ဒီလမှာ အသွားအလာအလည်အပတ်တွေ များလာပြီး အငြိမ်မနေရဘဲ ဖြစ်နေမယ်။ ပေါင်းနေကျတွေအပြင် လူစိမ်းသူစိမ်းတွေနဲ့ပါ သိကျွမ်းဆက်သွယ်ခွင့် ပိုများမယ်။ လူငယ်တွေ နှလုံးသားရေးမှာ မပြတ်မသားနဲ့ အာရုံများရမယ်။ ပညာသင်ကြားရေးမှာ အခက်အခဲတွေ ဖြစ်မယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁) – ရပ်ထားတဲ့အလုပ်တွေ ပြန်လည်ပတ်မယ်။ အဆင်မပြေမှု နှောင့်နှေးမှုတွေ ပြန်အဆင်ပြေသွားမယ်။ အဆက်အသွယ်၊ အကူအညီတွေ ရမယ်။ ငွေကြေးကံလည်း ပွင့်မယ်။ ဒါပေမဲ့ ကျန်းမာရေးတော့ သတိပြုပါ။ ငွေအတွက်နဲ့လည်း စကားများရတတ်တယ်။ ငွေအချေးအငှား ရှောင်ပါ။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁) – လူမှုဆက်ဆံရေးမှာ ပြဿနာလေးတွေ ပေါ်မယ်။ ကိုယ့်ဖာသာ ဘယ်လိုနေနေ ရန်ရှာ၊ ထိုးနှက်တာတွေ ခံရတတ်တယ်။ ချစ်သူရည်းစား၊ အိမ်ထောင်ဖက်ကြား ပဋိပက္ခတွေက အရှိန်ပြင်းထန်တတ်တယ်။ နားလည်မှု လွဲမယ်။ အလုပ်တွေ ကောင်းပြီးမှ စိတ်ညစ်စရာတွေ ပြန်ပေါ်လာမယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉) – ဒီလမှာ အလုပ်ကံဇာတာ ထူးခြားမယ်။ လုပ်ငန်းစီးပွားကနေ အကျိုးအမြတ် ရလွယ်သလို တစ်ဖက်ကလည်း စိတ်ရှုပ်စရာတွေ၊ လိုက်ရှင်းရတာတွေလည်း ယှဉ်တွဲလာမယ်။ ငွေကြေးအတွက် ခေါင်းခဲရမယ်။ အောက်လူ ဒုက္ခပေးတတ်တယ်။ အထင်အမြင်လွဲတာတွေလည်း ခံနေရမယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈) – လူငယ်လူရွယ်တွေ မေတ္တာရေးကံဇာတာ ကောင်းလာမယ်။ အချစ်ရေးကိစ္စ အောင်မြင်မယ်။ တစ်လတာ လုပ်ငန်းကိစ္စတွေကတော့ အခြေအနေအမျိုးမျိုး ပြောင်းလဲမယ်။ လောင်းကစား၊ အပျော်အပါး အကျိုးမပေးပါ။ လုပ်မိရင် ထိခိုက်နစ်နာမယ်။ သည်းခံထိန်းချုပ်ရတာ များမယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀) – ကြံစည်အားထုတ်သမျှ သိပ်အားရစရာမရှိသေးဘဲ ဖြစ်နေလိမ့်မယ်။ အလုပ်မှာလည်း အကြိတ်အနယ်၊ အပြိုင်အဆိုင်တွေ ဖြစ်တတ်တယ်။ တာဝန်တွေ အရမ်း ပုံကျလာနိုင်တယ်။ ငွေကြေးပိုင်းမှာလည်း အလွဲအချော်တွေ ကြုံရတတ်တယ်။ ငွေဝင်ပေမယ့် စိတ်မချမ်းမသာ ဖြစ်နေရလိမ့်မယ်။ ၁၂ ရာသီဖွားအားလုံး လိုအင်ဆန္ဒ ပြည့်ဝနိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)