၁၂ ရာသီဖွားများအတွက် ၂၀၂၁ ငွေကြေးကံဇာတာ

၂၀၂၁ ခုနှစ်အတွင်း ၁၂ ရာသီဖွားများအတွက် ငွေရေးကြေးရေးကံဇာတာကို ကောဇာအစီးအနင်းအရ တွက်ဆ ဖော်ပြပေးလိုက်ပါတယ်။ ငွေကြေးကံဇာတာဆိုရာမှာ ကိုယ့်အလုပ်ကနေ ရရှိတဲ့ဝင်ငွေလစာ၊ အမြတ်အစွန်းတင် မကဘဲ ထီ၊ လောင်းကစားစတဲ့ ကံစမ်းဉာဏ်စမ်း ငွေဝင်လမ်းကြောင်းတွေကိုလည်း ရည်ညွှန်းပါတယ်။

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အတွင်း မွေးဖွားသူများ) – အရင်နှစ်ထက် ဝင်ငွေပိုဖြောင့်လာနိုင်ပြီး ငွေကြေး အမြတ်အစွန်းတွေလည်း တိုးလာနိုင်ပါတယ်။ နှစ်အလယ်ပိုင်း လတွေမှာတော့ အကုန်အကျ များတတ်ပေမယ့် တစ်နှစ်လုံး ခြုံကြည့်ရင်တော့ ငွေကြေးကံဇာတာ ကောင်းမယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အတွင်း မွေးဖွားသူများ) – ရင်းနှီးမြှုပ်နှံထားတဲ့ အလုပ်တွေကနေ အကျိုးအမြတ် ခံစားခွင့်တွေ ရလာတတ်ပြီး ရေတိုအကျိုးထက် ရေရှည် မျှော်ကြည့်တဲ့ လုပ်ငန်းတွေက ပိုကောင်းပါလိမ့်မယ်။ နှစ်ကုန်ပိုင်းလတွေမှာ ငွေကံတွေ ပိုပြီး အားကောင်းမယ်။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အတွင်း မွေးဖွားသူများ) – ကြွေးမြီဟောင်းတွေရှိရင် အကျေဆပ်နိုင်ပြီး ခက်ခဲနေတဲ့ ငွေကြေး ပြဿနာတွေလည်း အမြန် ပြန်ပြေလည်မယ်။ ကိုယ်ကြိုးစားသမျှကို ပြန်ခံစားခွင့် ရှိလာလိမ့်မယ်။ ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရင် ဒီနှစ်က အကောင်းဆုံးပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်း မွေးဖွားသူများ) – ငွေဝင်ကိန်း ရှိသလို ထွက်ကိန်းလည်း ဒွန်တွဲနေမယ့်နှစ် ဖြစ်တယ်။ စုဆောင်းထားတာလေးတွေ ပွန်းပဲ့နိုင်တယ်။ ငွေပေးငွေယူတွေ ခက်ခဲသွားတတ်တယ်။ ဝင်ငွေရလမ်း ပိုရှိလာသလို ထွက်စရာတွေလည်း များနေတတ်တယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အတွင်း မွေးဖွားသူများ) – နှစ်ကနေ နှစ်လယ်အထိ ငွေကြေးကံဇာတာ ကောင်းနိုင်ပေမယ့် နှစ်ကုန်ပိုင်းလတွေမှာ အခက်အခဲ ရှိနိုင်တယ်။ ယေဘုယျအနေနဲ့တော့ ဝင်ငွေ မျှော်မှန်းချက်တွေ ပြည့်စုံမယ်။ ရေရှည် ရင်းနှီးမြှုပ်နှံမှုတွေကနေ အကျိုးပေးမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်း မွေးဖွားသူများ) – ပုံမှန်ဝင်ငွေအပြင် တခြားရလမ်းအသစ်တွေပါ ပေါ်လာနိုင်တယ်။ နှစ်စပိုင်း အခြေအနေ ကောင်းပြီး နှစ်လယ်ပိုင်း အခက်အခဲ နည်းနည်း ရှိနိုင်တယ်။ မျှော်မှန်းသလောက် အဆင်မပြေ ဖြစ်မယ်။ နှစ်ကုန်ပိုင်းမှာ ကံကောင်းမယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်း မွေးဖွားသူများ) – ဒီနှစ်မှာ ဝင်ငွေတိုးပြီး ထွက်ငွေကို ထိန်းနိုင်လို့ စုမိဆောင်းမိ ဖြစ်လာနိုင်တယ်။ ငွေကြေးကံဇာတာ တည်ငြိမ်ပြီး ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်မယ်။ ရေတိုအကျိုးစီးပွားဖန်တီးတဲ့ လုပ်ငန်းတွေလည်း အောင်မြင်နိုင်တယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်း မွေးဖွားသူများ) – လုပ်ငန်းစီးပွား ကောင်းလို့ ဝင်ငွေအကျိုးအမြတ်ပါ တိုးပွားလာနိုင်တယ်။ ကြိုးစားသလောက်လည်း ပြန်ရမယ်။ နှစ်အစမှာ အခက်အခဲ ရှိပေမယ့် နောက်ပိုင်းတောက်လျှောက်မှာ ငွေကြေးကံဇာတာ ပွင့်လန်းထူးခြားလိမ့်မယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်း မွေးဖွားသူများ) – ကိုယ့်ကြိုးစားမှုအပြင် ကံတရားကြောင့်လည်း ငွေဝင်ကိန်း ရှိတယ်။ နှစ်ဆန်းပိုင်းမှာ ဝင်ငွေဖြောင့်နိုင်ပေမယ့် နှစ် အလယ်လတွေမှာ အကုန်အကျ သိပ်များတတ်တယ်။ တစ်နှစ်လုံးမှာ ငွေဝင်၊ ငွေထွက်တွေနဲ့ လည်ပတ်နေမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်း မွေးဖွားသူများ) – ထီပေါက်ငွေဝင်ကိန်း ရှိတဲ့နှစ် ဖြစ်တယ်။ အလုပ်ကြောင့် သာမကဘဲ ထီလိုမျိုး ကံစမ်းတဲ့ ကိစ္စတွေကနေလည်း ငွေဝင်လာဘ်ရွှင်လိမ့်မယ်။ မိသားစုထဲမှာလည်းဝင်ငွေတိုးလာနိုင်တယ်။ ရင်းနှီးမြှုပ်နှံမှုတွေအောင်မြင်လိမ့်မယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်း မွေးဖွားသူများ) – ကိုယ်တိုင် ကြိုးစားမှုကြောင့်ရော ကံတရားကြောင့်ပါ ဝင်ငွေရလမ်း တိုးပွားမယ့်နှစ်ဖြစ်တယ်။ လပိုင်းနှစ်ပိုင်းထိ ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရင် အောင်မြင်မယ်။ နှစ်လယ်ပိုင်းမှာ စီးပွားရေး၊ ငွေကြေးကံဇာတာ ထူးခြားမယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်း မွေးဖွားသူများ) – ဝင်ငွေ အတော်သင့်ပဲ ရှိနိုင်ပြီး ထွက်ငွေကတော့ ဆီလို အပေါက်ရှာ ကြံဖန်ထွက်မယ့်နှစ် ဖြစ်တယ်။ ငွေကြေးနဲ့ ပတ်သက်လို့ အသုံးအစွဲ သတိထားဖို့ လိုလိမ့်မယ်။ နှစ်လယ်ပိုင်းမှာတော့ ငွေကြေးကံ ပိုပြီး ကောင်းတတ်တယ်။

၂၀၂၁ မှာ ရာသီဖွားအားလုံး ချမ်းသာရောက်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)