၁၂ ရာသီဖွားဟောစာတမ်း (၂၂.၇.၂၀၁၉ မှ ၂၈.၇.၂၀၁၉ အထိ)

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အထိ)

အလုပ်လုပ်စရာ ရှိရင် တစ်ယောက်တည်းပဲ လုပ်သင့်ပါတယ်။ အများနဲ့ တွဲလုပ်ရင် ပြဿနာ ပိုပြီး အလုပ်လည်း မတွင်ကျယ် ဖြစ်တတ်ပါတယ်။ လုပ်ငန်းခွင်ထဲမှာလည်း လုပ်ဖော်ကိုင်ဖက်ချင်း ငြိတတ်ပါတယ်။ အချစ်ရေးမှာက ခါတိုင်းထက် အဆင်ပြေနေပါလိမ့်မယ်။ လက်တွဲဖော် မရသေးရင် ဒီကာလမှာ ကြိုးစား အောင်မြင်နိုင်ပါတယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အထိ)

ဒီအပတ် သိပ်မထူးခြားလှဘဲ ပုံမှန်လေး ဖြတ်သန်းရမှာပါ။ အလုပ်တွေက တစ်ခုထက် မကဘဲ အမျိုးမျိုး ရှိလာ ပေါ်လာနိုင်ပါတယ်။ တစ်ခု မပြီးခင် နောက်တစ်ခုက အသင့် စောင့်နေတာမျိုးပါ။ ငွေကြေးကိစ္စလည်း ရှုပ်ပွေ ကောက်ကွေ့တတ်ပါတယ်။ အချစ်ရေးမှာက ဝမ်းနည်း၊ ဝမ်းသာ တစ်လှည့်စီ ဖြစ်နေရတတ်တဲ့ ကာလပါ။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အထိ)

လုပ်နေတာနဲ့ ဖြစ်လာတာတွေက တစ်ခြားစီမို့ ကိုယ်လုပ်သမျှကို နောက်ကနေ လိုက်ပြီး ပြန် Check နေရမယ်။ အစီအစဉ်တွေက မျှော်လင့်သလို မဖြစ်တတ်လို့ ကြိုသတိထားရပါလိမ့်မယ်။ ငွေကြေးကံလည်း အားနည်းတယ် အချစ်ရေးကဏ္ဍမှာတော့ ပျော်စရာလေးတွေ ရှိလာမယ်။ မထင်မှတ်တဲ့ ခုခေတ်အခေါ် Surprise တွေ လာမယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အထိ)

အလုပ်လေးတချို့ နောက်ကျတာ၊ နှောင့်နှေးနေတာမျိုးက လွဲရင် ဒီအပတ်မှာ အားလုံး အဆင်ပြေနေပါမယ်။ အစောပိုင်း နားလည်မှုလွဲတာ၊ အခြေအတင် ဖြစ်တာတွေ ပြေလည်သွားပါမယ်။ ဝင်ငွေ ကောင်းပြီး ရစရာတွေ ပြန်ရလာပါမယ်။ အချစ်ရေး အိမ်ထောင်ရေးမှာ နားလည်မှုတွေ ပိုပြီးတော့ တည်ဆောက်နိုင်မယ့် ကာလပါ။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ)

ဘယ်ကိစ္စမှာမဆို ရဲရင့်သူသာ အောင်နိုင်ရာ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ဖြစ်နေပါလိမ့်မယ်။ သိပ်စဉ်းစားမနေဘဲ လုပ်စရာ ရှိတာ ရဲရဲလုပ်ချလိုက်ပါ။ အောင်မြင်ဖို့ လွယ်ကူနေပါမယ်။ ငွေကြေးပိုင်းမှာတော့ အပေးအယူတွေကို သတိထားပေါ့။ နှလုံးသားရေးမှာ သီတင်းပတ်အစောပိုင်းရက်တွေ ကောင်းပြီး နောက်ပိုင်းမှာ ညံ့တတ်ပါတယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အထိ)

လုပ်ချင်တာတွေ ဖြစ်ချင်တာတွေ ဖြစ်မလာသေးလို့ သည်းခံ စောင့်ဆိုင်းရပါမယ်။ မျှော်မှန်းထားတဲ့ အစီအစဉ် အတိုင်း မဖြစ်လာဘဲ ကသောင်းကနင်းတွေချည်း ကြုံတတ်ပါတယ်။ ငွေကြေးကိစ္စမှာတော့ အဆင်ပြေစရာ ရှိနေပါတယ်။ အချစ်ရေးပိုင်းမှာ နားလည်မှု လွဲတာ၊ စကားအခြေအတင် ဖြစ်တာတွေ ပေါ်ပေါက်တတ်ပါတယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အထိ)

အလုပ်အကိုင်ကတော့ ဒီအပတ်မှာ လုပ်သမျှ အဆင်ပြေဖို့ ကံအကြောင်းဖန်နေပါတယ်။ လက်ရှိအလုပ်အပြင် တခြားအပြင်အလုပ်တွေ၊ အလုပ်အသစ်တွေလည်း ပေါ်ပေါက် အောင်မြင်နိုင်ပါတယ်။ ငွေကြေး ကံကောင်းပြီး ရလိုက်ကုန်လိုက် ဖြစ်နေပါမယ်။ အချစ်ရေးမှာတော့ စိတ်ချမ်းသာ ကြည်နူးစရာတွေ ဖြစ်တည်လာနိုင်ပါတယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အထိ)

ငွေကြေးပိုင်းရော အလုပ်အကိုင်မှာပါ ဒီအပတ်က လက်မထောင် အောင်မြင်ပါလိမ့်မယ်။ လုပ်စရာ ရှိတာကို ပြတ်ပြတ်သားသားနဲ့ ရှေ့တိုး လုပ်ကိုင်နိုင်ဖို့ပဲ လိုအပ်ပါတယ်။ သတ္တိရှိလေ အောင်မြင်လေလို့ ဆိုရမှာပါပဲ။ အချစ်ရေး နှလုံးသားရေးမှာ ကြီးသူက ဝင်နှောင့်ယှက်တတ်ပြီး ပြဿနာလေးတွေ ဖြစ်ပွားလွယ်နေပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အထိ)

လုပ်ထားတာတွေ၊ လုပ်လက်စတွေ မပြီးမသတ်ဘဲ ဝေ့လည်နေတတ်ပါတယ်။ ဟိုဟာ မပြီး၊ ဒီဟာက လက်စ မသတ်နဲ့ တိုးလို့တန်းလန်းတွေချည်း ကြုံနေပါမယ်။ ဘာမှားနေလဲ ပြန်စဉ်းစားရပါမယ်။ ငွေကြေးကိစ္စတွေမှာ ရလိုက်ကုန်လိုက်နဲ့ အဖတ်မတင် ဖြစ်နေမယ်။ အချစ်ရေးမှာတော့ အဆင်ပြေပြေ ဖြတ်သန်းနိုင်ပါလိမ့်မယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အထိ)

အပြိုင်အဆိုင်တွေနဲ့အတူ တိုးတက်မှုတွေလည်း မြင်တွေ့ရမယ့် ကာလပါ။ အလုပ်တွေ အရင်ကထက်စာရင် အတော်လေး အဆင်ပြေလာဖို့ ရှိပါတယ်။ အကြီးအကဲတွေကလည်း ကူညီပါလိမ့်မယ်။ ငွေကြေးပိုင်းမှာတော့ လက်လွတ်စပယ် သုံးနေတာကို သတိပြုပါ။ အချစ်ရေးမှာ စိတ်ညစ်စရာကြားက ပျော်စရာတွေ ရှိနေပါမယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အထိ)

ကံကောင်းနေချိန် ဖြစ်လို့ ဘာလုပ်လုပ် အဆင်ပြေနေမှာ အသေချာပါပဲ။ တစ်ချက်သတိထားရမှာက သိပ်ပြီး အလောတကြီး မဆုံးဖြတ်ဖို့ ၊ စွတ်မလုပ်ဖို့ပါ။ ဒါလေး သတိထားရင် ရပါတယ်။ ငွေကြေးမှာ စိတ်ညစ်စရာတွေ ရှိလာနိုင်ပါတယ်။ ကြိုပြင်ထားပါ။ အချစ်ရေးမှာလည်း အကောင်းအဆိုးလေးတွေ ဒွန်တွဲ ဖြစ်နေတတ်ပါတယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ)

နေရင်းထိုင်ရင်း စိတ်ညစ်သလို ဖြစ်နေပြီး လူရေစိတ်ပါ နွမ်းနယ်သလို နေထိုင်မကောင်းသလိုတွေ ဖြစ်နေမယ်။ လုပ်ချင်တာတွေက စိတ်ပဲ ရှိပြီး လူက မလိုက်နိုင်ဘဲ ဖြစ်နေပါမယ်။ အလုပ်အကိုင် သိပ်မကောင်းဘဲ ဝင်ငွေနဲ့ ထွက်ငွေကလည်း အံကိုက် ဖြစ်နေပါမယ်။ အချစ်ရေးလေး အဆင်ပြေတာကပဲ သက်သာရာ ဖြစ်နေပါမယ်။

၁၂ ရာသီဖွားအားလုံး အဆင်ပြေပါစေဗျား

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)