၁၂ ရာသီဖွား တစ်ပတ်စာဟောကိန်း (၂၃.၉.၂၀၁၉ မှ ၂၉.၉.၂၀၁၉ အထိ)

ဒီတစ်ပတ် ရာသီခွင်အနေအထားအရ အကြမ်းဖျဉ်းသုံးသပ်ရရင် မကာရနဲ့ တူရာသီဖွားတွေက တခြား ရာသီဖွားတွေထက် အဆင်ပြေ ကံကောင်းလာနိုင်ပြီး ကျန်ရာသီဖွားတွေထဲမှာ ကန်၊ ဗြိစ္ဆာနဲ့ မိန်ရာသီဖွားတွေက ကံဇာတာ အနည်းငယ် နိမ့်ပါးနိုင်တယ်လို့ တွေ့ရှိရပါတယ်။ ရာသီခွင်တစ်ခုချင်း အလိုက် ပြောရရင်…

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အထိ)

ဘာလုပ်လုပ် အလျင်လို လောကြီးတာမျိုးကို သတိထားနိုင်ရင် ဒီအပတ်က အလုပ်အကိုင်တွေ သိပ် ကောင်း၊ အဆင်ပြေနိုင်တဲ့ ကာလပါပဲ။ လုပ်ချင်တာ ဖြစ်ချင်တာတွေ ဖြစ်လာဖို့လည်း ရှိနေပါတယ်။ စုနိုင်ဖို့ မလွယ်ပေမယ့် ဒီအပတ်မှာ ငွေဝင်ပါလိမ့်မယ်။ အချစ်ရေးကလည်း ပူပူဆူဆူနဲ့ အဆင်ပြေမှာပါ။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အထိ)

အေးရာအေးကြောင်း လုပ်နေလို့ မရဘဲ ခက်ခက်ခဲခဲ ဖြတ်သန်းရမယ့် အပတ်ပါ။ ဒါပေမယ့် ကိုယ်တိုင် ကြိုးစားမှု ရှိနေရင် ဘာတွေ ဖြစ်ဖြစ် ရင်ဆိုင် ဖြတ်သန်းသွားနိုင်ပါလိမ့်မယ်။ ငွေကြေးကိစ္စ အဆင်မပြေ စိတ်ညစ်ရတတ်တယ်။ နှလုံးသားရေးမှာ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် အဖြစ်အပျက်မျိုး ရှိလာပါမယ်။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အထိ)

အလုပ်အကိုင်ကိစ္စတွေ အဆင်မပြေ ဖြစ်တတ်ပြီး တစ်ယောက်တည်း လုပ်နေရင် မပြီးဘဲ ဖြစ်နေမယ်။ မိတ်ဆွေ၊ ဆရာသမား စတဲ့ အကူအညီတွေ လိုအပ်လာပါမယ်။ ငွေကြေးအခြေအနေ မဆိုးပေမယ့် တခါတလေ ကျပ်သွားတတ်ပါတယ်။ အချစ်ရေးမှာတော့ ခါတိုင်းထက် သာယာချမ်းမြေ့နေပါလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အထိ)

ဒီအပတ်မှာ အရင်အပတ်တွေလို သိပ်အကောင်းကြီး မဟုတ်တော့ပေဘဲ ညံ့လိုက်၊ ကောင်းလိုက်နဲ့ပဲ ဖြတ်သန်းရပါလိမ့်မယ်။ မထင်ထားတာတွေ ဖြစ်လာတတ်ပါတယ်။ ငွေကြေးပိုင်းမှာတော့ အဆင်ပြေ အကျိုးရှိနေမယ်။ နှလုံးသားရေးမှာ ယာယီ ပြဿာနာလေးတွေ ပေါ်ပြီးမှ ပြန်အဆင်ပြေသွားပါမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ)

အဆက်အသွယ်ကောင်း၊ ဂွင်ကောင်းတွေ တွေ့မယ့် သီတင်းပတ်လို့ ဆိုရမှာပါ။ ဟိုဟိုဒီဒီ သွားလာရင်း လုပ်ကိုင်ရင်း ခရီးထွက်ရင်း အခွင့်အလမ်းသစ်တွေ မြင်ရပါမယ်။ ငွေကြေးကိစ္စ စိတ်ညစ်စရာအမျိုးမျိုး ပေါ်လာနိုင်ပါတယ်။ အချစ်ရေးမှာ အရင်က မပြေမလည် ဖြစ်ခဲ့တာတွေ ပြန်ဖြေရှင်းသွားနိုင်ပါလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အထိ)

အများနဲ့ တစ်ယောက်ဆိုသလို လူမှုဆက်ဆံရေးပိုင်းမှာ ပြဿနာတွေ ဖြစ်လွယ်နေပါတယ်။ အစုစပ်နဲ့ ရှယ်ယာမျိုးတွေ မလုပ်ဖို့ သတိထားပါ။ စိတ်တို ဒေါသထွက်လွယ်တာမျိုး ရှောင်ပါ။ ငွေကြေးပိုင်းမှာက ကောင်းမွန်ဖို့ ရှိပါတယ်။ အချစ်ရေးမှာတော့ နားလည်မှုတွေ ပျောက်ပြီး အခြေအတင် ရှိလာနိုင်ပါတယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အထိ)

ဒီအပတ်ထဲမှာ အလုပ်ကိစ္စတွေ အဆင်မပြေ ဖြစ်တတ်ပေမယ့် ခဏလေးနဲ့ ကိုင်တွယ် ဖြေရှင်းနိုင်မယ်။ စိတ်ကူး မျှော်လင့်ထားတာတွေ တဖြည်းဖြည်း ရုပ်လုံးပေါ်လာပါမယ်။ ငွေကြေးကိစ္စ မပြေလည်မှုတွေ ပေါ်လာပြီး ငွေထွက်များနေပါမယ်။ အချစ်ရေးမှာတော့ ရင်ခုန်စရာတွေ စိတ်လှုပ်ရှားစရာတွေချည်းပါပဲ။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အထိ)

ကံဇာတာ အကျပိုင်းထဲ ခဏ ရောက်နေလို့ ဘာပဲလုပ်လုပ် အဆင်မပြေ ဖြစ်နေပါမယ်။ အပြိုင်အဆိုင် များပြီး အသည်းအသန် ရုန်းကန်ရသလို လုပ်နေတတ်ပါတယ်။ ငွေကြေးကံလေး မဆိုးဘူး ဆိုပေမယ့် အပျော်အပါးများလို့ အဖတ်မတင်ပါဘူး။ အချစ်ရေးမှာ နားလည်မှုတွေ ပိုလိုအပ်မယ့် ကာလဖြစ်တယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အထိ)

အလုပ်ကနေ အကျိုးအမြတ် ခံစားခွင့်တွေ ပေါ်ပေါက် ရရှိပါလိမ့်မယ်။ အလုပ်မှာ အခက်အခဲတွေနဲ့ ဝန်းရံနေတတ်ပေမယ့် သူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းသွားနိုင်ပါမယ်။ မိတ်ဆွေအကျိုးကျေးဇူးကို ခံစားခွင့် ရရှိပါမယ်။ အချစ်ရေးနှလုံးသားရေးမှာ လက်တွဲဖော်နဲ့ ပိုနီးစပ် ပိုနားလည်နိုင်မယ့် သီတင်းပတ်ပါပဲ။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အထိ)

မပြောပလောက်တဲ့ စိတ်ညစ်စရာလေးတွေက လွဲရင် ဒီအပတ်မှာ အလုပ်အကိုင်ကံတွေ သိပ်ကောင်း၊ သိပ်အောင်မြင်နိုင်ပါတယ်။ ကိုယ့်ဘက်က ကြိုးစား ရယူတတ်ဖို့ပဲ လိုပါလိမ့်မယ်။ ငွေကြေးကံကလည်း ကောင်းနေလို့ ကြံဖန် ရှာဖွေနိုင်ပါမယ်။ အချစ်ရေးမှာ မပြေလည်တာတွေကို အဆုံးသတ်နိုင်ပါမယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ထိ)

အလုပ်နဲ့ ပတ်သက်လို့ စိတ်သောက ရောက်စရာတွေ၊ အကြီးအကဲ ပြဿနာ ရှာတာမျိုးတွေ ကြုံရ ဆုံရတတ်ပါတယ်။ ဒါပေမယ့် အဆိုးထဲက အကောင်းတွေလည်း တွေ့ရပါလိမ့်မယ်။ ငွေကြေးပိုင်းမှာ ရှာသလောက် အဖတ်မတင် ဖြစ်မယ်။ အချစ်ရေးမှာ နားလည်မှု ယူဖို့ ပိုမို ခက်ခဲလာတတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ)

အရာရာကို မကောင်းမြင်နေပြီး ကိုယ်တိုင်ကလည်း စိတ်ပျက်လက်ပျက် ဖြစ်လွယ်နေတတ်ပါတယ်။ ဘယ်ကိစ္စမဆို ကိုယ်လုပ်လိုက်မှ ပိုဆိုးသလိုမျိုးတွေ ဖြစ်နေပါမယ်။ ငွေကြေးပိုင်းမှာ ကိုယ်က ညံ့လို့ ရသင့်သလောက် မရ ဖြစ်တတ်ပါတယ်။ အချစ်ရေးမှာ အဆင်မပြေမှုလေးတွေ ဖြစ်လာနိုင်ပါတယ်။

၁၂ ရာသီဖွားအားလုံး ကံကောင်း အောင်မြင်ကြပါစေ

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)