၁၂ ရာသီဖွား တစ်ပတ်စာဟောကိန်း (၁၈.၁၁.၂၀၁၉ မှ ၂၄.၁၁.၂၀၁၉ အထိ)

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အထိ)

အလုပ်နဲ့ ပတ်သက်ရင် သိပ်မထူးခြားဘဲ ပုံမှန်လေး ရှိနေပါတယ်။ နည်းနည်း အခက်အခဲလေး ရှိပေမယ့် အေးဆေး ပြီးသွားမှာပါ။ ငွေကြေးကိစ္စတွေမှာ နည်းနည်း ညစ်ရမယ်။ အချစ်ရေးမှာ ရင်ခုန်စရာတွေ သိပ်များလာပါမယ်။ FA တွေလည်း RS ဖြစ်ဖို့ ကြိုးစားကြည့်နိုင်ပါတယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အထိ)

ဒီအပတ်မှာ အလုပ်ကိစ္စ အညံ့ ရှိပါတယ်။ အထူးသဖြင့် ငွေကြေးပိုင်းမှာ ပြဿနာ ဖြစ်လွယ်လို့ အပေးအယူ၊ အသိမ်းအဆည်း အကုန် သတိထားပါ။ စိတ်ကူးနဲ့ မှန်း လုပ်တာတွေကို ရှောင်ပါ။ အချစ်ရေးမှာ နားလည်မှု လွဲတာလေးတွေ ပေါ်လာတတ်ပေမယ့် ပြန်ပြေလည်ပါလိမ့်မယ်။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အထိ)

အလုပ်မှာ ပြိုင်ဘက်တွေ၊ ပြဿနာ ရှာချင်သူတွေ ပေါ်လာနိုင်ပါတယ်။ ထင်ထားသလို မဖြစ်၊ မထင်ထားတာတွေ ဖြစ်ပျက်လာတတ်ပါတယ်။ ငွေရေးကြေးရေးကတော့ ရလိုက်ကုန်လိုက် ဖြစ်နေမှာပါပဲ။ နှလုံးသားရေးမှာ ကိုယ့်ဘက်က အလေးထားမှုတွေ ပိုပေးဖို့ လိုနေပါတယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အထိ)

အလုပ်တွေ ပြန်ကောင်းလာပြီ ဆိုပေမယ့် ခပ်နှေးနှေးပဲ ဆက်သွားမှာပါ။ ဖြစ်ချင်တာတွေကို သည်းခံ စောင့်ဆိုင်းရင်း လုပ်သင့်တာ လုပ်သွားပါ။ ငွေကြေးအကုန်အကျတွေ သိပ်များနေလို့ သတိထားရပါမယ်။ အချစ်ရေးမှာ နှစ်ဦးသားအဆင်ပြေပြီး ဘေးလူ နှောင့်ယှက်တတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ)

အလုပ်အကိုင် အကောင်းဘက် ရှိနေပါတယ်။ နည်းနည်း လုပ်ပြီး များများ အမြတ်အစွန်း ရှိ၊ ဝင်ငွေကောင်းမယ့် သီတင်းပတ်ပါပဲ။ ဒါပေမယ့် ငွေကြေးကိစ္စမှာ အရှုပ်အရှင်း ရှိနိုင်ပါတယ်။ နှလုံးသားရေးမှာတော့ နည်းနည်း အညံ့ ရှိပါတယ်။ ချစ်ရေးဆိုတာတွေ ခဏ စောင့်ဆိုင်းပါ။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အထိ)

အရင်အပတ်တွေတည်းက အဆင်မပြေတာတွေက ဒီအပတ်အကုန်လောက်မှာ အိုကေပါမယ်။ လွဲနေတာတွေ ပြန်တည့်ပြီး လမ်းကြောင်းမှန်ပေါ် ရောက်လာပါမယ်။ ငွေကြေးကိစ္စလည်း ဒီပုံ ဒီအတိုင်းပါပဲ။ အချစ်ရေးမှာ သွေးအေးပြီး နှစ်ဦးသား ခပ်ခွာခွာ နေချင်သလို ဖြစ်တတ်ပါတယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အထိ)

အလုပ်တွေ မပြီးမပြတ်နဲ့ အမျှင်တန်းနေပါမယ်။ ဖြစ်ချင်တာတွေလည်း ခဏ သည်းခံ စောင့်ပြီး လုပ်ရပါမယ်။ စိတ်မြန်သလောက် လူမလိုက်နိုင် ဖြစ်နေပါမယ်။ ငွေကြေးပြဿနာ သတိပြုပါ။ နှလုံးသားရေးမှာ စိတ်ပျက် ဒေါသထွက်စရာတွေ ဖြစ်လာနိုင်ပါတယ်။ စိတ်ရှည်သည်းခံပါ။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အထိ)

နေရာအဆင့်အတန်း မြင့်မားတာ၊ ရာထူးလုပ်ကိုင်ခွင့်တွေ ရရှိတာ၊ မင်းစိုးရာဇာပိုင်းက ကူညီ စောင်မတာတွေ ကြုံတတ်ပါတယ်။ အလုပ်ရော ငွေကြေးပါ ကောင်းမွန်မယ့် သီတင်းပတ်ပါပဲ။ အချစ်ရေးမှာ ဘေးက စိတ်ရှုပ်စရာတွေကြောင့် ဆက်ဆံရေး ကသိကအောက် ရှိတတ်ပါတယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အထိ)

အစောပိုင်းက အဆင်မပြေ ဖြစ်နေတဲ့ အလုပ်တွေ အပေါက်အလမ်းတည့် အောင်မြင်ပါမယ်။ စိတ်ကူးထားတာလေးတွေ လုပ်ဖြစ်ပါလိမ့်မယ်။ ငွေကြေးကိစ္စမှာတော့ အညံ့ ရှိလို့ သတိပြုပါ။ နှလုံးသားရေးမှာ နားလည်မှု လွဲပြီး အချင်းချင်းကြား စိတ်တိုစိတ်ကောက် ဖြစ်တတ်ပါတယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အထိ)

အလုပ်တွေ ကောင်းလာနိုင်ပေမယ့် စိတ်မြန်လက်မြန် လျှောက်လုပ်တာမျိုး မသင့်သေးပါဘူး။ မျှော်လင့်သလို မဖြစ်သေးဘဲ သည်းခံ စောင့်ဆိုင်းပေးရပါဦးမယ်။ ငွေကြေးကိစ္စမှာ ရလိုက်ရင်း ကုန်လိုက်ရင်း ဖြစ်နေပါမယ်။ အချစ်ရေး အိမ်ထောင်ရေးမှာတော့ ပုံမှန်လေး ရှိနေပါမယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အထိ)

အလုပ်မှာ ဆူဆူပူပူနဲ့ အကျိုးပေး ကောင်းနေပါမယ်။ လူရောစိတ်ပါ မနားမနေ အလုပ်တွေ သိပ်များလာနိုင်ပါတယ်။ လုပ်သလောက်လည်း အကျိုးရှိပါမယ်။ ငွေကြေး အပါအဝင်ပေါ့။ အချစ်ရေးမှာတော့ အသေးအဖွဲ ပြဿနာလေးတွေက လွဲရင် အားလုံး အဆင်ပြေပါမယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ)

အလုပ်အကိုင် ကောင်းသလောက် လူလည်း ပင်ပန်းရပါလိမ့်မယ်။ တစ်ခုထက်မတဲ့ အလုပ်၊ အခွင့်အလမ်းတွေ ပေါ်လာပါမယ်။ ကြိုးစားလေ အောင်မြင်လေပါပဲ။ ငွေကြေးကတော့ သိပ် အဖတ်မတင်နိုင်ပါဘူး။ နှလုံးသားရေးမှာ အစောပိုင်း ပြဿနာတွေ ပြေလည်သွားပါမယ်။

(၁၂) ရာသီဖွားအားလုံး အောင်မြင် ပျော်ရွှင်တဲ့ သီတင်းပတ် ဖြစ်ပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)