၁၂ ရာသီဖွား အပတ်စဉ်ဟောကိန်း (၉.၁၂.၂၀၁၉ မှ ၁၅.၁၂.၂၀၁၉ အထိ)

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ ထိ)  – အလုပ်အကိုင်တွေ ကောင်းလာနိုင်ပေမယ့် ကျန်းမာရေးကို ဂရုစိုက်ရပါမယ်။ ငွေကြေးကံကတော့ ပုံမှန်ထက် ကောင်းလာမှာပါ။ သတိပြုရမှာက အပေးအယူတွေ မရှုပ်ဖို့၊ လူလိမ် သတိထားဖို့ပါပဲ။ အချစ်ရေးအခြေအနေကတော့ သိပ် မထူးခြားလောက်ပါဘူး။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ ထိ) – ဒီအပတ် အလုပ်တွေက များသလောက် အဆင်ပြေပါမယ်။ အကူအညီတွေလည်း ရလာပါမယ်။ ငွေရေးကြေးရေးမှာ စိတ်ညစ်စရာလေးတွေ ပေါ်လာတတ်တယ်။ ပြောရဆိုရ ရှင်းရမယ်။ နှလုံးသားရေးမှာ စကားမှား၊ လေသံမာလို့ ကတောက်ကဆ ဖြစ်လွယ်မယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ ထိ) – ကံနိမ့်နေတဲ့ ကာလ ဖြစ်လို့ အစစအရာရာ သတိထားပါ။ အများနဲ့ တွဲလုပ်ရတဲ့ အလုပ်တွေဆို ပိုလို့တောင် ဂရုစိုက်ရမယ်။ ငွေကြေးရလမ်း ရှိပေမယ့် ထင်သလို မရိုးရှင်းဘူး။ ချစ်ရေးချစ်ရာမှာလည်း နေရင်းထိုင်ရင်း ပြဿနာတွေ ဖြစ်လွယ်နေလို့ စိတ်လျှော့ထား။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ ထိ) – အလုပ်တွေ ကောင်းသလို စိတ်ရောလူပါ လန်းနေမယ်။ ကူညီမစမယ့်သူတွေ ပေါမယ်။ အဆက်အသွယ်တွေ ချိတ်မိလာမယ်။ ငွေရလမ်းတွေ ပွင့်နေတဲ့ကြားက လက်ထဲ ငွေကျပ်သွားတတ်တယ်။ အချစ်ရေး အိမ်ထောင်ရေး ဆူဆူပူပူနဲ့ ပျော်စရာကြီး ဖြစ်နေမယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ ထိ) – နေလို့ထိုင်လို့ မကောင်း၊ အလုပ်တွေကလည်း သိပ်ပြီး အဆင်မပြေ၊ လူလိမ်လူကောက်လည်း သတိထားရမယ့် အချိန်ပါ။ ငွေကြေးလည်း ရလိုက်ကုန်လိုက်နဲ့ ဖြစ်နေမယ်။ နှလုံးသားရေးမှာ အတိုက်အခံနဲ့ အငြင်းပွားစရာတွေ ဖြစ်လာတတ်လို့ ကြည့်ကျက်လုပ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ ထိ) – အလုပ်မှာ အေးအေး မနေရဘဲ အပြိုင်အဆိုင် ပေါလာမယ်။ လုပ်ချင်စိတ် များပေမယ့် သိပ်မကောင်းသေးဘူး။ ငွေကြေးကိစ္စလည်း သိပ်မဟန်လှဘူး။ ရစရာတွေ ကြာနေဦးမယ်။ အချစ်ရေးမှာတော့ ကြည်နူးပျော်ရွှင်စရာလေးတွေ ပေါ်လာဖို့ ရှိနေတယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ထိ) – အလုပ်အကိုင်လမ်းကြောင်းသစ်တွေ စပြီး ပေါ်လာမယ်။ နှေးပေမယ့် အရင်ထက် တိုးတက်လာမယ်။ ငွေကြေးပိုင်းမှာတော့ အလှည့်အပတ်တွေ သိပ်များနေမယ်။ အဝင်အထွက် များမယ်။ အချစ်ရေးမှာ အပြောအဆိုလေးတွေ သတိထားရလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ထိ) – စိတ်ကူးထားတာတွေ လက်တွေ့ လုပ်နိုင်ပြီး အလုပ်တွေလည်း ကောင်းလာမယ်။ ငွေရေးကြေးရေးမှာတော့ စိတ်ညစ်စရာလေးတွေ ပေါ်နေဦးမယ်။ ဘေးလူ အကူအညီကို ရယူပါ။ နှလုံးသားရေးမှာတော့ ရာသီဥတုနဲ့အပြိုင် အေးချမ်းသာယာနေမယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ ထိ) – အလုပ်တွေ သိပ်မကောင်းဘူး။ လုပ်သမျှတွေလည်း တလွဲတွေ ဖြစ်နေမယ်။ စိတ်ပူရ စိတ်ညစ်ရမယ်။ ငွေကြေးကိစ္စတွေမှာတော့ အခြေအနေ မဆိုးလှပါဘူး အချစ်ရေး၊ နှလုံးသားရေးဘက် ကြည့်ရင် မကျေလည်စရာတွေ၊ စကားများစရာတွေ ပေါ်လာနိုင်တယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ ထိ) – တိုးတက်မှုလမ်းစတွေ ပွင့်လာမယ်။ အလုပ်တွေ ကောင်းလာဖို့ ရှိတယ်။ ဝုန်းဒိုင်းမဟုတ်ဘဲ ဖြည်းဖြည်းချင်း ကောင်းမယ်။ ငွေကြေးနဲ့ ပတ်သက်လို့တော့ လက်ထဲ မမြဲ ဖြစ်နေမယ်။ အချစ်ရေးကိစ္စမှာတော့ ပျော်စရာတွေနေ့စွဲတွေ ပိုများလာဖို့ ရှိနေပါတယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ထိ) – အလုပ်တွေကို ခပ်သွက်သွက်နဲ့ မြန်မြန်ဆန်ဆန် လုပ်ရတော့မယ်။ အေးနေလေးနေရင် ကျန်ခဲ့လိမ့်မယ်။ ဒါပေမယ့် သိပ်စွန့်စားလွန်းရင် မကောင်းပြန်ဘူး ငွေကြေးကိစ္စမှာ အသုံးထက် အဖြုန်း များနေမယ်။ အချစ်ရေးကံ ညံ့နေလို့ နားလည်မှုတွေ လိုနေမယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ ထိ) – အလုပ်ကိစ္စမှာ အာရုံနောက်စရာ စိတ်သောကတွေ ပေါ်လာနိုင်တယ်။ အကြီးအကဲတွေက ပြဿနာ ရှာတတ်တယ်။ ဒါပေမယ့် ပြန်ပြေလည်သွားလိမ့်မယ်။ ငွေကြေးကံ ပွင့်လန်းနေမယ်၊ ကြံဖန် ရှာနိုင်မယ်။ နှလုံးသားရေးက အေးဆေး သာယာချမ်းမြေ့မယ်။

၁၂ ရာသီဖွားအားလုံး အေးချမ်းပျော်ရွှင်တဲ့ သီတင်းပတ် ဖြစ်ပါစေ  – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)