၁၂ ရာသီဖွား အပတ်စဉ်ဟောစာတမ်း (၂.၃.၂၀၂၀ မှ ၈.၃.၂၀၂၀ အထိ)

တချို့က (၁၂) ရာသီဖွားဟောစာတမ်း ဆိုတာ ဘယ်လိုလဲ နားမလည်ကြပါဘူး။ (၁၂) ရာသီခွင်ဆိုတာ ကိုယ်မွေးဖွားတဲ့ လ၊ ရက်က ဘယ်ရာသီခွင်ထဲမှာ ကျရောက်နေသလဲ ဆိုတာ ကြည့်ပြီး ဟောကိန်းကို ဖတ်ရှုရတာမျိုးပါ။ ဥပမာ ခင်ဗျားဟာ နိုဝင်ဘာ ၁၆ မှာ မွေးဖွားခဲ့တယ်ဆိုရင် (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ထိ) ကို ဗြိစ္ဆာရာသီက လွှမ်းမိုးတဲ့အတွက် ဗြိစ္ဆာအတွက် ဟောစာတမ်းကို ဖတ်ရှုရပါမယ်။ ဒါလောက်ဆို နားလည်ပြီလို့ ယူဆပါတယ်။ နားမလည်သေးရင် Comment မှာ မေးမြန်းနိုင်ပါတယ်။

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အထိ) -ဒီအပတ် အလုပ်အကိုင်ကံ အတော်သင့် ကောင်းမွန်မယ်။ လုပ်ငန်းထဲမှာ ဘက်ပြိုင်သူတွေ၊ အတိုက်အခံတွေ ရှိလာမယ်။ ငွေကြေးကိစ္စ စိတ်ချမ်းသာရလိမ့်မယ်။ အိုးအိမ်နေရာအတွက် စိတ်ညစ်ရမယ်။ အချစ်ရေးမှာ အများအားဖြင့် ပျော်ရွှင်ကြည်နူးစရာ ဖြစ်နေမယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အထိ) – ခရီးကိစ္စ စိတ်ညစ်ရမယ်။ အသွားအလာတိုင်းမှာ ဂရုစိုက် သတိထားဖို့ လိုမယ်။ အလုပ်တွေ ပိုများလာသလို လုပ်တာတွေလည်း အကျိုးရှိမယ်။ ငွေကြေးအတွက် ပြောရဆိုရ ဖြစ်ပြီးမှ အဆင်ပြေမယ်။ နှလုံးသားရေးမှာ အကောင်း၊ အဆိုးတွေ အလှည့်ကျ ဖြစ်နေမယ်။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အထိ) – အလုပ်တွေ ကောင်းပေမယ့် ချောချောမွေ့မွေ့ မဟုတ်ဘဲ အခက်အခဲကြားက ဖြတ်သန်းရမယ်။ မပြီးမပြတ်အလုပ်တွေ ပုံပိကျလာလိမ့်မယ်။ ငွေကြေးကိစ္စ စကား များ၊ ရန်များရမယ်။ ရသလောက် အဖတ်မတင်ဘူး။ အချစ်ရေးမှာ ရင်ခုန်စိတ်လှုပ်ရှားစရာ ရှိလာမယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အထိ) – အများနဲ့ တစ်ယောက် နားလည်မှု တည်ဆောက်ဖို့ ခဲယဉ်းမယ်။ လူမှုပြဿနာ ပိုများနိုင်တယ်။ အလုပ်တွေလည်း ပိုရှုပ်လာမယ်။ အချိန်ဆွဲမရဘဲ အမြန်ကို လုပ်ရလိမ့်မယ်။ ငွေကြေးကိစ္စ အဆင်ပြေမယ်။ နှလုံးသားရေးမှာတော့ အခြေအတင်လေးတွေ ရှိမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ) – အလုပ်တွေ မပြီးမပြတ် များပေမယ့် လုပ်တာတွေ အကျိုးရှိနေမယ်။ အခက်အခဲကြားက အောင်မြင်မယ်။ ငွေကြေးအရှုပ်အရှင်း ဖြစ်မယ်။ သတိထားပါ။ ကျန်းမာရေးလည်း ဂရုစိုက်ရမယ်။ အချစ်ရေးမှာ ရန်များ၊ စကားများ ဖြစ်မယ်။ သည်းခံ စိတ်ရှည်ပါ။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ ထိ) – အလုပ်ဟောင်းတွေ ကောင်းပြီး လုပ်လက်စတွေ အပြီးမသတ်နိုင် ဖြစ်မယ်။ အကြီးအကဲနဲ့ စပ်တူစပ်ဖက် အကူအညီ ရမယ်။ ငွေကြေးအတွက် စိတ်ညစ် ခံရပြီးမှ အဆင်ပြေမယ်။ ဝင်ငွေ မြဲမယ်။ နှလုံးသားရေးမှာ စကားမှား၊ ကတိပျက်လို့ ရှင်းရတတ်တယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ထိ) – အပြိုင်အဆိုင်တွေ သိပ်များပြီး အာရုံတွေ နောက်ရလိမ့်မယ်။ အလုပ်မှာ အကောင်းနဲ့အဆိုးတွေ ရောနေမယ်။ လူရောစိတ်ပါ ပင်ပန်းနေရမယ်။ ငွေကြေးကိစ္စတော့ အဆင်ပြေမယ်။ အချစ်ရေးဘက်မှာ စိတ်လှုပ်ရှား၊ စွန့်စားရတာတွေ ဖြစ်လာမယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ထိ) – အလုပ်တွေ ကောင်းမယ်။ ခရီးကောင်းတွေ သွားလာရနိုင်တယ်။ အကျိုးတူကိစ္စ ညှိနှိုင်း အဆင်ပြေမယ်။ ငွေကြေးနဲ့ ပတ်သက်လို့ စွန့်စားတာတွေ အောင်မြင်မယ်။ အမြတ်အစွန်း ကောင်းမယ်။ အချစ်ရေးကတော့ အာရုံနည်းနည်း နောက်ရလိမ့်မယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ ထိ) – အစပိုင်း အဆင်မပြေ ဖြစ်နေတာတွေ ဒီအပတ်မှာ အားလုံး ပြန်ကောင်းလာမယ်။ စိတ်ညစ်စရာလေး ရှိပေမယ့် ခြုံကြည့်ရင် အကောင်းများတဲ့ အချိန်ပါ။ ဝင်ငွေ၊ ထွက်ငွေ မြန်ဆန်နေမယ်။ နှလုံးသားရေးမှာ စိတ်မကြည်မလင် ဖြစ်စရာလေးတွေ များမယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ ထိ) – ဘာလာလာ ချမယ် လုပ်မယ် ဆိုတဲ့ စိတ်ဓာတ် ပြင်းထန်လာမယ်။ စွန့်စားချင်စိတ်ကြောင့် အောင်မြင်မယ်။ လုပ်ကိုင်ခွင့်တွေ ပိုရလာမယ်။ အစွမ်းတွေ ပြသနိုင်မယ်။ ငွေကြေးကိစ္စ စိတ်ချမ်းသာရမယ်။ အချစ်ရေးမှာတော့ ပြဿနာ နည်းနည်း ရှိလိမ့်မယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ထိ) – လုပ်ချင်တာတွေ မလုပ်ရဘဲ မတတ်သာလို့သာ ဆက်လုပ်နေရလိမ့်မယ်။ စိတ်ပျက်လက်ပျက် ဖြစ်စရာတွေ များမယ်။ အလုပ်ကို စိတ်ကုန်သွားနိုင်ပြီး ငွေကြေးကိစ္စမှာလည်း မရှင်းမလင်းတွေ များမယ်။ အချစ်ရေးမှာတော့ အတော်သင့် အဆင်ပြေမယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ) – မပြီးတာတွေ ရှင်းရမယ်။ တာဝန် ယူထားတာတွေ ခေါင်းခံရမယ်။ အလုပ်တွေ ကောင်းပေမယ့် လှုပ်ရှားရုန်းကန်မှု များမယ်။ လူရောစိတ်ပါ ပင်ပန်းရမယ်။ ငွေကြေးကိစ္စ အဆင်ပြေ အိုကေမယ်။ နှလုံးသားရေးမှာ စိတ်ချမ်းသာ ပြေလည်မှုတွေ ပြည့်လာမယ်။

၁၂ ရာသီဖွားအားလုံးအတွက် ကံကောင်းမယ့် သီတင်းပတ် ဖြစ်ပါစေ – ဧက (ဗေဒင်သုတ)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)