၁၂ ရာသီဖွား အပတ်စဉ်ဟောစာတမ်း (၁၆.၃.၂၀၂၀ မှ ၂၂.၃.၂၀၂၀ အထိ)

(၁၂) ရာသီခွင်ဆိုတာ ကိုယ်မွေးဖွားတဲ့ လ၊ ရက်က ဘယ်ရာသီခွင်ထဲမှာ ကျရောက်နေသလဲ ဆိုတာ ကြည့်ပြီး ဟောကိန်းကို ဖတ်ရှုရတာမျိုးပါ။ ဥပမာ ခင်ဗျားဟာ မတ်လ ၁၄ ရက်မှာ မွေးဖွားသူဆိုရင် (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ) ကို မိန်ရာသီက လွှမ်းမိုးတဲ့အတွက် မိန်ရာသီဖွားဟောစာတမ်းကို ဖတ်ရှုရပါမယ်။ ဒါလောက်ဆို နားလည်ပြီလို့ ယူဆပါတယ်။ နားမလည်သေးရင် Comment မှာ မေးမြန်းနိုင်ပါတယ်။

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အထိ) – အလုပ်မှာ အတိုက်အခံ ပေါ်ပြီး အကျိုးပေးမယ်။ ဖြစ်ချင်တာတွေ ဖြစ်လာဖို့ ရှိတယ်။ လုပ်ရဲလေ အောင်မြင်လေပဲ။ ငွေကြေးကိစ္စ အဆင်ပြေပြီး အကုန်အကျ သိပ်များမယ်။ အချစ်ရေး ကောင်းနေလို့ ပြောချင်၊ ညှိချင်တာလေးတွေ လုပ်ပါ။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အထိ) – စန်းပွင့်နေတယ်။ အလုပ်လည်း ကောင်းနေမယ်။ ပွဲလမ်းအပျော်အပါး များမယ်။ ခရီးသွားရမယ်။ ပညာသင်နေဆဲ လူငယ်တွေ ကံကောင်းမယ်။ ငွေရေးကြေးရေးကိစ္စ နှောင့်နှေးမယ်။ အချစ်ရေး အိုကေမယ်။ အိမ်ထောင်ရေး သာယာမယ်။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အထိ) – အလုပ်မှာ စိတ်ညစ်ရမယ်။ ဟိုဟာမပြီး ဒီဟာက မပြတ်နဲ့ ဖြစ်မယ်။ ဖြေရှင်းရကိန်း ရှိတယ်။ အပျော်အပါးကိစ္စတွေ များနေရင် လျှော့ချလိုက်ပါ။ ငွေဝင်သလောက် ပြန်ထွက်နေမယ်။ အချစ်ရေးမှာတော့ ရန်နဲ့ ယှဉ်မယ်။ ပြီးမှ အဆင်ပြေမယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အထိ) – အလုပ်များမယ်။ တာဝန် ကြီးမယ်။ လူရော စိတ်ပါ မနားရအောင် ပင်ပန်းမယ်။ ဒါပေမဲ့ အကျိုးရှိမယ်။ အလုပ်တွေ ကောင်းလာတော့မယ်။ ငွေကြေးကိစ္စကတော့ သိပ်မကောင်းသေးဘူး။ အချစ်ရေးမှာ အဖုအထစ်လေးတွေ ရှိလာမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ) – အလုပ်တွေ ကောင်းချင်ရက်နဲ့ ကိုယ်တိုင် လက်နှေးနေလို့ ရသင့်သလောက်မရ ဖြစ်မယ်။ ဒါပေမဲ့ အတော်များများမှာ အဆင်ပြေမယ်။ ငွေကတော့ ဝင်လိုက်ထွက်လိုက် များလိမ့်မယ်။ အချစ်ရေးမှာ စိတ်ညစ်စရာက ပိုများနေမယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အထိ) – ကံတရားက ဖေးမလာချိန် ဖြစ်နေလို့ ခက်ခဲတာတွေ ပြေလည်သွားမယ်။ အဆင်မပြေတာတွေ ပြီးဆုံးသွားမယ်။ လုပ်ချင်တာတွေကို လုပ်ခွင့်ရလာမယ်။ ငွေကြေးလည်း စိုပြေလာမယ်။ နှလုံးသားရေးမှာတော့ ပြဿနာ ရှိနေမယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အထိ) – ဒီအပတ်က အကောင်းနဲ့အဆိုး ဒွန်တွဲနေတယ်။ အနိမ့်အမြင့်တွေ သိပ်များလိမ့်မယ်။ အလုပ်ထဲမှာ ပြဿနာတွေ များလာမယ်။ အခက်အခဲကြားက ငွေဝင်လိမ့်မယ်။ အချစ်ရေးမှာ ခါတိုင်းထက် ပိုသာယာချမ်းမြေ့ပါလိမ့်မယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ထိ) – အလုပ်အကိုင်မှာ ဘယ်အရာကိုမှ အချောင်မရနိုင်လို့ ရုန်းကန်လှုပ်ရှားမှ အဆင်ပြေလိမ့်မယ်။ ဖြစ်ချင်တာတွေအတွက် သည်းခံ စိတ်ရှည်ရမယ်။ ငွေအဝင်အထွက် မြန်ဆန်နေမယ်။ အချစ်ရေးမှာတော့ ကံကောင်းနေတယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ ထိ) – အလုပ်မှာ ပြောရဆို ငြင်းရတာတွေ ရှိမယ်။ တာဝန်ကြီးတွေ ထမ်းရမယ်။ အဲလိုပဲ စိတ်ပျက်စရာတွေလည်း ကြုံရမယ်။ ဒါပေမဲ့ အားလုံးကို ကျော်ဖြတ်နိုင်မယ်။ ငွေကြေးကိစ္စ အိုကေမယ်။ အချစ်ရေးမှာ စိတ်ရှုပ်ပြီးမှ အဆင်ပြေမယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ ထိ) – အလုပ်တွေ ကောင်းမယ်။ ကိုယ့်ပညာနဲ့ အစွမ်းအစကို ထုတ်သုံးနိုင်မယ်။ အဘက်ဘက်က တိုးတက်မှုတွေ မြင်ရမယ်။ ငွေကြေးကိစ္စမှာ အထိုက်အလျောက် အဆင်ပြေမယ်။ နှလုံးသားရေးမှာလည်း စိတ်ချမ်းသာစရာတွေ ဖြစ်မယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ထိ) – ငွေဘယ်လောက်ဝင်ဝင် ပြန်ထွက်ဖို့ကို အသင့် ဖြစ်နေမယ်။ ရှာသလောက် အဖတ်မတင် ဖြစ်မယ်။ အလုပ်တွေ ကောင်းလာပြီးတော့ အသွားအလာတွေ ပိုများမယ်။ အချစ်ရေး ထူးထူးခြားခြား မရှိဘဲ ပုံမှန်လေး ဖြတ်သန်းမယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ ထိ) – နေရင်းထိုင်ရင်း ညစ်နေတာတွေ၊ လုပ်ချင်တာ ဖြစ်ချင်တာတွေအတွက် စိတ်ပင်ပန်းရတာတွေ ရှိမယ်။ အလုပ်တွေ မပြီးဘဲ စုပြုံကျလာဦးမယ်။ ငွေအကုန်အကျ သိပ်များမယ်။ လူလိမ် သတိပြုပါ။ အချစ်ရေးကံ အဆိုးအကောင်း မျှတတယ်။ ၁၂ ရာသီဖွားအားလုံးအတွက် ကံကောင်းမယ့် သီတင်းပတ် ဖြစ်ပါစေ – ဧက (ဗေဒင်သုတ)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)