၁၂ ရာသီဖွား အပတ်စဉ် ဟောကိန်း (၂၀.၁.၂၀၂၀ မှ ၂၆.၁.၂၀၂၀ ထိ)

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ ထိ) ငွေဝင်ကိန်းတွေ ရှိပေမယ့် ရတာနဲ့ ကုန်တာ မကာမိသလို ဖြစ်နေပါမယ်။ အလုပ်မှာ စိတ်ညစ်စရာတွေ ရှိပေမယ့် အချိန်တန်ရင် ပြန်အဆင်ပြေပါလိမ့်မယ်။ ပြီးသင့်တဲ့ အလုပ်တွေ မပြီးလို့ ဖြေရှင်းရလိမ့်မယ်။ အချစ်ရေးမှာ အတွဲတွေ အဆင်မပြေ ဖြစ်တတ်ပြီး တစ်ကိုယ်ရေသမားတွေ ကံကောင်းတတ်ပါတယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ ထိ) အလုပ်အကိုင်တွေ သိပ်မဆိုးပေမယ့် ကျန်းမာရေးနဲ့ ကိုယ့်ကိစ္စတွေမှာတော့ ကံနိမ့်သလို ဖြစ်နေတယ်။ ဒါပေမဲ့ ဘယ်လို ခက်ခဲမှုကိုမဆို ဖြတ်ကျော်နိုင်မယ်။ အဆက်အသွယ်ကောင်းတွေ ရလာဖို့ ရှိနေတယ်။ ငွေကုန်များလို့ ညစ်ရမယ်။ အချစ်ရေးက ကောင်းလိုက်၊ မကောင်းလိုက် ဖြစ်ရာက ပိုဆိုးသွားနိုင်တယ်။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ ထိ) အလုပ်ကံ ကောင်းနေတယ်။ အပြိုင်အဆိုင်တွေ ပေါများပေမယ့် ကိုယ်ကပဲ အသာစီး ရလိမ့်မယ်။ ငွေနံ ကံပွင့်နေတယ်။ ရလမ်းတွေ ဖြောင့်လာမယ်။ သူများနဲ့ အတိုက်အခံ မလုပ်မိအောင် ရှောင်ပါ။ အချစ်မှာ နားလည်မှုတွေ ခဏခဏ လွဲလို့ ဖြေရှင်းနေရလိမ့်မယ်။ ငြင်းခုံ ရန်ဖြစ်ရတာတွေ ပိုများလာတတ်တယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ ထိ) အလုပ်မှာ ရန်ပေါ်မယ်။ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ သိပ်များလာမယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မတည့်တာ၊ မျက်နှာချင်း မဆိုင်ချင်တာတွေ များလာမယ်။ ကိုယ်တိုင်ကလည်း စိတ်ရှုပ်နေတတ်တယ်။ ငွေကံ ပွင့်နေပေမယ့် မရေမရာတွေလည်း များတယ်။ အချစ်ရေးမှာလည်း စိတ်ဆင်းရဲစရာ ဖြစ်နေမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ ထိ) အလုပ်တွေ ကောင်းချင်သားနဲ့ ရန်များ၊ အာရုံနောက်နေရမယ်။ ဘာလုပ်လုပ် အဖုအထစ်တွေချည်းပဲ အရင် ကြုံရလိမ့်မယ်။ ငွေရေးကြေးရေးမှာတော့ ထူးထူးခြားခြား ကံကောင်းတတ်တယ်။ အချစ်ရေးမှာ ဘာကိုမှ စိတ်ချ ယုံလို့ မရ ဖြစ်နေမယ်။ အချင်းချင်းကြားမှာ ပွင့်လင်းသင့်တယ်။ ဒေါသ ရှေ့မထားနဲ့။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ ထိ) အလုပ်မှာ ရန်ပေါ်၊ အပြိုင်အဆိုင် များပြီး အကောင်းနဲ့ အဆိုးတွေ တပြိုင်တည်း ဖြစ်လာတတ်တယ်။ စိတ်လိုက်မာန်ပါ လျှောက်လုပ်ရင် ပိုဆိုးသွားမယ်။ ငွေကြေး ထင်သလောက် အဆင်မပြေ ဖြစ်မယ်။ အချစ်ရေးကိစ္စမှာတော့ စန်းပွင့်နေတယ် ဆိုရမယ်။ စိတ်ချမ်းသာ ကျေနပ်စရာတွေပဲ မြင်ရလိမ့်မယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ထိ) အလုပ်တွေ သိပ်မကောင်းသေးဘဲ လုပ်သမျှလည်း ခက်ခက်ခဲခဲနဲ့ ဖြစ်နေလိမ့်မယ်။ စိတ်သောကတွေ များနေပြီး ထင်သလို ခရီးမပေါက်ဘဲ ဖြစ်မယ်။ ငွေကြေးရလမ်းလေးတွေတော့ မြင်ရမယ်။ အချစ်ရေးက သာယာတဲ့ နယ်မြေထဲ ရောက်နေမယ်။ အချစ်သစ် ရှာနေသူတွေဆို လမ်းကြောင်းတွေ မြင်လာရမယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ထိ) အလုပ်အကိုင်ကံလေး ကောင်းနေမယ်။ လက်ရှိအလုပ်အပြင် တခြား ရပေါက်ရလမ်းတွေလည်း ရမယ်။ အလုပ်လေး ကောင်းပေမယ့် လက်ထဲ ငွေ မမြဲချင်ဘူး။ ရှာသလောက် အဖတ်မတင်နိုင်ဘဲ ဖြစ်နေမယ်။ အချစ်ရေးမှာ လက်တွဲတွေ ခိုင်မြဲပြီး နားလည်မှုတွေ ပိုပေးနိုင်မယ်။ ကံကောင်းနေချိန်လို့ ဆိုရပါမယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ ထိ) အလုပ်ကိစ္စ ခရီး အသွားအလာတွေ များလာနိုင်တယ်။ အဆက်အသွယ်တွေလည်း အရင်ကထက် ပို ရလာလိမ့်မယ်။ အခြေအနေက အကောင်းဘက်မှာပါပဲ။ ငွေကြေးကံမှာ အကောင်းနဲ့ အဆိုး ဒွန်တွဲ ဖြစ်နေတယ်။ နှလုံးသားရေးကတော့ ဒီအပတ်မှာ စိတ်တိုင်းကျ ကျေနပ် ပျော်ရွှင်စရာတွေ များမယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ ထိ) အလုပ်တွေ အခြေအနေ မဆိုးဘူး ဆိုပေမယ့် ကိုယ့်ဘက်က ပျက်ကွက်လို့ အခွင့်ကောင်းနဲ့ လွဲရမယ်။ အလုပ်ကိစ္စ ခရီးသွားဖြစ်ရင် ကောင်းတယ်။ အောင်မြင်မယ်။ ငွေရကိန်းတွေလည်း ရှိတယ်။ ဒါပေမယ့် အကုန် မရနိုင်သေးဘူး။ အချစ်ရေးကံ အကောင်းဘက်မှာ ရှိနေတယ်။ ပြဿနာတွေကို ရှောင်ထားပါ။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ထိ) ဒီအပတ် အကျိုးပေးမှာ အဆက်အသွယ်ကောင်းတွေပါပဲ။ အလုပ်က အားလုံး အကောင်းပဲ မဆိုနိုင်ဘူး၊ အခက်အခဲကြားက အဆင်ပြေတယ်ဆိုရုံပဲ ရှိဦးမယ်။ ငွေရလမ်းတွေတော့ အများကြီး ရှိလာပါဦးမယ်။ နှလုံးသားရေးမှာ ခါတိုင်းထက် သာယာငြိမ်းချမ်းလာမယ်။ နားလည်မှုတွေ အပြန်အလှန် ပေးနိုင်မယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ ထိ) စိတ်ကြည်နူးစရာတွေ၊ ပျော်ရွှင်စရာတွေ များနေမယ့် ကာလပါ။ အလုပ်မှာတော့ အပြိုင်အဆိုင်တွေက ပေါများပြီး ရုန်းရကန်ရ ဖြစ်နေပါဦးမယ်။ စိတ်ရှုပ်စရာတွေလည်း ရှိနေပါမယ်။ ငွေကြေးကံလည်း သိပ်ပြီး မကောင်းသေးပါဘူး။ အချစ်ရေးမှာ တင်းမာလိုက်၊ ပြန်ချော့လိုက် အခြေအနေမျိုးစုံ ဖြစ်ပေါ်နိုင်တယ်။

၁၂ ရာသီဖွားအားလုံး ကံကောင်းမယ့် သီတင်းပတ် ဖြစ်ပါစေ – ဧက (ဗေဒင်သုတ)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)