၁၂ ရာသီဖွား အပတ်စဉ် ဟောစာတမ်း (၁၀.၂.၂၀၂၀ မှ ၁၆.၂.၂၀၂၀ အထိ)

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အထိ) – ဒီအပတ်မှာ အလုပ်အကိုင်ကံ ကောင်းနေမယ်။ အလုပ်တွေ ကောင်းနေချိန် ဖြစ်လို့ ကိုယ့်ဘက်ကလည်း ကြိုးစားပါ။ ငွေကြေးကိစ္စတွေမှာတော့ စိတ်ညစ်ရမယ်။ အချစ်ရေး စန်းပွင့်နေချိန် ဖြစ်တယ်။ စုံတွဲတွေ ပျော်ရွှင်စရာ အချိန် ဖြစ်မယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အထိ) – အလုပ်ထဲ စိတ်ညစ်စရာတွေ ဖြစ်နေမယ်။ အလွဲအချော်တွေ ဖြစ်လို့ ဖြေရှင်းရတတ်တယ်။ ငွေကတော့ ရလိုက်ကုန်လိုက်နဲ့ အဖတ်မတင် ဖြစ်နေမယ်။ နှလုံးသားရေးမှာ စိတ်ချမ်းသာရလိမ့်မယ်။ အခုမှ ချစ်ရေးဆိုချင်သူတွေလည်း အိုကေမယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အထိ) – ဒီအပတ်မှာလည်း ဘာလုပ်လုပ် အတိုက်အခံ ရန်တွေ များနေမယ်။ ကိုယ်တိုင်ကလည်း စိတ်တို ဒေါသ ဖြစ်မယ်။ လူမှုရေး အညံ့ ရှိတယ်။ ငွေကြေးကတော့ အဆင်ပြေမှာပါ။ အချစ်ရေးမှာ အငြင်းမပွားအောင် ရှောင်ရင် ကောင်းမယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အထိ) – အလုပ်အကိုင်တွေ ပိုကောင်းတော့မယ်။ အလုပ်ကနေ အကျိုးအမြတ်၊ အခွင့်အလမ်းတွေ ပေါ်မယ်။ ငွေကြေးကိစ္စလည်း အဆင်ပြေဖို့ ရှိတယ်။ မေတ္တာရေးမှာ နှစ်ဦးသား တည်တံ့ခိုင်မြဲအောင် သတိထား ပြောဆိုဖို့ လိုနေမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ) – အလုပ်မှာ ညစ်စရာတွေ မကြာခဏ ဖြစ်ပြီး လုပ်တာကိုင်တာ အမှားအယွင်း ဖြစ်မယ်။ ငွေကြေးကိစ္စ ပြဿနာ ဖြစ်တတ်လို့ ကြိုတင် သတိ ပြုရမယ်။ အချစ်ရေးမှာ မကြာခဏ ရန်ဖြစ်နေရ၊ စိတ်ဆိုးစိတ်ကောက်နေရမယ့် ကာလပါပဲ။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အထိ) – အလုပ်အကိုင် ကောင်းချင်သားနဲ့ အပြိုင်အဆိုင်တွေက သိပ်များနေမယ်။ ကိုယ့်ကိုပါ ထိခိုက်တဲ့အထိ အတိုက်အခံ ပေါနေမယ်။ ငွေကြေးကိစ္စတော့ အဆင်ပြေမယ်။ ချစ်သူရေးရာတွေကတော့ အဆင်ပြေပြေ ဖြစ်နေမယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အထိ) – ဒီအပတ်မှာ တစ်နေရာတည်း အထိုင်မကျဘဲ အပြေးအလွှား အလုပ်တွေ များမယ်။ အလုပ်တွေလည်း အဆင်ပြေနေမယ်။ ငွေကြေးကိစ္စမှာတော့ ကောင်းလိုက်ညံ့လိုက်ပဲ။ အချစ်ရေးမှာ ပြဿနာလေးတွေ ရှိလာမယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အထိ) – အလုပ်မှာ စိတ်ပူပင်စရာချည်းပဲ ဖြစ်လာမယ်။ စကားအပြောအဆို ဆင်ခြင်ရမယ်။ နေရင်းထိုင်ရင်းကို ရန်များနေတတ်တယ်။ ငွေကုန်ကြေးကျ သိပ်များနေလိမ့်မယ်။ မေတ္တာရေးကံလည်း အားနည်းနေချိန် ဖြစ်ပါတယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အထိ) – အလုပ်အကိုင်တွေ အကောင်းဘက်ကို ဦးတည်နေပါတယ်။ နည်းနည်း လုပ်၊ များများ ကျန်တဲ့ အခွင့်အရေးတွေ ရမယ်။ ငွေကြေးကံ အထူး ကောင်းနေတယ်။ နှလုံးသားရေးမှာ ကိုယ့်ဘက်က စိတ်လျှော့ရင် အိုကေပါလိမ့်မယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အထိ) – အလုပ်တွေ အဆင်ပြေလာသလိုပဲ ငွေကြေးဥစ္စာတွေလည်း ဝင်လာဖို့ ရှိတယ်။ ဒါပေမဲ့ ငွေအဝင်အထွက်တိုင်းမှာ စိတ်ညစ်စရာ ဖြစ်လိမ့်မယ်။ အချစ်ရေးမှာတော့ အဆိုးအကောင်းတွေ ဒွန်တွဲနေမယ် သီတင်းပတ်ပါပဲ။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ထိ) – အလုပ်မှာ မကြာခဏ အာရုံနောက်စရာ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ အကြီးအကဲတွေရဲ့ အကူအညီနဲ့ ပြေလည်သွားမယ်။ ငွေကြေးကိစ္စတွေ မှားယွင်းမှု ဖြစ်တတ်တယ်။ နှလုံးသားရေးမှာ နားလည်မှု လွဲတတ်လို့ ပွင့်လင်းဖို့ လိုလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ) – ဒီအပတ်ရဲ့ အလုပ်အကိုင်က ကောင်းခြင်း မင်္ဂလာ ရှိနေပါတယ်။ စပ်တူအလုပ်တွေ အကျိုးပေးလာမယ်။ ငွေကြေးကိစ္စမှာလည်း ကိုယ့်ရဲ့ ဆန္ဒအတိုင်း ဖြစ်လိမ့်မယ်။ အချစ်ရေးမှာလည်း နားလည်မှုတွေကြောင့် စိတ်ချမ်းသာရမယ်။

၁၂ ရာသီဖွားအားလုံးအတွက် ကံကောင်းမယ့် သီတင်းပတ် ဖြစ်ပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)