၁၂ ရာသီဖွား အပတ်စဉ် ဟောစာတမ်း (၂၄.၂.၂၀၂၀ မှ ၁.၃.၂၀၂၀ အထိ)

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အထိ) – ဒီအပတ် အလုပ်ကိစ္စတွေမှာ စိတ်အနှောင့်အယှက်တွေ ဖြစ်ရလိမ့်မယ်။ အလုပ်တွေ ကောင်းချင်သားနဲ့ အတိုက်အခံ များမယ်။ စပ်တူလုပ်ရင် ကောင်းတယ်။ ငွေအဝင် ရှိပေမဲ့ မမြဲတတ်ဘူး။ အချစ်ရေးမှာ များသောအားဖြင့် အဆင်ပြေ စိတ်ချမ်းသာရပါလိမ့်မယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အထိ) – အလုပ်နဲ့ ပတ်သက်ပြီး အသွားအလာ လှုပ်ရှားမှုတွေ ပိုပြီး များလာမယ်။ အခြေအနေတွေက ပုံမှန်ပဲ ဖြစ်နေမယ်။ ငွေကြေးကိစ္စ မရိုးမသားတွေ ရှိလာတတ်တယ်။ ရစရာပေးစရာတွေ ကြာနေမယ်။ နှလုံးသားရေးမှာ စကားမှားလို့ ဖြေရှင်းရ စိတ်ညစ်ရတာတွေ ရှိမယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အထိ) -အလုပ်ထဲမှာ စိတ်ညစ်ရမယ်။ အပြောအဆို ခံရနိုင်တယ်။ လုပ်နေတာတွေ မပြီးဘဲ ထပ်ခါတလဲလဲ ပြန်လုပ်ရလိမ့်မယ်။ လူလိမ်လူညာ သတိထား။ ငွေကြေးကိစ္စ ပြောရဆိုရနဲ့ ကုန်ကျမှု များမယ်။ အချစ်ရေးပိုင်းမှာတော့ နှစ်ဦးသား ငြိမ်းချမ်းသာယာမယ့် ကာလပါပဲ။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အထိ) – အလုပ်နဲ့ ပတ်သက်လို့ စိတ်တိုစရာ ဒေါသဖြစ်စရာ ရှိလာမယ်။ အလုပ်က ကောင်းပေမဲ့ ပုံမှန်ထက် အလုပ်ပိုများနိုင်တယ်။ ငွေကြေးကိစ္စ စိတ်တိုင်းမကျနဲ့ ဖြစ်နေမယ်။ အချစ်ရေးအိမ်ထောင်ရေးတွေမှာလည်း နှစ်ယောက်ကြားမှာ ပြဿနာတွေ များလာမယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ) – ကျန်းမာရေး အားနည်းမယ်။ ဦးနှောက်အာရုံကြော ဂရုစိုက်ရမယ်။ အလုပ်တွေ လျှော့ပါ။ နိုင်သလောက်ပဲ လုပ်ပါ။ ငွေကြေးကိစ္စမှာ ပြဿနာ ရှိတတ်တယ်။ ပြတ်သားဖို့ လိုလိမ့်မယ်။ အချစ်ရေးကိစ္စမှာ သိပ်မထူးခြားပေမဲ့ အပြောအဆိုလေးတွေ ဂရုစိုက်ရမယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အထိ) – အလုပ်တွေ မပြီးမပြတ်နဲ့ တို့လို့တန်းလန်း ဖြစ်မယ်။ လုပ်ပြီးသားတွေ ပြန်လုပ်ရမယ်။ လူမှုကိစ္စအတွက် စိတ်ညစ်ရမယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေ ဖြစ်မယ်။ ငွေကြေးကိစ္စ သိပ်မဆိုးပေမယ့် အချစ်ရေးမှာတော့ စိတ်ညစ်စရာ ပေါ်လိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အထိ) – ခါတိုင်းထက် အလုပ်တွေ ပိုများလာပြီး လုပ်သလောက်လည်း အဆင်ပြေလိမ့်မယ်။ အတိုက်အခံ ရှိပေမယ့် အဆင်ပြေပြေ ဖြတ်သန်းနိုင်မယ်။ ဝင်ငွေ မှန်ပေမယ့် စိတ်အလိုလိုက် ကုန်ကျမှု များမယ်။ အချစ်ရေးကတော့ အေးဆေးပဲလို့ ဆိုရမှာပါ။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အထိ) – ဒီအပတ်မှာ အလုပ်အကိုင်က ကောင်း၊ ဆိုး တစ်လှည့်စီ ဖြစ်နေမယ်။ စိတ်ကူးနဲ့ မှန်းဆ လုပ်တဲ့ အလုပ်မျိုးတွေ ရှုံးမယ်။ အပျော်အပါးတွေဆို ရှောင်ထားပါ။ ငွေကုန်ကြေးကျ များလိမ့်မယ်။ နှလုံးသားရေးအတွက် စိတ်ညစ်စရာတွေ များနေမယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

 

 

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အထိ) – အလုပ်တွေ များလာနိုင်သလို အာရုံနောက်စရာ ညစ်စရာတွေလည်း များလာဦးမယ်။ အကောင်းထက် အဆိုး ပိုမယ်။ ငွေကြေးကိစ္စမှာ လက်လွန်တာ အသုံးကြမ်းတာတွေ ဖြစ်လိမ့်မယ်။ အချစ်ရေးနဲ့ ပတ်သက်လို့က ဒီအပတ်မှာ သာယာနေလိမ့်မယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အထိ) – ကိုယ်တိုင်က လုပ်ချင်ဖြစ်ချင်စိတ်တွေ အရမ်း များလာမယ်။ အလုပ်တွေ သိပ်လုပ်ပြီး အကျိုးလည်း ရှိမယ်။ အကူအညီတွေလည်း ရမယ်။ ငွေကြေးကံ အသင့်အတင့် ကောင်းတယ်။ နှလုံးသားရေးမှာ စိတ်ခုစရာ ပြဿနာလေးတွေ ပေါ်ပေါက်လာနိုင်တယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အထိ) – ဒီအပတ် အလုပ်အကိုင်တွေ ကောင်းနေမယ်။ အထိုင်ချ အလုပ်ထက် အသွားအလာ အလုပ်တွေ ပိုကောင်းမယ်။ ငွေကြေးနဲ့ပတ်သက်လို့ သတိထား ဆင်ခြင်ရမှာတွေ ရှိတယ်။ အချေးအငှား ရှောင်။ အချစ်ရေးမှာလည်း မရိုးသားမှုတွေ ပေါ်လာနိုင်တယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ) – အလုပ်တွေ သွက်လာပေမယ့် ကိုယ်တိုင်က အာရုံ များ၊ စိတ်များပြီး မပြတ်သားဘဲ ဖြစ်နေမယ်။ ဟိုဟာမပြီး ဒီဟာကျန်နဲ့ ဖြစ်မယ်။ နေရင်းထိုင်ရင်း စိတ်က ညစ်မယ်။ ငွေက ရပေမယ့် မပျော်နိုင်ဘူး။ အချစ်ရေးမှာလည်း နားလည်မှု ယူဖို့ ပိုခက်ခဲလာနိုင်တယ်။

၁၂ ရာသီဖွားအားလုံးအတွက် ကံကောင်းမယ့် သီတင်းပတ် ဖြစ်ပါစေ – ဧက (ဗေဒင်သုတ)

 

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)