၁၂ ရာသီဖွား ဗေဒင်ဟောကိန်း – ပထမပိုင်း (ဇူလိုင်၊ ၂၀၁၈)

အနောက်တိုင်း သာယနစနစ်အရ ကရကဋ်ရာသီခွင်ကို ဖြတ်သန်းနေတဲ့ ဇူလိုင်လထဲမှာ ၁၂ ရာသီဖွားတွေရဲ့ ကံဇာတာ အနိမ့်အမြင့်တွေ ဘယ်လို ရှိနေမယ်ဆိုတာ ဗေဒင်သုတ – Baydin Thyuta ကနေ ဟောကိန်းထုတ် တင်ပြပေးလိုက်ပါတယ်။ အားလုံးပဲ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

မိဿ

အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ပေါ်လာနိုင်သလို အသက်မွေးဝမ်းကျောင်း အပြောင်းအလဲတွေလည်း ဖြစ်လာတတ်ပါတယ်။ ဘဝလမ်းကြောင်းသစ်ကို စတင် လျှောက်လှမ်းရတာမျိုး ဖြစ်တတ်ပါတယ်။ လူမှုရေးမှာ မိတ်ဟောင်းဆွေဟောင်း၊ ရည်းစားဟောင်းတွေနဲ့ အဆက်အသွယ် ပြန်ရတတ်ပါတယ်။ နှလုံးသားရေးရာမှာ မပြတ်မသား ဖြစ်နေတာကို ယတိပြတ် ဆုံးဖြတ်ရမယ့် အခြေအနေ ဆိုက်လာနိုင်ပါတယ်။

ပြိဿ

အလုပ်လည်း လုပ်ရင်း အနားလည်း ယူရင်းဆိုသလို ဖြစ်နေပါလိမ့်မယ်။ အလုပ်ကို သက်တောင့်သက်သာနဲ့ အေးရာအေးကြောင်း လုပ်နိုင်ပြီး တခါတလေ ပျင်းစရာကြီး ဖြစ်နေတတ်ပါတယ်။ အလုပ်က အေးဆေးလေး ဖြစ်နေပေမယ့် ရှေ့ဆက်ရမယ့် အစီအစဉ်တွေလည်း ပေါ်လာနိုင်ပါတယ်။ နောင်လတွေအတွက် Plan တွေ ရေးဆွဲရပါလိမ့်မယ်။ အချစ်ရေးမှာတော့ အသစ်အသစ်တွေ ဖြစ်တည် ပေါ်ပေါက်လာနိုင်ပါတယ်။

မေထုန်

အရင်လက အဆင်မပြေခဲ့တဲ့ ဆက်ဆံရေးတွေ၊ လွဲမှားခဲ့တဲ့ နားလည်မှုတွေကို ဒီလထဲမှာ ပြန်လည်ပြီးတော့ တည်ဆောက်နိုင်ပါလိမ့်မယ်။ အလုပ်ထဲမှာ ကိုယ်လုပ်နေတာထက် ပိုပြီး လုပ်ပြနိုင်လာပါမယ်။ ဒါပေမယ့် မိမိ ကိုယ်တိုင်က စိတ်လိုလက်ရ ရှိဖို့ လိုပြီး အများနဲ့ ပေါင်းလုပ်တတ်ဖို့လည်း လိုအပ်ပါလိမ့်မယ်။ လကုန်ပိုင်းမှာ ပြဿနာ အသေးအဖွဲတွေကို ဖြေရှင်းရတတ်လို့ အခုတည်းက ကြိုတင်ပြင်ဆင်စရာတွေကို လုပ်ထားပါ။

ကရကဋ်

စိတ်ချမ်းသာစရာတွေ ပြည့်နှက်နေမယ့် လဖြစ်ပြီး ကောင်းသော အပြောင်းအလဲတွေကိုလည်း မြင်တွေ့ရပါမယ်။ စိတ်ကူး အကြံအစည်တွေ လက်တွေ့ကျကျ ဖြစ်လာနိုင်ပြီး အလုပ်နဲ့ ပတ်သက်တဲ့ အကျိုးအမြတ်လည်း ရှိမယ့် ခရီးစဉ်တွေ ပေါ်လာနိုင်ပါတယ်။ လုပ်ငန်း အဆက်အသွယ်ဟောင်းတွေနဲ့ ပြန်ချိတ်မိတတ်ပါတယ်။ နှလုံးသား အရေးမှာလည်း သာယာချောမွေ့နေပြီး တစ်ယောက်နဲ့တစ်ယောက်ကြားမှာ နားလည်မှုတွေ ပိုရှိလာနိုင်ပါတယ်။

သိဟ်

ဒီလထဲမှာ ဖြစ်ချင်တာတွေ မျှော်လင့်နေတာတွေက တော်တော်နဲ့ ခရီးမပေါက်ဘဲ ဖြစ်နေတတ်လို့ စိတ်ရှည်နိုင်၊ သည်းခံနိုင်ဖို့ လိုပါလိမ့်မယ်။ လုပ်နေရက်နဲ့ အကျိုးအမြတ် မပေါ်သေးတာ၊ ကြိုးစားရင်းနဲ့ မဖြစ်မြောက်တာတွေ ရှိလာနိုင်ပါတယ်။ ဘယ်အရာကိုမဆို သိပ်အများကြီး မျှော်လင့်မထားဖို့ အကြံပြုချင်ပါတယ်။ လူမှုရေးကဏ္ဍနဲ့ နှလုံးသားရေးရမှာလည်း စိတ်ထဲ မကျေလည်စရာတွေ ခဏခဏ ဖြစ်နေတတ်လို့ သည်းခံပေးစေချင်ပါတယ်။

ကန်

ကိုယ်လုပ်နေတဲ့ အလုပ်တွေ တဖြည်းဖြည်းနဲ့ အကောင်အထည် ပေါ်လာနိုင်သလို လုပ်ငန်းကလည်း ပိုပြီးတော့ ကြီးမား ကျယ်ပြန့်လာနိုင်ပါတယ်။ စိတ်ကူးထားတဲ့ အစီအစဉ်တွေလည်း လက်တွေ့ ဖြစ်မြောက်လာဖို့ ရှိပါတယ်။ ဒါပေမယ့် ဘယ်ကိစ္စမဆို မျှော်လင့်ထားတဲ့ အချိန်ထက် နောက်ကျပြီးမှ ဖြစ်လာတတ်ပါတယ်။ ချိန်ကိုက် ဖြစ်ဖို့ မလွယ်ပါဘူး။ ဒီလထဲမှာ မိတ်ဆွေရင်းချာတွေနဲ့ ကိုယ့်လက်တွဲဖော်အတွက် အချိန်တွေ ပိုပေးရတတ်ပါတယ်။

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)