၁၂ ရာသီဖွားတွေ အလိုမကျ၊ ဒေါသထွက်တဲ့အခါ…
၁၂ ရာသီဖွားတွေ အလိုမကျစရာတစ်ခုခုကို ကြုံလာတဲ့အခါ၊ ဒေါသ ဖြစ်စရာ တစ်ခုခုကို တွေ့ရတဲ့အခါ ဘယ်လို တုံ့ပြန်ကြသလဲ ဆိုတာကို ဖော်ပြလိုက်ပါတယ်။  ကိုယ် ကြွေနေရတဲ့ ချစ်သူလေးက ဒေါသ ထွက်ရင် ဘယ်လို လုပ်တတ်သလဲ၊ ကိုယ့်အထက်လူကြီးက ဘာကို အလိုမကျ ဖြစ်တတ်သလဲ ဆိုတာ ၁၂ ရာသီဖွားတွေရဲ့ စရိုက်သဘာဝကို လေ့လာထားရင် အကျိုးရှိမှာပါ။
အရင်ဆုံး တင်ပြချင်တာက ၁၂ ရာသီဖွားအလိုက် သူတို့ မနှစ်သက်တဲ့၊ သဘောမကျတဲ့ ပုံစံနဲ့အပြုအမူတွေပါ။ သူတို့ မကြိုက်တာကို ရှောင်လိုက်ရင် သူတို့ ကျေနပ်ပြီး ကိုယ်လိုရာကို ဆွဲဆောင်နိုင်မှာပါပဲ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
နောက်တစ်ခုကတော့ ၁၂ ရာသီဖွားတွေ ဒေါသထွက်တဲ့အခါ ပြုမူနေကျ ပုံစံတွေပါ။ ရာသီဖွားအလိုက် တချို့က ပေါ်တင်ကြီး ပေါက်ကွဲမယ်၊ တချို့က ကြိတ်ခံစားမယ်၊ သူတို့ ဘယ်လို တုံ့ပြန်မလဲ ဆိုတာ သိထားရင် သူတို့နဲ့ ဆက်ဆံတဲ့အခါ၊ သူတို့ ခံစားရတဲ့အခါ နားလည်မှုတွေ ပိုပေးနိုင်မှာ အသေချာပါပဲ။
အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ၁၂ ရာသီဖွား လိုတိုရှင်းအချက်တွေကို ဗေဒင် သုတ – BaydinThyua စာမျက်နှာကနေ ဆက်လက် တင်ပြပါဦးမယ်။ ကျေးဇူးတင်ပါတယ်။ – ဧက (ဗေဒင်သုတ)