၁၃၈၁ ခုနှစ်၊ ခရီးလမ်းပန်းနဲ့ အန္တရာယ်

ဒီနှစ်ထဲမှာ ဘာနေ့သားသမီးပဲ ဖြစ်ဖြစ် နာမည်အဖျားစာလုံး (နာမည်ရဲ့နောက်ဆုံးစာလုံးမှာ)…

တနင်္ဂနွေနံ ဖြင့်လည်းကောင်း၊ အင်္ဂါနံဖြင့်လည်းကောင်း… မှည့်ထားမိသူများအားလုံး ခရီးသွားလာနေစဉ် ဘေးဥပါဒ် အနည်းငယ် မကင်းတတ်တာမို့ ဂရုစိုက်ကြဖို့ သတိပေးရမှာပါပဲ။ အထူးသဖြင့် မိမိတို့ မဖြစ်သာလို့ပဲ ဖြစ်စေ သွားရမယ့်ခရီးသည် တနင်္ဂနွေ နေ့ သို့မဟုတ် အင်္ဂါနေ့ဆိုရင် ရှောင်နိုင်ရင် ပိုကောင်းပါလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ထူးခြားတာကတော့…နာမည်အဖျားစာလုံး နောက်ဆုံးစာလုံး တနင်္ဂနွေနံဖြင့် မှည့်ခေါ်ထားသူတွေက ….ဥပမာ မြင့်အောင်၊ သိန်းဦး၊ လင်းစက်အိမ်၊ ရွှေအေး စသည်ဖြင့် မှည့်ထားသူတွေက…..ဘေးကြုံလာစေဦး…၊ ကပ်ပြီး ကံကောင်းသွားတတ်တာမျိုး ရှိကြပေမယ့်…

နာမည်အဖျားစာလုံး အင်္ဂါနံဖြင့် မှည့်ခေါ်ထားမိသော ..(ဥပမာ) မြင့်ဆွေ၊ သက်ပိုင်စိုး၊ လင်းစက်၊ ကျော်ဇင် စသည်ဖြင့်သူတွေကတော့ ဘေးကြုံလာရင် ထိခိုက်မှု ပိုများတတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဆိုတော့ ဗုဒ္ဓဘာသာဝင်လည်းဖြစ်မယ်ဆိုရင်တော့ …ဘာသာတရားကို မမေ့မလျော့ဆည်းကပ်ရင်းသာ ခရီးသွားလာသင့်ပြီး အခြား ဘာသာဝင်များအဖို့တော့ အနီရောင်ကို လုံးဝ ရှောင်ကျဉ်ပြီးမှသာ ခရီးသွားလိုက သွားပါခင်ဗျား။ ဘာပဲဖြစ်ဖြစ် အားလုံးပဲ ဘေးရန် ကင်းရှင်း အသက်ရှည်ခြင်း ရှိကြပါစေ။

လေးစားစွာဖြင့် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)