၁၃၈၂ အတွင်း နေရာထိုင်ခင်း အပြောင်းအလဲ ကြုံနိုင်သူများ

မြန်မာ့လက်ဆန်းဗေဒင်ပညာမှာ လူတစ်ယောက်ရဲ့ နေရာထိုင်ခင်းကံ အပြောင်းအလဲကို ဇာတာရှင်ရဲ့ မွေးသက္ကရာဇ်နဲ့ နာမည်တည်ဆောက်ပုံအနေထားတွေပေါ် မူတည် တွက်စစ်ရပါတယ်။ ခုဖော်ပြမယ့် ကိန်းကတော့ မြန်မာ့ကောဇာ မဟာဘုတ်ပေါ် မူတည်ပြီး နေရာထိုင်ခင်း အပြောင်းအလဲ ရှိနိုင်သူတွေ နဲ့ ရပ်ဝေးဒေသကို ပြောင်းရွှေ့ရတတ်သူတွေကို ယေဘုယျဟောကိန်းအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

လက်ရှိ မြန်မာသက္ကရာဇ် ၁၃၈၂ အတွင်း နေရာထိုင်ခင်း အပြောင်းအလဲ များတတ်သူတွေကတော့

အထက်ပါ နေ့ဖွားနဲ့ နာမည်ရှင်တွေဟာ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်အတွင်းမှာ နေရာထိုင်ခင်း အပြောင်းအလဲ များတတ်သူများဖြစ်ပါတယ်။ တစ်ဦးချင်းစီရဲ့ ကံဇာတာအရ မတူကွဲပြားမှုတွေလည်း ရှိပါလိမ့်မယ်။

ဒုတိယအနေနဲ့ ရပ်ဝေး၊ အဝေးဒေသသို့ ပြောင်းရွှေ့ရတတ်သူများကို ဖော်ပြပေးပါမယ်။ ၁၃၈၂ ခုနှစ် အတွင်းမှာ အောက်ဖော်ပြပါ နေ့ဖွား နဲ့ နာမည်မျိုးတွေဟာ ရပ်ဝေးကို ပြောင်းရွှေ့ရတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

ဖော်ပြထားတဲ့အတိုင်း စနေသားသမီးတိုင်း၊ တနင်္လာသားသမီးတိုင်းနာမည်အဖျားလုံး စနေ၊ တနင်္လာနဲ့ အဆုံးသတ်တိုင်း ပြောင်းကို ပြောင်းရယ်လို့ မဆိုလိုပါ။ တစ်ဦးတစ်ယောက်ချင်းရဲ့ မူလဇာတာအလိုက် ကွဲပြားမှု ကွာခြားမှုရှိကောင်းရှိနိုင်ပါလိမ့်မယ်။ ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)