မြန်မာနှစ် ၁၃၈၅ ခုနှစ် နေ့ဖွားအလိုက် နေရာထိုင်ခင်းကံဇာတာ

တနင်္ဂနွေနေ့ဖွားများနှင့် ကြာသာပတေးနေ့ဖွားများသည် လက်ရှိ မြန်မာနှစ် ၁၃၈၅ အတွင်းမှာ  နေရာထိုင်ခင်းကံ အကောင်းဆုံး နေ့နံများ ဖြစ်ကြပါမယ်။

တနင်္လာနေ့ဖွားများ နေရာထိုင်ခင်း ပြုပြင်ရခြင်း၊ မတည်ငြိမ်ခြင်း၊ နေရာပြောင်းရွှေ့ရခြင်း၊ နေရာထိုင်ခင်းဆိုင်ရာ အခက်အခဲအချို့ ကြုံရတတ်ခြင်း ရှိတတ်ပါတယ်။

အင်္ဂါနေ့ဖွားများ နေရာထိုင်ခင်းကံ အသင့်အတင့်ကောင်းမယ့်နှစ်ပါ။ နေရာထိုင်ခင်း ပိုင်ဆိုင်လိုသူများ ကြိုးစား ကြည့်သင့်သော ကာလဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ဖွားများ (ရာဟုဖွားများ မသက်ဆိုင်ပါ) နေရာထိုင်ခင်း ကံ ဒီတစ်နှစ်သည် အညံ့ကြုံနိုင်သော နှစ်ပါပဲ။ နေရာထိုင်ခင်း အဆင်မပြေတာ၊ နေရာထိုင်ခင်း စွန့်လွှတ်ရတာ၊ မနေချင်သော နေရာမှာ နေထိုင်နေရတတ်တာ စသည်ဖြင့် နေရာတည်းဟူသော ကဏ္ဍများမှာ အခက်အခဲ အညံ့ကြုံလွယ်တဲ့နှစ်ပါ။ ၀န်ထမ်းများ မိမိတို့ မနှစ်သက်သော လုပ်ငန်းနေရာမျိုး မှာ တာဝန်ထမ်းဆောင်ရတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ ပြန်လည် ကူးချခြင်း၊ YouTube တွင် အသံဖြင့် ပြန်လွှင့်ခြင်းများ လုံးဝ ခွင့်မပြုပါ)

သောကြာနေ့ဖွားများ နေရာထိုင်ခင်းကံ ကောင်းသော နှစ်ဖြစ်ပါမယ်။ စနေနေ့ဖွားများ နေရာထိုင်ခင်းကံ အကောင်းအဆိုး ဒွန်တွဲနေတတ်ပါတယ်။ နေရာလုရတဲ့ ကံမျိုး ပိုမိုသက်ရောက်လာတတ်ပါတယ်။

လူနေအိမ်ယာ နဲ့ နေရာထိုင်ခင်း ကဏ္ဍမှာ အိမ်နီးနားချင်း၊ ခြံနီးနားချင်း၊ အခန်းနီးနားချင်း စသည်ဖြင့် နီးစပ်သော အနီးအနား ပတ်ဝန်းကျင်အချို့နဲ့ မသင့်မတင့် ရန်အနှောက်အယှက် ပေါ်လွယ်သော ကာလပါပဲ။ ၀န်ထမ်းဖြစ်နေရင်လည်း ရန်များသောဌာန၊ အတိုက်အခံများသော လုပ်ငန်းဌာနမျိုးမှာ တာဝန်ထမ်းရတတ်ချိန် ဖြစ်ပါတယ်။

ရာဟုဖွားများ … နေရာထိုင်ခင်းကံ သင့်ရုံသာ ရှိပါတယ်။ ဟိုနေလိုက်ရ သည်နေလိုက်ရ ဆိုသလိုမျိုး ကူးသန်းသွားလာ နေထိုင်နေရတတ်ပြီး နေရာထိုင်ခင်း ပြောင်းရွှေ့လိုသူများအတွက် တော့ သည်တစ်နှစ် ကြိုးစားကြည့်ဖို့ တိုက်တွန်းရမှာပါ။ ၀န်ထမ်းများအဖို့တော့ …လုပ်ငန်းဌာန နှစ်ခု ကို ဟိုသည်ကူးပြောင်းပြီး တာဝန်ထမ်းဆောင်နေရတတ်တာမျိုး ၊ ယာယီလုပ်ငန်း တာဝန်မျိုးတွေ ကျရောက်လာတတ်ချိန်ပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ ပြန်လည် ကူးချခြင်း၊ YouTube တွင် အသံဖြင့် ပြန်လွှင့်ခြင်းများ လုံးဝ ခွင့်မပြုပါ)

မှတ်ချက်/ ဗုဒ္ဓဟူးနေ့ 00 နာရီ မှ မွန်းတည့် 12 အထိ ကို ဗုဒ္ဓဟူးနေ့ဖွား ၊ မွန်းတည့် 12နာရီတိတိမှ ညဉ့်12နာရီ အထိ ကာလကို ရာဟုဖွား အဖြစ် မှတ်ယူနိုင်။ အားလုံးသော မိတ်သင်္ဂဟများ ကောင်းသောနေရာ ရရှိချမ်းသာခြင်း ဖြစ်ကြပါစေခင်ဗျား။

လေးစားလျက် – ဆရာဝေသာလီမောင်ဖုန်း (ခေါ်) ဆရာစိုးမိုးထွန်း 09 789 333 791

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)