Chinese Dog Feature

၂၀၁၈ တရုတ် ရာသီခွင်ဟောကိန်း

တရုတ်ရိုးရာ ဝေဒပညာအရ မကြာခင် စတင်တော့မယ့် ခွေးနှစ်မှာ ကိုယ်နဲ့ သက်ဆိုင်တဲ့ ရာသီတိရစ္ဆာန်ရုပ် အလိုက် ကောင်းကျိုးဆိုးပြစ်တွေကို တွေ့ကြုံခံစားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ခွေးနှစ် ကျရောက်ချိန်မှာ ကျား၊ နဂါးနဲ့ ကြက်နှစ်ဖွားတွေ ကံအညံ့ပိုင်းကို ဖြတ်သန်းရတတ်ပြီး မြွေ၊ မြင်းနဲ့ သိုးနှစ်ဖွားတွေက ကံဇာတာ အတက်ပိုင်းကို ရောက်လာမှာ ဖြစ်ပါတယ်။

(ခွေးနှစ်ဖွား- 1934, 1946, 1958, 1970, 1982, 1994, 2006) တွေ ကံကောင်းပြီး အခွင့်အလမ်းတွေ ပေါ်လာမယ်။ အာရုံတွေ မများဘဲ ဆုံးဖြတ်ချက် ခိုင်မာဖို့တော့ လိုမယ်။ သူတပါးကိစ္စတွေမှာ ကြားမဝင်ပါနဲ့။ ကိုယ်ပါ ရောညပ်သွားလိမ့်မယ်။ လူယုံ မလွယ် ဖို့လည်း သတိထားရပါမယ်။

(ဝက်နှစ်ဖွား- 1935, 1947, 1959, 1971, 1983, 1995, 2007) တွေက ခါတိုင်းထက် ပိုပြီး ကံကောင်းမယ်။ ဒါပေမယ့် အပျော်နဲ့ အလွယ် မလိုက်မိဖို့တော့ သတိပြုရမယ်။ ကံကောင်းချိန်ကို ထိရောက်စွာ အသုံးချရပါမယ်။ ကိုယ် ဘာလုပ်နေတယ် ဆိုတာ ပိုနားလည်ဖို့ လိုလာပါမယ်။

(ကြွက်နှစ်ဖွား- 1936, 1948, 1960, 1972, 1984, 1996, 2008) တွေက ကံအကောင်းအဆိုး ရောနေတယ်။ အိတ်ပေါက်နဲ့ ဖားကောက်သလို ဘယ်လောက်ရှာရှာ အကုန်အကျ များမယ်။ ခရီးသွားရာမှာ သတိပြုရပါမယ်။ ကျန်းမာရေးပိုင်းမှာ အညံ့ ရှိလာနိုင်ပါတယ်။

china zod 181
china zod 181

(နွားနှစ်ဖွား- 1937, 1949, 1961, 1973, 1985, 1997, 2009) တွေလည်း ကံကောင်း၊ ကံဆိုး ရောနေတယ်။ ဒါပေမယ့် အခွင့်အရေးတွေ ပေါ်လာပြီး ကူညီမယ့်သူလည်း ဝိုင်းဝိုင်း လည်နေမယ်။ သူတို့ရဲ့ အကြံဥာဏ်တွေကို ရယူပါ။ စိတ်တို ဒေါသထွက်လွယ်တဲ့ အကျင့်ကို ထိန်းထားပါ။

(ကျားနှစ်ဖွား- 1938, 1950, 1962, 1974, 1986, 1998, 2010) တွေက ကိုယ့်ကိုကိုယ်ရော ပတ်ဝန်းကျင်က လူတွေကိုပါ သတိထားရပါမယ်။ အငြင်းအခုံ ဖြစ်လွယ်ပြီး ထိပ်တိုက် ဖြေရှင်းရတတ်ပါတယ်။ လုပ်ငန်းခွင်သုံး ကိရိယာ အသုံးအဆောင်တွေကို သတိထား ကိုင်တွယ်ရပါမယ်။

(ယုန်နှစ်ဖွား- 1939, 1951, 1963, 1975, 1987, 1999, 2011) တွေက ကံကောင်းမှုတချို့ ရှိလာနိုင်ပြီး မိတ်ဆွေသစ်တွေ အများကြီးလည်း ရလာပါလိမ့်မယ်။ ဒါပေမယ့် နောက်ကျောကို ဓားနဲ့ ထိုးသလို မယုံကြည် စိတ်မချရသူတွေကိုလည်း ကြုံရတတ်ပါတယ်။

china zod 182
china zod 182

(နဂါးနှစ်ဖွား- 1928, 1940, 1952, 1964, 1976, 1988, 2000, 2012) တွေဟာ ခွေးနဲ့ မတည့်တဲ့အတွက် ဒီလို ခွေးနှစ်ရောက်တဲ့အချိန်မှာ အစစအရာရာ သတိထားရပါမယ်။ နေရာတိုင်းမှာ စိန်ခေါ်မှုတွေ ပြည့်နေပြီး ရင်ဆိုင် ဖြေရှင်းရပါမယ်။ စိတ်ရှည်သည်းခံပြီး ကြိုးစားရင် ကံအညံ့ကနေ အကောင်းဘက် ကူးလာပါမယ်။

(မြွေနှစ်ဖွား- 1929, 1941, 1953, 1965, 1977, 1989, 2001) တွေက ဒီနှစ်မှာ ကံအကောင်းဆုံးတွေပါပဲ။ ကြံစည် လုပ်ကိုင်သမျှ အောင်မြင်ဖို့ များပြီး ငွေကြေးစီးပွားလည်း တိုးလာပါလိမ့်မယ်။ ရင်းနှီးမြှုပ်နှံမှုတွေလည်း လုပ်နိုင်ပါတယ်။ တွေ့သမျှလူနဲ့ စကားများမနေဘဲ ကိုယ်လုပ်စရာ ရှိတာ လုပ်ပါ။

(မြင်းနှစ်ဖွား- 1930, 1942, 1954, 1966, 1978, 1990, 2002) တွေက အချစ်ရေး လူမှုရေး အိမ်ထောင်ရေး ကံကောင်းမှုတွေ ကြုံရပါမယ်။ လူမှုအဆက်အသွယ်ကောင်းတွေ ရရှိပြီး မိတ်ဟောင်းမိတ်သစ်တွေရဲ့ ကူညီမစ ဖေးမမှုတွေလည်း ရရှိမယ်။ ပတ်ဝန်းကျင်ကောင်းနဲ့ ပတ်သက်ရပါလိမ့်မယ်။

china zod 183
china zod 183

(သိုးနှစ်ဖွား- 1931, 1943, 1955, 1967, 1979, 1991) တွေအတွက် ခွေးနှစ်က ကံကောင်းခြင်းများစွာကို သယ်ဆောင်လာပါလိမ့်မယ်။ ပြဿနာလေးတွေ ရှိနေပေမယ့် ကျော်လွှား ဖြတ်သန်းနိုင်ပါမယ်။ ဘာလိုချင်သလဲ ရအောင်လုပ်ရင် ဖြစ်ကို ဖြစ်လာပါလိ့မ်မယ်။ နောက်မဆုတ်တမ်း ကြိုးစားလိုက်ပါ။

(မျောက်နှစ်ဖွား- 1932, 1944, 1956, 1968, 1980, 1992, 2004) တွေက ဒီနှစ်မှာ ကံကောင်းနေပါတယ်။ အရင်ထက် မြင့်မားတဲ့ အခြေအနေတစ်ခုကို ရောက်လာပါလိမ့်မယ်။ အလုပ်အကိုင် ပညာရေး အစစအရာရာမှာ တိုးတက် ဖြစ်ထွန်းမှုတွေ မြင်တွေ့ရပါမယ်။

(ကြက်နှစ်ဖွား- 1933, 1945, 1957, 1969, 1981, 1993, 2005) တွေက ဒီနှစ်မှာ ကျန်းမာရေး အညံ့ ရှိမယ်။ ကျန်တဲ့အပိုင်းတွေမှာလည်း ကြိုးစားသလောက် မဖြစ်တာတွေ ကြုံရမယ်။ ကံအားနည်းနေချိန် ဖြစ်လို့ သိပ်ပြီး အတင်းကာရော မလုပ်သေးဘဲ စိတ်ရှည်လက်ရှည် စောင့်ကြည့် လုပ်ကိုင်ပါ။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)