၂၀၁၉ အတွက် ကမ္ဘာ့ရှေ့ဖြစ်ဟောကိန်းများ

၂၀၁၈ နှစ်ကုန်ခါနီးလာတာနဲ့အမျှ လာမယ့် ၂၀၁၉ ထဲမှာ ကမ္ဘာကြီး ဘာဖြစ်တော့မယ်၊ ညာဖြစ်တော့မယ် ဆိုတဲ့ ဟောကိန်းတွေကလည်း အမျိုးမျိုး ပေါ်ပေါက်လာပါပြီ။ ဘယ်တုန်းက ဘယ်လောက်တောင် မှန်ခဲ့ပါတယ် ဆိုတဲ့ အကြားအမြင်သမားတွေ၊ ဗေဒင်ဆရာတွေရဲ့ အယူအဆ ဟောကိန်းတွေကလည်း အများရဲ့ အာရုံစူးစိုက်မှုကို ရရှိနေပါပြီ။ ဒီဟောကိန်းထဲကမှ မှန်ကန်မှု အများဆုံးနဲ့ နာမည်အကျော်ကြားဆုံးသော ရှေ့ဖြစ်ဟောသူတွေရဲ့ ဟောကိန်းတချို့ကို ဗေဒင်သုတ ပရိတ်သတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ ရှေ့ဖြစ်နောင်ဖြစ်တွေကို ၈၀ % ကျော်အထိ မှန်အောင် ကြိုဟောနိုင်ခဲ့တယ်လို့ နာမည်ကြီးတဲ့ မျက်မမြင် အဘွားအိုကြီး ဘာဘာဗန်ဂါရဲ့ ၂၀၁၉ ဟောကိန်းတချို့ကို ပြောပြပါမယ်။ ၁၉၉၆ ခုနှစ်ကတည်းက ကွယ်လွန်ခဲ့ပြီ ဖြစ်တဲ့ အဘွားအို ဘာဘာဗန်ဂါဟာ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ရပ်၊ ISIS အကြမ်းဖက် အဖွဲ့ ပေါ်ပေါက်မယ့်ကိစ္စနဲ့ ဥရောပကနေ ဗြိတိန် ခွဲထွက်မယ့် ဖြစ်ရပ်တွေကို ကြိုဟောနိုင်ခဲ့သူလို့ ဆိုပါတယ်။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

လာမယ့် ၂၀၁၉ အတွက် သူ့ဟောကိန်းကတော့ ကမ္ဘာကြီးမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်တော့မယ်။ အာရှဒေသတချို့မှာ ငလျင်ကြီး လှုပ်ပြီးတော့ ဧရာမဆူနာမီကြီး ဖြစ်မယ်။ ဥရောပမှာ စီးပွားရေး ပြိုလဲမှု တစ်ခု ဖြစ်မယ်။ ရုရှားကို ဥက္ကာခဲတစ်ခု ဝင်ဆောင့်မယ်လို့ ဆရာမကြီး ဘာဘာဗန်ဂါက ဟောဆိုထားပါတယ်ဗျာ။ လူတစ်ဦးချင်းအတွက်ဆိုရင် ရုရှားသမ္မတ ပူတင် လုပ်ကြံခံရမယ်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း နာမကျန်း ဖြစ်ပြီး အကြားအာရုံ ထိခိုက်မယ်လို့ ဟောကွက် ရှိပါတယ်။

(ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)  ဘာဘာဗန်ဂါလိုပဲ ရှေ့ဖြစ်ဟောကိန်းတွေမှာ အစွမ်းပြနိုင်ခဲ့တဲ့ သူ့နောင်တော်ကြီးတစ်ဦးလည်း ရှိပါသေးတယ်။ ခေတ်ကာလအရ ဘာဘာဗန်ဂါထက် ရာစုနှစ်အများကြီး စောပြီး မွေးဖွားခဲ့သူ ဖြစ်သလို အံ့မခန်း ဟောကိန်းတွေကို ကြိုတင်ဟောပြောနိုင်ခဲ့တဲ့ နိမိတ်ဖတ်ပညာရှင်ကြီး နော်စတာဒါးမတ်စ်ပဲ ဖြစ်ပါတယ်။

ဆရာကြီးရဲ့ ကြိုတင်ဟောကိန်းတွေကို နိမိတ်ကောက်ယူသူတွေရဲ့ အဆိုအရ လာမယ့် ၂၀၁၉ ခုနှစ်ထဲမှာ တတိယကမ္ဘာစစ်ကြီး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အမေရိကန်နဲ့ ရုရှားကနေ စစ်မီးပွားကို စတင်ကြမလား၊ အမေရိကန်နဲ့ မြောက်ကိုရီးယားကပဲ ထဆော်ကြမလား ဆိုတာကိုတော့ နိမိတ်ကောက်သူတွေက သေချာ ရေရာ ပြောမထားပါဘူး။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)  ၂၀၁၉ ထဲမှာ သဘာဝဘေးဆိုးတွေလည်း ဖြစ်ဦးမယ်၊ ပင်လယ်ရေမျက်နှာပြင် ပိုမြင့်လာမယ်၊ ကုန်းမြေက နိမ့်ဆင်းလာမယ်လို့ နိမိတ်ဖတ်သူတွေက ယူဆပါတယ်။ နောက်ဟောကိန်းက လူသားတွေနဲ့ တိရိစ္ဆာန်တွေကြားမှာ ထိတွေ့ ဆက်သွယ်မှု ပိုအားကောင်းလာပြီး အချင်းချင်း နားလည်မှုကို ပိုမို တည်ဆောက်နိုင်မယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ရှေ့ဖြစ်ဟောကိန်းတွေနဲ့ ပတ်သက်လို့ ရှေးဆရာကြီးတွေ၊ အကြားအမြင် အာရုံခံပညာရှင်တွေက အခုလို ဟောပြောအပြီးမှာ ကျွန်တော်တို့ မြန်မာပြည်ရဲ့ ရှေ့ကံကြမ္မာကရော ဘယ်လို ဖြစ်လာမလဲ ဆိုတာ ဗေဒင်သုတ စာမျက်နှာမှာ ဆက်လက် တင်ပြပေးပါဦးမယ်။

အားလုံးပဲ ရှေ့ရေးကို ကြိုမြင်လို့ ရင်ဆိုင်နိုင်စွမ်းတွေ မွေးဖွားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

(Ref: The Sun, Express, Other Books sources)

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)