၂၀၂၀ မှာ နှလုံးသားရေး ကံကောင်းမယ့် ရာသီဖွားများ

၂၀၂၀ ပြည့်နှစ်ထဲမှာ ကျန်တဲ့ကိစ္စတွေ အပထား၊ ချစ်ရေးချစ်ရာ ရင်ခုန်သံကိစ္စတွေမှာ ကံကောင်း စန်းပွင့်လာမယ့် ရာသီခွင်ဖွားတွေ ရှိပါတယ်။ ဒီထဲမှာ ကရကဋ်တွေက အသိသာဆုံး ကံကောင်းသူတွေ ဖြစ်လာနိုင်ပြီး ပြိဿနဲ့ မကာရတွေက ဒုတိယအားဖြင့် သိသာထင်ရှားလာနိုင်ပါတယ်။ သိဟ်နဲ့တူ ရာသီဖွားတွေကလည်း နောက်ဆုံး ကံကောင်းသူစာရင်းဝင်တွေအဖြစ် ပါဝင်နေပါတယ်။ ကဲ အသေးစိတ်ကို ကြည့်ရအောင်ဗျာ။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်း မွေးဖွားသူများ) – ဒီနှစ် ၂၀၂၀ က နှလုံးသားရေးရာနဲ့ ပတ်သက်လို့ စိတ်ချမ်းသာ၊ ဝမ်းမြောက်စရာတွေ ပြည့်နှက်နေမယ့် နှစ်ပဲ ဖြစ်ပါတယ်။ အချစ် ရှာနေသူအဖို့ လိုက်ဖက်ညီတဲ့ လက်တွဲဖော်ကို ရှာတွေ့မှာ ဖြစ်ပြီး RS တွေကတော့ ၂၀၂၀ မှာ အိမ်ထောင်အတည်တကျ ဖြစ်သွားနိုင်ပါတယ်။ အိမ်ထောင်သည်ဆိုရင်တော့ အရင်နှစ်တွေက ဖြစ်သမျှ ပြဿနာတွေ၊ နားလည်မှု လွဲခဲ့တာတွေကို ၂၀၂၀ မှာ အပြီးသတ် ဖြေရှင်းနိုင်ပြီး အဆင်ပြေသွားပါလိမ့်မယ်။ ကရကဋ်ရာသီဖွားတွေက ခံစားလွယ်သူတွေ ဖြစ်လို့ တခါတလေ စိတ်ထဲမှာ အခန့်မသင့်စရာလေးတွေတော့ ရှိပါဦးမယ်။ ကရကဋ်တွေက ဗြိစ္ဆာ၊ မိန် ရာသီဖွားတွေနဲ့ ပိုအစေးကပ်ပြီး မိဿ၊ ပြိဿ ရာသီဖွားတွေနဲ့တော့ သိပ်ကီးမကိုက်တတ်ပါဘူး။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အတွင်း မွေးဖွားသူများ) – ၂၀၂၀ ထဲမှာ အချစ်ရေး၊ အိမ်ထောင်ရေးက ဘဝမှာ အရေးပါလာပါတော့မယ်။ အရင်နှစ်တွေက မပြေလည်ခဲ့သမျှ ဒီနှစ်မှာတော့ ကျေနပ်စရာလေးတွေ ဖြစ်လာပါမယ်။ အသစ် ရှာသူတွေ အသစ် တွေ့မှာ ဖြစ်ပြီး တွဲလက်စ ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ နားလည်မှု ပိုယူလိုသူတွေလည်း စိတ်ချမ်းသာရပါလိမ့်မယ်။ RS တည်ဆောက်ချင်တဲ့ ပြိဿတွေအတွက် ကန်၊ မကာရနဲ့ ဗြိစ္ဆာက အသင့်တော်ဆုံး လက်တွဲဖက်တွေ ဖြစ်ပြီး သိဟ်နဲ့ ကုမ်တွေကို ရွေးမိရင်တော့ စိတ်ညစ်ရပါလိမ့်မယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်း မွေးဖွားသူများ) – ၂၀၂၀ ရဲ့ ကံကောင်းခြင်းတွေထဲမှာ နှလုံးသားရေးလည်း ပါပါတယ်။ အိမ်ထောင်ရေးကိုပါ စဉ်းစားမယ် ဆိုရင် အဲဒီအထိ ခရီးဆက်လို့ ရနေပါတယ်။ ဖူးစာဖက်ကို လိုက်လို့ရှာနေသူတွေဆိုရင် ဒီနှစ်ထဲမှာ အခွင့်အလမ်း ရှိနေပြီး RS အတွဲနဲ့သူဆိုရင်တော့ ဒီနှစ်မှာ အိမ်ထောင်ကျနိုင်တဲ့ လမ်းစတွေ ရှိနေပါတယ်။ ယူဖြစ်၊ မယူဖြစ်ကတော့ ကိုယ့်သဘောပါပဲ။ မကာရတွေအဖို့ ပြိဿနဲ့ ကန်က အသင့်တော်ဆုံးရာသီဖွားတွေပေါ့။ ရှောင်ရမှာက မေထုန်နဲ့ တူရာသီဖွားပဲ ဖြစ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အတွင်း မွေးဖွားသူများ) – ၂၀၂၀ ဟာ အရင်နှစ်တွေနဲ့စာရင်တော့ အချစ်ရေး အိမ်ထောင်ရေး ကံကောင်းမယ့် နှစ်ပါပဲ။ ချစ်သူ မရှိသေးသူတွေက စစ်မှန်တဲ့ လက်တွဲဖော်ကို ရှာတွေ့နိုင်သလို အချစ် ရှိပြီးသား RS တွေကလည်း ဒီနှစ်မှာ ပျော်ရွှင်ကြည်နူးစရာတွေ ပိုများလာနိုင်ပါတယ်။ သိဟ်တွေ စရိုက် ဖြစ်တဲ့ ဟိတ်ကြီးဟန်ကြီးနဲ့ ခေါင်းမာမှုတွေ လျှော့ချပြီး စိတ်ထဲ ရှိတာ ဖွင့်ချလိုက်ရင် ဒီနှစ်ဟာ နှလုံးသားရေးမှာ အတော်လေး စိတ်ချမ်းသာရပါလိမ့်မယ်။ သိဟ်ရာသီဖွားတွေအတွက် မိဿ၊ ဓနု၊ မေထုန်၊ တူတွေက သင့်လျော်ပြီး ဗြိစ္ဆာနဲ့ ပြိဿကိုတော့ ရှောင်သင့်ပါတယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်း မွေးဖွားသူများ) – ဒီနှစ်ဟာ အပျော်အပါးတွေ၊ ပွဲလန်းတွေ သိပ်များမယ့် နှစ်ဖြစ်လို့ အဲဒီအခမ်းအနား၊ ပွဲတွေမှာပဲ ကိုယ့်အတွက် သင့်လျော် အဆင်ပြေမယ့်သူနဲ့ ဖူးစာဆုံရတတ်ပါတယ်။ တစ်ကိုယ်ရေသမားတွေအဖို့ ဒီနှစ်မှာ ချစ်သူရည်းစား ရှာတွေ့နိုင်ပြီး RS ဘဝမျိုးလည်း ဖြစ်တည်လာတတ်ပါတယ်။ တူရာသီခွင်သမားတွေအတွက် ကုမ်နဲ့ မေထုန်က အသင့်တော်ဆုံး ဖြစ်ပြီး မကာရ၊ ပြိဿတွေနဲ့ဆိုရင်တော့ အဆင်မပြေ ဖြစ်တတ်ပါတယ်။

၂၀၂၀ မှာ ရာသီခွင်အားလုံး မေတ္တာရေးရာ စိတ်ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေ – ဧက

 

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)