၂၀၂၀ ပြည့်နှစ်အတွက် (၁၂) ရာသီဖွားဟောကိန်း

၂၀၂၀ ပြည့်နှစ်အတွက် ၁၂ ရာသီဖွားအဟောတွေကို ဗေဒင်သုတက တင်ပြရာမှာ အဓိကအကျဆုံးနဲ့ ထူးခြားမှု အရှိဆုံး အချက်တွေကို အပြုသဘောဆောင်တဲ့ ရှုထောင့်ကနေပဲ ရေးထားပါတယ်။ ရာသီဖွားအားလုံးအတွက် ထူးခြားကံကောင်းစေမယ့် လပိုင်းတွေကိုလည်း တင်ပြထားပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အတွင်း မွေးဖွားသူများ) – ၂၀၂၀ ထဲမှာ အလုပ်အကိုင်၊ စီးပွားရေးတွေ အခြေအနေ ကောင်းလာပါမယ်။ ဝန်ထမ်းဆို ရာထူးတိုး၊ နေရာပေးခံရတာ၊ အသိအမှတ် ပြုခံရတာတွေ ဖြစ်လာပါမယ်။ လုပ်ငန်းရှင်ဆို အခွင့်အလမ်းသစ်တွေ ရလာမယ်၊ အကြီးအကဲ၊ အုပ်ချုပ်သူတွေက အကူအညီ ပေးမယ်။ လုပ်ငန်းသစ်တွေ ချဲ့နိုင်မယ်။ ကံကောင်းမယ့် လတွေက ဧပြီ – စက်တင်ဘာ – ဒီဇင်ဘာလတွေပါပဲ။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အတွင်း မွေးဖွားသူများ) – ၂၀၂၀ ရဲ့ ကံကောင်းသူများ စာရင်းဝင်ထားတဲ့ ပြိဿဖွားတွေအတွက် ၂၀၂၀ ဟာ နေရာသစ်၊ လုပ်ငန်းသစ်တွေနဲ့ ပတ်သက်လာရပါလိမ့်မယ်။ ခရီးတွေ များပြီး ဟိုဒီသွားလာနဲ့ လှုပ်ရှားရပါမယ်။ ပညာရေးလိုက်စားသူတွေ အောင်မြင်လာဖို့ ရှိပါတယ်။ ပြည်ပနိုင်ငံရပ်ခြားနဲ့ ဆက်သွယ်မိပါလိမ့်မယ်။ ကံကောင်းမယ့် ကာလပိုင်းခြားတွေက ဇန်နဝါရီ – မေ – သြဂုတ်တွေပဲ ဖြစ်ပါတယ်။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အတွင်း မွေးဖွားသူများ) – ၂၀၂၀ မှာ မထင်မှတ်တဲ့ ကံကောင်းခြင်းတွေကို ရရှိလာပါမယ်။ ထီပေါက်၊ အမွေရ၊ လာဘ်ဝင် စတဲ့ ထူးခြားတွေ ရှိနေပါတယ်။ ကိုယ် မရရင်  အိမ်ထောင်ဖက်နဲ့ ပါတနာတွေက ကံကောင်းတတ်ပါတယ်။ ဝိတ်ချ ချင်နေတဲ့၊ ဒါမှမဟုတ် ကိုယ့်စတိုင်ဟောင်းကို ငြီးငွေ့လာနေတဲ့ မေထုန်ဖွားတွေ ၂၀၂၀ မှာ ဆန္ဒ ပြည့်ပါမယ်။ ဖေဖော်ဝါရီ – ဇွန် – နိုဝင်ဘာလတွေမှာ ကံပိုကောင်းပါလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်း မွေးဖွားသူများ) – ၂၀၂၀ မှာ အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ ထင်ရှားတဲ့ အဖြစ်အပျက်တွေ ပေါ်ပေါက်ပါလိမ့်မယ်။ များသောအားဖြင့် အောင်မြင် ပျော်ရွှင်တဲ့ အိမ်ထောင်ရေးမျိုး ဖြစ်ပါမယ်။ စပ်တူရှယ်ယာ၊ စုပေါင်းစပ်ပေါင်းအလုပ်တွေ အောင်မြင်ဖို့ ရှိပါတယ်။ FA တွေ စွံပြီး RS တွေ လက်ထပ်ရကိန်း ရှိပါတယ်။ ကံကောင်းမယ့်လတွေက ဧပြီ – ဇွန် – အောက်တိုဘာလတွေပါ။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အတွင်း မွေးဖွားသူများ) – ၂၀၂၀ မှာ လက်ရှိလုပ်ငန်းသာမကဘဲ လုပ်ငန်းသစ်တွေမှာပါ အောင်မြင်မှု ရပါမယ်။ ဝန်ထမ်းဆို မျှော်မှန်းရာကို တက်လှမ်းနိုင်မယ်။ မထင်မှတ်ထားတဲ့ ကံကောင်းမှုတွေ ကြုံရမယ်။ အရင်နှစ်တွေကထက် ကျန်းကျန်းမာမာ ပိုဖြစ်လာမယ်။ မိသားစုနဲ့ လုပ်ငန်းခွင်မှာ ပိုပြီး နွေးထွေးမှုကို ရလာပါမယ်။ မတ် – မေ – သြဂုတ်လတွေမှာ ကံပိုကောင်းလာဖို့ ရှိပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်း မွေးဖွားသူများ) – ငယ်ရွယ်သူတွေအဖို့ ၂၀၂၀ နှစ်ဟာ နှလုံးသားရေး ကံပွင့်မယ့်နှစ်ပါ။ ပွဲလမ်းအခမ်းအနားတွေနဲ့ ပြည့်နှက်နေပါမယ်။ အလုပ်လုပ်နေသူတွေဆိုရင် အရည်အချင်းတွေ ပိုကောင်းလာဖို့ ရှိပါတယ်။ ကံကောင်းသူများထိပ်တန်းစာရင်းဝင် ဖြစ်လို့ ကံစမ်း၊ စွန့်စားရတဲ့ အလုပ်တွေမှာ ပွပေါက်တိုးတတ်ပါတယ်။ ကံကောင်းမယ့်လတွေက မတ် – စက်တင်ဘာ – ဒီဇင်ဘာလတွေပါပဲ။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်း မွေးဖွားသူများ) – အလုပ်နဲ့ မိသားစုဘဝတွေမှာ မမျှမတ ဖြစ်ခဲ့ရသူတွေ ဒီနှစ် ၂၀၂၀ မှာ စိတ်ဆန္ဒ ပြည့်ဝပါလိမ့်မယ်။ အလုပ်ရော မိသားစုမှာပါ အောင်မြင်မှုနဲ့ စိတ်ချမ်းသာမှုကို ရရှိပါမယ်။ အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံထားသူတွေ ကံကောင်းဖို့ ရှိပါတယ်။ မိသားစုဝင်တွေရဲ့ သတင်းကောင်းတွေ၊ အကူအညီတွေ ကြားသိ ရရှိပါမယ်။ ဇန်နဝါရီ – ဧပြီ  – အောက်တိုဘာမှာ ကံကောင်းမယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်း မွေးဖွားသူများ) – ၂၀၂၀ ထဲမှာ ကိုယ့်ကို အကျိုးပြု၊ စီးပွားဖြစ်စေမယ့် မိတ်ဖက်ပါတနာတွေ ရရှိလာပါမယ်။ လူများများနဲ့ ထိတွေ့ ဆက်ဆံရင်း အဆက်အသွယ်သစ်၊ လမ်းကြောင်းသစ်တွေ မြင်တွေ့ရပါမယ်။ အိုင်ဒီယာသစ်တွေလည်း ရလာဦးမှာပါ။ ပညာရေးဘက်က လူဆိုရင် အဆင့်မြင့်အထိ ရောက်လာပါမယ်။ ကံကောင်းစေမယ့် လတွေက မေ – ဇူလိုင် – နိုဝင်ဘာတွေ ဖြစ်ပါတယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်း မွေးဖွားသူများ) – ဝင်ငွေလမ်းဖြောင့်မယ့်အပြင် ထီဆုနဲ့ ကံကောင်းမှုမျိုးစုံကို ၂၀၂၀ ထဲမှာ မျှော်လင့်နိုင်ပါလိမ့်မယ်။ ဝန်ထမ်းဆို လစာတိုးပြီး လုပ်ငန်းရှင်ဆို အမြတ်နဲ့ ရပေါက်ရလမ်းသစ်တွေ ကောင်းလာမယ့်နှစ်ပါ။ ရင်းနှီးမြှုပ်နှံထားတာတွေလည်း အကျိုးအမြတ် ပြန်ပေါ်လာဖို့ ရှိပါတယ်။ ကံအထူးကောင်းမယ့် ကာလတွေက ဧပြီ – ဇူလိုင် – နိုဝင်ဘာတွေပဲ ဖြစ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်း မွေးဖွားသူများ) – ကံကောင်းသူတွေ စာရင်းဝင် ဖြစ်တဲ့ သူမို့ ၂၀၂၀ မှာ ဘက်စုံ အဆင်ပြေဖို့ ရှိပါတယ်။ နေရာသစ်၊ အခွင့်အရေးသစ်တွေ၊ ပတ်ဝန်းကျင်သစ်တွေလည်း ပေါ်ပေါက်လာပြီး အကြံအစည် ရည်ရည်ချက်တွေကို အကောင်အထည် ဖော်နိုင်ပါလိမ့်မယ်။ ဖြည်းဖြည်းမှန်မှန် နဲ့ ခိုင်မာတဲ့ တက်လမ်းကို တွေ့ပါမယ်။ ဇန်နဝါရီ – မေ – စက်တင်ဘာလတွေမှာ ကံပိုကောင်းတတ်ပါတယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်း မွေးဖွားသူများ) – ၂၀၂၀ မှာ ရုပ်ပိုင်းဆိုင်ရာ အကောင်း အဆိုး သိပ်မသိသာဘဲ နာမ်ပိုင်း (စိတ်ပိုင်း) အပြောင်းအလဲတွေ ဖြစ်လာပါလိမ့်မယ်။ လူမှုရေးလုပ်ငန်းတွေရော အလှူအတန်းရေးတွေမှာပါ တက်တက်ကြွကြွ ပါဝင်လာတတ်ပါတယ်။ ဘဝအတွေးအမြင် ခံယူချက်၊ ဘာသာ သာသနာ အယူအဆတွေ ပြောင်းလဲသွားတတ်ပါတယ်။ ဖေဖော်ဝါရီ – ဇွန် – အောက်တိုဘာမှာ ထူးခြားပါမယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်း မွေးဖွားသူများ) – အပေါင်းသင်းမိတ်ဆွေတွေရဲ့ ကူညီမှုတွေ အထောက်အပံ့တွေကို ရရှိပါမယ်။ လုပ်တဲ့ အလုပ်တိုင်းမှာလည်း အကျိုးအမြတ်တွေ ရလွယ်နေပါမယ်။ စိတ်ကူး အိပ်မက်တွေ ပုံဖော်နိုင်ပါလိမ့်မယ်။ လုပ်ချင်တာလေးတွေကို လုပ်ပြနိုင်ပါတော့မယ်။ အသိနဲ့ အဆက်အသွယ် အသစ်တွေ ပိုရလာဖို့ ရှိပါတယ်။ ကံကောင်းမယ့်လတွေက မတ် – ဇူလိုင် – နိုဝင်ဘာလတွေပဲ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ရာသီဖွားအားလုံး ကံကောင်းပျော်ရွှင်မှုတွေကို ရရှိခံစားနိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)