၂၀၂၂ ရာသီခွင်ဗေဒင်ဟောစာတမ်း
မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉) – ငွေရေးကြေးရေးကဏ္ဍမှာ ထင်ရှားတဲ့ အတက်အကျ၊ အနိမ့်အမြင့်တွေ ဖြစ်ပေါ်လာမယ်။ ဝေါခနဲ ဝင်ပြီးမှ လှစ်ခနဲ ပြန်ပျောက်တာမျိုး ကြုံတတ်တယ်။ ငွေပေးငွေယူ၊ အချေးအငှားတွေ ကျပ်ကျပ် သတိထား။ မေလနဲ့ အောက်တိုဘာကြားမှာ ကံကောင်းမှုအမျိုးမျိုး ဖြစ်လာနိုင်တယ်။ ဘဝပုံစံအသစ် အခြေအနေအသစ်တွေ ဖြစ်တည်လာလိမ့်မယ်။ အင်တိုက်အားတိုက် ကြိုးစားလေအောင်မြင်လေ ဖြစ်လာမယ်။
ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀) – လွတ်လပ်မှုကို ခါတိုင်းထက် ခုံမင်လာမယ်။ ကိုယ့်ကိုကိုယ်လည်း အသစ် ပြန်စတာ၊ ပြုပြင်ပြောင်းလဲတာတွေ လုပ်ဖြစ်မယ်။ အတွေးအမြင်သစ်တွေ ရမယ်။ တသက်လုံး ကျင့်သုံးလာတဲ့ အစဉ်အလာတွေကို ချိုးဖောက်ပစ်မယ်။ ပတ်ဝန်းကျင်သစ်နဲ့ ထိတွေ့ဆက်ဆံရမယ်။ ချစ်သူ၊ အိမ်ထောင်ရှင်စုံတွဲ စတာတွေကြားမှာ ပြဿနာအနည်းနဲ့အများ ပေါ်ပေါက်လာမယ်။ အချစ်သစ်၊ လက်တွဲဖော်သစ် ရတတ်တယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀) – လုပ်ငန်းသစ်နယ်ပယ်သစ်တွေ ပေါ်လာမယ်။ အခွင့်အရေးအသစ်တွေပါ ရရှိလိမ့်မယ်။ အခွင့်အရေးနဲ့အတူ တာဝန်တွေပါ ယှဉ်တွဲလာမယ်။ ဘဝအခြေအနေအဆင့်အတန်း မြင့်မားမယ်။ အလုပ်အကိုင်၊ ဝင်ငွေလမ်းကြောင်း ကောင်းလာသလို ကုန်ကျစရာယိုပေါက်တွေလည်း ပိုများလာမယ်။ သြဂုတ် နဲ့ အောက်တိုဘာကြားမှာ ဘာလုပ်လုပ် သတိထားရမယ်။ နောက်ဆုတ်သင့်တာ နောက်ဆုတ်ပြီး ထိန်းရမယ်။
ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂) – မိတ်သစ်ဆွေသစ်၊ ပတ်ဝန်းကျင်သစ်ကို ရောက်မယ်။ လုပ်ဖူးနေကျ မဟုတ်တာတွေ အသစ်အဆန်းတွေ စတင်ခွင့် ရမယ်။ ဘာလာလာ ရင်ဆိုင်မယ်ဆိုတဲ့ စိတ်ဓာတ်သာ မွေးမြူပါ။ မမျှော်လင့်တဲ့ရှုထောင့်ကနေ အကူအညီတွေ ရလာလိမ့်မယ်။ စိတ်ကူးအကြံအစည်သစ်တွေလည်း ရလာမယ်။ အလုပ်ကောင်းပေမယ့် ဝင်ငွေပိုင်းမှာ မကျေနပ်စရာလေးတွေ ရှိမယ်။ ငွေထည့်တာ၊ ရင်းနှီးတာတွေ သတိပြုပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂) – ဒီနှစ်မှာ မေတ္တာရေးကဏ္ဍ ကံဇာတာ အားနည်းမယ်။ နှစ်ဦးကြားမှာ နားလည်မှု တည်ဆောက်ရ ခက်လိမ့်မယ်။ မပြီးနိုင်မစီးနိုင်တဲ့ပြဿနာတွေထဲ တဝဲလည်လည် ဖြစ်နေလိမ့်မယ်။ လုပ်ငန်းပြောင်း၊ နေရာပြောင်းတွေ ပေါ်ပေါက်လာနိုင်တယ်။ မလုပ်ဖူးတာတွေ လုပ်ရတတ်ပြီး မရောက်ဖူးတာပါ ရောက်ရလိမ့်မယ်။ အဆင့်မြင့်ပညာရေးနဲ့ နိုင်ငံရပ်ခြားကိစ္စတွေတော့ ကံကောင်းမယ်။ ကြိုးစားအောင်မြင်မယ်။
ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂) – လုပ်နေကျ သမာရိုးကျကိစ္စတွေ၊ လုပ်ငန်းဆောင်တာတွေမှာ ညှိနှိုင်းရပြင်ဆင်ရတာတွေ ရှိလာမယ်။ အလျှော့အတင်း မလုပ်ရင် ကိုယ်ပဲ ခံစားရလိမ့်မယ်။ ဒီနှစ် မေတ္တာရေးမှာ ကံတွေ စွတ်ကောင်းလာတတ်တယ်။ လူပျိုလူလွတ်တွေ အိမ်ထောင်ကျကိန်း ရှိလာနိုင်တယ်။ စန်းပွင့်တာမျိုးနဲ့ စိတ်ကျေနပ်ရတာမျိုးတွေ ဖြစ်မယ်။ မေလနဲ့ ဇွန်လတွေမှာ လုပ်ငန်းစီးပွား ကသောင်းကနင်း ဖြစ်တတ်တယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂) – ယေဘုယျအားဖြင့် ကံကောင်းမယ့်နှစ်မျိုး ဖြစ်နေတယ်။ တခြားသူတွေ၊ ပြင်ပကိစ္စတွေထက် ကိုယ့်ဘဝ၊ ကိုယ့်ရည်မှန်းချက်အပေါ် အလေးထားအာရုံစိုက်ရမယ်။ ဒီနှစ် အလုပ်အကြံအစည်၊ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ ချောမွေ့ဖြောင့်ဖြူးတာ များမယ်။ အခက်အခဲ ရှိရင်တောင် အသာလေး ဖြတ်ကျော်နိုင်မယ်။ ၉လပိုင်း၊ ၁၀လပိုင်းတွေမှာတော့ လုပ်ကိုင်ကြံစည်မှုတွေ လွဲချော်တတ်တယ်။
ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁) – ဒီနှစ်မှာ လူမှုရေး၊ အိမ်ထောင်ရေး၊ အချစ်ရေးကဏ္ဍတွေ အပြောင်းအလဲ ဖြစ်လာနိုင်တယ်။ လူလွတ်တွေ အိမ်ထောင်ကျတတ်သလို အိမ်ထောင်ရှင်တွေကတော့ ပဋိပက္ခ ပြဿနာတွေ ပေါ်ပေါက်လာတတ်တယ်။ အရှုပ်အရှင်းတွေလည်း ဖြစ်ပေါ်လာမယ်။ ဖြစ်လာသမျှအခြေအနေကို လက်သင့်ခံလိုက်တာ ကောင်းမယ်။ မဟုတ်ရင် အရမ်းခံစားရလိမ့်မယ်။ မိသားစုအတွက် တာဝန်ကြီးလာမယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁) – မိသားစုအိမ်တွင်းရေးမှာ ပျော်ရွှင်ချမ်းမြေ့စရာတွေ ဖြစ်လာမယ်။ အိုးအိမ်နေရာကောင်း၊ ဌာနကောင်း ရရှိတတ်တယ်။ အိမ်ပြင်အိမ်ဆောက်လိုသူတွေ လိုအင်ဆန္ဒ ပြည့်ဝလာပြီး အလုပ်အကိုင်၊စီးပွားကံလည်း ကောင်းလာနိုင်တယ်။ ဒါပေမဲ့ ကျန်းမာရေးတော့ ဂရုစိုက်ရမယ်။ အတိုက်အခိုက် များတတ်တယ်။ နှစ်ကုန်ပိုင်းမှာ အိမ်ထောင်ရေး၊ လူမှုရေး စိတ်ညစ်စရာ များမယ်။ သည်းခံပေးဖို့ လိုအပ်မယ်။
မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉) – အပျော်အပါး၊ လောင်းကစားကိစ္စတွေ ကျပ်ကျပ် ရှောင်ရမယ့် နှစ်ဖြစ်တယ်။ လူငယ်တွေ ရည်းစားပူမိတတ်တယ်။ လုပ်ငန်းစီးပွားပိုင်းမှာ ငွေကျပ်တာ၊ ထိန်းသုံးရတာ ဖြစ်မယ်။ ငွေအပေးအယူ သတိပြုရမယ်။ အတတ်ပညာ၊ နည်းပညာအသစ်တွေ လေ့လာလို့ ကောင်းတဲ့နှစ်မျိုး ဖြစ်တယ်။ ခရီးကောင်းတွေ သွားရတတ်ပြီး အဆက်အသွယ်ကောင်း ရမယ်။ ၄ လပိုင်းကျော်ရင် အလုပ်ကံကောင်းမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈) – အရင်ကထက် အလုပ်တွေ၊ တာဝန်တွေ ဖိစီးများပြားလာမယ်။ နေရထိုင်ရ စိတ်ကျဉ်းကျပ်စရာ လူပင်ပန်းစရာတွေ များမယ်။ ဒါပေမဲ့ ငွေကြေးကံကောင်းပြီး ငွေဝင်လမ်းသစ်မျိုး ပေါ်လာမယ်။ ကံထူးမယ်။ အလုပ်၊ အိုးအိမ်နေရာ ပြောင်းလဲရတတ်တယ်။ ၁ လပိုင်း၊ ၂ လပိုင်းမှာ စိတ်ရှုပ်စရာ ခေါင်းနောက်စရာ များလိမ့်မယ်။ ဟိုအရင်နှစ်တွေနဲ့မတူဘဲ အရာရာ ရင့်ကျက်ပြောင်းလဲ တည်ငြိမ်လာလိမ့်မယ်။
မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀) – ဒီနှစ်ရဲ့ကံအကောင်းဆုံးစာရင်းမှာ ပါဝင်သူတွေဖြစ်လို့ ခြုံပြောရရင် အစစအရာရာ သာယာဖြောင့်ဖြူးဖို့ များတယ်။ အကောင်းမြင်စိတ်၊ ရွှင်ပြတဲ့စိတ်တွေနဲ့သာ ရင်ဆိုင်ပါ။ အရာရာ လွယ်ကူချောမွေ့ပါမယ်။ ၄လပိုင်း၊ ၅လပိုင်းမှာ ကံပိုကောင်းတတ်ပြီး အဲဒီနောက်မှာလည်း ဝင်ငွေတိုးလာမယ်။ မေတ္တာရေးကဏ္ဍမှာ စိတ်ချမ်းသာစရာတွေများမယ်။ ဒီနှစ်မှာ ဝင်ငွေရလမ်း တိုးတက်မယ့်အခွင့်အရေးပေါ်မယ်။
၁၂ ရာသီဖွားအားလုံး ဘေးကင်းကျန်းမာ အောင်မြင်နိုင်ကြပါစေ – ဧက (ဗေဒင်သုတ)