၂၀၂၂ ခုနှစ်အတွက် တရုတ်ရိုးရာရာသီ (၁၂) ပါး ဗေဒင်ဟောကိန်း

တရုတ်ရိုးရာဗေဒင်ပညာအရ ၂၀၂၂-ခုနှစ်သည် ရေကျား(Water Tiger) နှစ် ဖြစ်သည်။ ကမ္ဘာတဝန်း ကြီးမားသော ပြိုင်ဆိုင်မှုများ ပြင်းထန်လာမည့် အနေအထားဖြစ်သည်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ခိုင်မာသူများ အောင်မြင်မှု ရရှိလာမည့်နှစ်ဖြစ်သည်။ အပြောင်းအလဲနှင့်တိုးတက်မှုကို ဖန်တီးလိုသူများအတွက် ကောင်းမွန်သော အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာမည်။ ကမ္ဘာလုပ်ငန်းစီးပွား လည်ပတ်မှုလည်း မြင့်မားလာမည်။

*ကြွက်နှစ်ဖွားများအတွက်ကံဇာတာ*

1912 ၊ 1924 ၊ 1936 ၊ 1948 ၊ 1960 ၊ 1972 ၊ 1984 ၊ 1996 ၊ 2008 ၊ 2020 ခုနှစ်များတွင် မွေးဖွားသူများသည် ကြွက်နှစ်ဖွားများ ဖြစ်သည်။ (ဇန်နဝါရီလ နောက်ဆုံးပတ်နှင့် ဖေဖော်ဝါရီလ ပထမပတ်အတွင်းမွေးသူများသည် တရုတ်ပြက္ခဒိန်အရ နှစ်ဖွားပြောင်းလဲနိုင်ပါသည်။)

ကံကောင်းမွန်သောနှစ်ဖြစ်သည်။ အလုပ်ကိစ္စ များပြားလာတတ်သောနှစ်ဖြစ်သည်။ လုပ်ငန်းနှင့်ပက်သက်ပြီး ကြိုးစားမှု အသီးအပွင့်များ ခံစားရမည်။ အထက်လူကြီး မစမှုကြုံမည်။ မိမိ၏မာနကြီးခြင်း၊ အတ္တကြီးခြင်းကြောင့် ကံအားနည်းတတ်သည်။ လုပ်ငန်းအပြောင်းအလဲ ကိစ္စများ စွန့်စားရန် သင့်မြတ်သည်။ စပ်တူရှယ်ယာ လုပ်ငန်း လုပ်လိုပါက ကျားနှစ်၊ မြွေနှစ်၊ မြင်းနှစ်ဖွားများနှင့် ပူးတွဲ လုပ်ဆောင်နိုင်သည်။

*နွားနှစ်ဖွားများအတွက်ကံဇာတာ*

1913 ၊ 1925 ၊ 1937 ၊ 1949 ၊ 1961 ၊ 1973 ၊ 1985 ၊ 1997 ၊ 2009 ၊ 2021 ခုနှစ်များတွင်မွေးဖွား သူများသည် နွားနှစ်ဖွားများဖြစ်သည်။ (ဇန်နဝါရီလ နောက်ဆုံးပတ်နှင့် ဖေဖော်ဝါရီလ ပထမပတ်အတွင်း မွေးသူများသည် တရုတ်ပြက္ခဒိန်အရ နှစ်ဖွားပြောင်းလဲနိုင်ပါသည်။)

ကောင်းသောတိုးတက်မှုများ ရရှိမည့်နှစ်ဖြစ်သည်။ လုပ်ငန်းခွင်တွင်း ဖိအားများ ပြေပျောက်သွားပါမည်။ လုပ်ငန်းနှင့် ပက်သက်သော အတတ်ပညာသစ် သင်ကြားရမည်။ လုပ်ငန်းပြောင်းရန် အချိန်အခါကောင်းသော နှစ်ဖြစ်သည်။ ရင်းနှီးမြုပ်နှံမှုများမှ အပိုဝင်ငွေရရှိပါမည်။ ငယ်ရွယ်သူများ မေတ္တာရေးကိစ္စ အားနည်းတတ်သည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

*ကျားနှစ်ဖွားများအတွက်ကံဇာတာ*

1914 ၊ 1926 ၊ 1938 ၊ 1950 ၊ 1962 ၊ 1974 ၊ 1986 ၊ 1998 ၊ 2010 ၊ 2022 ခုနှစ်များတွင်မွေးဖွား သူများသည် ကျားနှစ်ဖွားများဖြစ်သည်။ (ဇန်နဝါရီလ နောက်ဆုံးပတ်နှင့် ဖေဖော်ဝါရီလ ပထမပတ်အတွင်း မွေးသူများသည် တရုတ်ပြက္ခဒိန်အရ နှစ်ဖွားပြောင်းလဲနိုင်ပါသည်။)

မထင်မှတ်ထားသော အပြောင်းလဲကောင်းများ ပေါ်ထွန်းတတ်သောနှစ်ဖြစ်သည်။ လုပ်ငန်းကိစ္စများတွင် ငွေကြေးထက် အတတ်ပညာကိုဦးစားပေးသင့်သည်။ အနာဂတ်အတွက် မျိုးစေ့ချရန်ကောင်းသော ကာလဖြစ်သည်။ အလုပ်နှင့်ပက်သက်သောခရီးများသွားလာရမည်။ လုပ်ငန်းပြောင်းလဲရန် ကောင်းသော အချိန်ဖြစ်သည်။ ရာထူးလုပ်ငန်း တိုးတက်မှုကြုံမည်။လုပ်ငန်းစီးပွားတွင် အပြိုင်အဆိုင်များကြုံမည်။ ငွေပုံမှန်လည်ပတ်မှုရှိမည်။

*ယုန်နှစ်ဖွားများကံဇာတာ*

1915 ၊ 1927 ၊ 1939 ၊ 1951 ၊ 1963 ၊ 1975 ၊ 1987 ၊ 1999 ၊ 2011 ခုနှစ်များတွင်မွေးဖွား သူများသည် ယုန်နှစ်ဖွားများဖြစ်သည်။ (ဇန်နဝါရီလ နောက်ဆုံးပတ်နှင့် ဖေဖော်ဝါရီလ ပထမပတ်အတွင်းမွေးသူများသည် တရုတ်ပြက္ခဒိန်အရ နှစ်ဖွားပြောင်းလဲနိုင်ပါသည်။)

အကောင်းအဆိုး ရောထွေးတတ်သောနှစ်ဖြစ်သည်။ လုပ်ငန်းရာထူးအပေါ် စိတ်အာရုံစူးစိုက်မရဖြစ်တတ်သည်။ လုပ်ငန်းကိစ္စများအတွက် တိုင်ပင်ဖော်ကောင်းလိုအပ်သောနှစ်ဖြစ်သည်။ လုပ်ငန်းတိုးတက်လိုပါက ပြောင်းလဲရန် ဝန်မလေးသင့်ပါချေ။ အိမ်၊ခြံ၊မြေနှင့်ပက်သက်သော လုပ်ငန်းကိစ္စများမှ ငွေဝင်လမ်းကြောင်းသစ် ပေါ်ပေါက်မည်။ တစ်ဦးတည်းလုပ်ဆောင်ခြင်းထက် စပ်တူရှယ်ယာဘက်ကို ဦးစားပေးလုပ်ကိုင်ပါ။ ငွေပြန်ဖော်ရခက်တတ်သည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

*နဂါးနှစ်ဖွားများအတွက်ကံဇာတာ*

1916 ၊ 1928 ၊ 1940 ၊ 1952 ၊ 1964 ၊ 1976 ၊ 1988 ၊ 2000 ၊ 2012 တွင်မွေးဖွား သူများသည် နဂါးနှစ်ဖွားများဖြစ်သည်။ (ဇန်နဝါရီလ နောက်ဆုံးပတ်နှင့် ဖေဖော်ဝါရီလ ပထမပတ်အတွင်းမွေးသူများသည် တရုတ်ပြက္ခဒိန်အရ နှစ်ဖွားပြောင်းလဲနိုင်ပါသည်။)

ဆုံးရှူံးထားသော ငွေများ ပြန်လည်ရရှိမည်။ လုပ်ငန်းခွင်တွင်း အထက်လူကြီးနှင့်ပက်သက်သော စေ့စပ်ညှိနှိုင်းမှုများ အဆင်ပြေမည်။ အထက်လူကြီးများနှင့် နီးနီးစပ်စပ် လုပ်ဆောင်ရတတ်သော အသက်ပိုင်းများ ဖြစ်သည်။ လုပ်ငန်းအတွက် အခွင့်အလမ်းကောင်းသစ်များပေါ်ပေါက်လာမည်။ လုပ်ငန်းရာထူး ကောင်းသောအပြောင်းအလဲ ပေါ်ပေါက်မည်။ လုပ်ငန်းတွင် ဘောနပ်စ်ရခြင်း အပိုဝင်ငွေ ရရှိခြင်းများ ကြုံမည်။ ရစရာရှိသော ငွေကြေးများ ပြန်လည်ရရှိမည်။

*မြွေနှစ်ဖွားများအတွက်ကံဇာတာ*

1917 ၊ 1929 ၊ 1941 ၊ 1953 ၊ 1965 ၊ 1977 ၊ 1989 ၊ 2001 ၊ 2013 ခုနှစ်များ သူများသည် မြွေနှစ်ဖွားများဖြစ်သည်။ (ဇန်နဝါရီလ နောက်ဆုံးပတ်နှင့် ဖေဖော်ဝါရီလ ပထမပတ်အတွင်းမွေးသူများသည် တရုတ်ပြက္ခဒိန်အရ နှစ်ဖွားပြောင်းလဲနိုင်ပါသည်။)

အခက်အခဲများတတ်သောနှစ်ဖြစ်သည်။ လုပ်ငန်းသစ်များစတင်ရမည်။ အလုပ်နှင့်ပက်သက်သော ခရီးများ သွားလာရမည်။ လုပ်ငန်းကိစ္စအတွက်အချိန်ပေးရန် စိတ်ရှည်ဇွဲရှိရန် လိုအပ်ပါမည်။ လုပ်ငန်းနှင့်ပက်သက်သော စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်။ လုပ်ငန်းအပြောင်းအလဲပြုရန်မသင့် သေးသောနှစ် ဖြစ်သည်။ ငွေကြေးကိစ္စအတွက် ပူပန်စရာအချို့ ရှိလာတတ်သည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

china zod 182

*မြင်းနှစ်ဖွားများအတွက်ကံဇာတာ*

1918 ၊ 1930 ၊ 1942 ၊ 1954 ၊ 1966 ၊ 1978 ၊ 1990 ၊ 2002 ၊ 2014 ခုနှစ်များ သူများသည် မြင်းနှစ်ဖွားများ ဖြစ်သည်။ (ဇန်နဝါရီလ နောက်ဆုံးပတ်နှင့် ဖေဖော်ဝါရီလ ပထမပတ်အတွင်းမွေးသူများသည် တရုတ်ပြက္ခဒိန်အရ နှစ်ဖွားပြောင်းလဲနိုင်ပါသည်။)

ပြဿနာအခက်ခဲများ ပြေပျောက်သွားပြီး ဘေးရန်ကင်းသောနှစ်ဖြစ်သည်။ အလုပ်နှင့်ပက်သက်သော အခက်အခဲများအတွက် ကောင်းသောအကူအညီထောက်ပံ့မှုရမည်။ လုပ်ငန်းကိစ္စများတွက် မိမိကိုယ်တိုင်လည်း မိတ်ဆွေသူငယ်ချင်းများအား ကောင်းသောကူညီထောက်ပံ့မှု ပေးနိုင်မည်။ ရာထူးသစ်ရခြင်း အလုပ်သစ် ရခြင်းကြုံမည်။ ငွေကြေးကိစ္စများတွင် နှောင့်နှေးကြန့်ကြာမှုအနည်းငယ်ရှိသော်လည်း စိတ်ပူစရာမရှိပါချေ။

*ဆိတ်နှစ်ဖွားများအတွက်ကံဇာတာ*

1919 ၊ 1931 ၊ 1943 ၊ 1955 ၊ 1967 ၊ 1979 ၊ 1991 ၊ 2003 ၊ 2015 ခုနှစ်များ သူများသည် ဆိတ်နှစ်ဖွားများ ဖြစ်သည်။ (ဇန်နဝါရီလ နောက်ဆုံးပတ်နှင့် ဖေဖော်ဝါရီလ ပထမပတ်အတွင်းမွေးသူများသည် တရုတ်ပြက္ခဒိန်အရ နှစ်ဖွားပြောင်းလဲနိုင်ပါသည်။)

အခက်ခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်မည်။ အလုပ်ကိစ္စများပေါ် ယခင်နှစ်များထက် ယုံကြည်မှု ခိုင်မာလာမည်။ အလုပ်နှင့်ပက်သက်သော ပညာသစ်အတွေ့အကြုံသစ်များရမည်။ ဖိအားများအောက်မှ ရုန်းထွက်နိုင်မည်။ လုပ်ငန်းခွင်တွင် အထက်လူကြီး၏ မျက်နှာသာပေးမှုခံရမည်။ အလုပ်သစ်စတင်ခြင်း ရာထူးတိုးလျောက်ခြင်းများ ကောင်းသောနှစ်ဖြစ်သည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

china zod 181

*မျောက်နှစ်ဖွားများအတွက်ကံဇာတာ*

1920 ၊ 1932 ၊ 1944 ၊ 1956 ၊ 1968 ၊ 1980 ၊ 1992 ၊ 2004 ၊ 2016 ခုနှစ်များ သူများသည် မျောက်နှစ်ဖွားများ ဖြစ်သည်။ (ဇန်နဝါရီလ နောက်ဆုံးပတ်နှင့် ဖေဖော်ဝါရီလ ပထမပတ်အတွင်းမွေးသူများသည် တရုတ်ပြက္ခဒိန်အရ နှစ်ဖွားပြောင်းလဲနိုင်ပါသည်။)

ထူးခြားသော အပြောင်းအလဲမရှိပါ။ လုပ်ငန်းနှင့်ပက်သက်သော စိန်ခေါ်မှုအသစ်များ တွေ့ကြုံရမည့်နှစ် ဖြစ်သည်။ ကိုယ်ပိုင်အစွမ်းအစကို အသုံးချပြီး အောင်မြင်မှုများကို ရယူနိုင်မည့်ကာလဖြစ်သည်။ လုပ်ငန်းခွင်၌ မနာလိုမှု၊ အတိုက်ခံအချို့ကြုံရတတ်သည်။ ငွေကြေး ကံကောင်းသောနှစ်ဖြစ်ပြီး အပိုဝင်ငွေ ရရှိတတ်သော နှစ်ဖြစ်သည်။ တစ်ပိုင်းတစ်စဖြစ်နေသောကိစ္စများ အပြီးသတ်ရခက်တတ်သည်။

*ကြက်နှစ်ဖွားများအတွက်ကံဇာတာ*

1921 ၊ 1933 ၊ 1945 ၊ 1957 ၊ 1969 ၊ 1981 ၊ 1993 ၊ 2005 ၊ 2017 ခုနှစ်များ သူများသည် ကြက်နှစ်ဖွားများ ဖြစ်သည်။ (ဇန်နဝါရီလ နောက်ဆုံးပတ်နှင့် ဖေဖော်ဝါရီလ ပထမပတ်အတွင်းမွေးသူများသည် တရုတ်ပြက္ခဒိန်အရ နှစ်ဖွားပြောင်းလဲနိုင်ပါသည်။)

ပျော်ရွှင်စရာကောင်းသောနှစ်ဖြစ်သည်။ အလုပ်အသက်မွေးဝမ်းကြောင်းနှင့်ပက်သက်ပြီး ဖိအားများတတ်သော နှစ်ဖြစ်သည်။ အခက်ခဲမည်မျှရှိစေ အကူညီကောင်းရပြီး အဆင်ပြေမည်။ မထင်မှတ်ထားသော လုပ်ငန်းအောင်မြင်မှုမျိုး ရရှိတတ်မည်။ အလုပ်သစ်ရလွယ်ခြင်း အလုပ်သစ်အကျိုးပေးခြင်းရှိမည်။ အထက်လူကြီး မစမည်။ ငွေကြေးဓနဥစ္စာ စုဆောင်းနိုင်မည့်နှစ် ဖြစ်သည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

china zod 182

*ခွေးနှစ်ဖွားများအတွက်ကံဇာတာ*

1922 ၊ 1934 ၊ 1946 ၊ 1958 ၊ 1970 ၊ 1982 ၊ 1994 ၊ 2006 ၊ 2018 ခုနှစ်များ သူများသည် ခွေးနှစ်ဖွားများ ဖြစ်သည်။ (ဇန်နဝါရီလ နောက်ဆုံးပတ်နှင့် ဖေဖော်ဝါရီလ ပထမပတ်အတွင်းမွေးသူများသည် တရုတ်ပြက္ခဒိန်အရ နှစ်ဖွားပြောင်းလဲနိုင်ပါသည်။)

လုပ်ငန်းစီးပွားကောင်းသောနှစ်ဖြစ်သည်။အသက်မွေးဝမ်းကြောင်းအသစ်တစ်ခုစတင်ရန် ကောင်းသောနှစ် ဖြစ်သည်။ လုပ်ငန်းကိစ္စများအတွက် ကျောထောက်နောက်ခံကောင်း ရရှိတတ်သောနှစ်ဖြစ်သည်။ အခွင့်လမ်းကောင်းများ ပေးအပ်လာသည်ကို လက်တွေ့ကျကျ စနစ်တကျ အသုံးချရန်လိုသည်။ အလုပ်ပေါ် စိတ်အာရုံစူးစိုက်မှုကြောင့် ကောင်းကျိုးပေါ်ပေါက်မည်။ ငွေကြေးကံကောင်းသော်လည်း မစုမိတတ်ခြင်း အကုန်ကျများတတ်ခြင်း ရှိတတ်သောနှစ်ဖြစ်သည်။

*ဝက်နှစ်ဖွားများအတွက်ကံဇာတာ*

1923 ၊ 1935 ၊ 1947 ၊ 1959 ၊ 1971 ၊ 1983 ၊ 1995 ၊ 2007 ၊ 2019 ခုနှစ်များ သူများသည် ဝက်နှစ်ဖွားများဖြစ်သည်။ (ဇန်နဝါရီလ နောက်ဆုံးပတ်နှင့် ဖေဖော်ဝါရီလ ပထမပတ်အတွင်းမွေးသူများသည် တရုတ်ပြက္ခဒိန်အရ နှစ်ဖွားပြောင်းလဲနိုင်ပါသည်။)

ဂုဏ်ထူး ဆုလာဘ်ရရှိတတ်သောနှစ်ဖြစ်သည်။လုပ်ငန်းတိုးချဲ့ခြင်း စွန့်စားခြင်းအတွက် ကိုယ်တိုင် လုပ်ဆောင်ရန် မသင့်သောနှစ်ဖြစ်သည်။ မြင်းနှစ်ဖွားများနှင့် တိုင်ပင်ညှိနှိုင်းခြင်းဖြင့် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ ရရှိမည်။ လုပ်ငန်းပြောင်းလဲရန် စဉ်းစားရန် လိုသည်။ လက်ရှိအနေအထားတိုင်း ဆက်လက် လုပ်ကိုင်ခြင်းက ပိုမိုသင့်မြတ်သောနှစ်ဖြစ်သည်။ ငွေဝင်သော်လည်း ငွေစုဆောင်းရခက်တတ်သော နှစ်ကာလမျိုး ဖြစ်သည်။ တစ်စုံတစ်ခုပေါ် စူးစိုက်လွန်းခြင်း မျှော်လင့်လွန်းခြင်းကို တတ်အားသရွေ့ ရှောင်သင့်သောနှစ်ဖြစ်သည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့်ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)